စတီဗင်ဂျရတ်က သူ့ရဲ့ဘဝမှာ ရက်စက်လှတဲ့ နိမ့်ကျခြင်းတွေက ပိုကောင်းတဲ့သူ ဖြစ်လာဖို့ တွန်းအားတွေ ဖြစ်လာစေတယ်လို့ ထုတ်ပြောလိုက်ပါတယ်။

စတီဗင်ဟာ လီဗာပူးအသင်းနဲ့အတူ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို အနိုင်ရခဲ့သူဖြစ်ပြီး ၂၀၀၅ ခုနှစ် အေစီမီလန်ကို အနိုင်ယူအပြီးမှာ ကမ္ဘာပေါ်က ဘောလုံးသမားတိုင်းရဲ့ စံပြဖြစ်ခဲ့တယ်။ သူဟာ ကစားသမားဘဝ တစ်ခုလုံးကို လီဗာပူးအတွက် ပေးဆပ်ခဲ့ပြီး ကစားသမား နှောင်းပိုင်းမှာတော့ ကလပ်ရဲ့ မျှော်လင့်ချက်ဖြစ်တဲ့ ပရီးမီးယားလိဂ်ဖလားကို ရယူပေးဖို့ နီးစပ်ခဲ့တယ်။

ချယ်ဆီးနဲ့ပွဲက အမှတ်မထင် ခြေချော်မှုဟာ လီဗာပူးရဲ့ ပရီးမီးယားလိဂ်ဖလားကို ယိုင်နဲ့စေခဲ့ကာ စတီဗင်ဟာ ပြိုင်ဘက်တွေရဲ့ လှောင်ပြောင်မှုတွေကို ခါးစည်းခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဒီဖြစ်ရပ်က စတီဗင်ကို အနာဂတ်မှာ ပိုအောင်မြင်စေဖို့ တွန်းအားလည်း ဖြစ်လာစေမှာပါ။

ဂျရတ်က “ တကယ်ကို ကြမ်းတမ်း ရက်စက်လှတဲ့ ကိစ္စဖြစ်ခဲ့တယ်။ ၂၀၁၄ ခုနှစ်က ချယ်ဆီးနဲ့ အပိုင်းဟာ ငါ့ဘဝရဲ့ အနိမ့်ကျဆုံးပါပဲ။ ဒီကနေ့ထိတောင် နာကျင်ခံစားနေရတယ်။ အဲ့တာကပဲ ငါ့ကို စိတ်ဓါတ်ကြံ့ခိုင်မှုလို တစ်ခုခုကို ပိုရလာစေဖို့ ပေးစွမ်းနိုင်ခဲ့သလားဆိုတာ မသိတော့ပါဘူး။

ငါ့ရဲ့ အတွေ့အကြုံအရ တခါတစ်လေမှာ ကျဆုံးမှုတွေက ကိုယ်ကို ပိုကောင်းတဲ့သူဖြစ်လာဖို့ အကူအညီဖြစ်စေပါတယ်။ အခုဆိုရင် ငါ့က ပိုပြီး မြင့်မားလိုတယ်၊ ငါ့အသင်းသားတွေ အမြင့်ကို ရောက်ဖို့ ပိုပြီး ကြိုးစားလိုတယ် ဘာလို့လည်းဆိုတော့ နိမ့်ကျမှုတွေကို ငါ သိလို့ပါပဲ။

တခါတစ်လေမှာ နိမ့်ကျခြင်းတွေ၊ ကံဆိုးခြင်းတွေနဲ့ စိတ်ပျက်ရခြင်းတွေက အထောက်အကူအဖြစ် သုံးလို့ရနိုင်ပါတယ်။ အရမ်း ကြီးကျယ်တဲ့ကိစ္စတွေ လုပ်ဆောင်ဖို့အတွက် မီးပွားလေး ဖြစ်လာနိုင်တယ်။ အခု ငါ့က ရိန်းဂျားအသင်းကို ကိုယ်စားပြုနေတယ်။ ပိုကောင်းတဲ့ အခွင့်အရေးတွေကို ရလာဖို့လည်း မြင်တယ်။ အဲ့တာတွေကို ငါအောင်မြင်လိုပါတယ် ” လို့ ဖွင့်ဟခဲ့တယ်။

စတီဗင်ဟာ လီဗာပူးအသင်းကို လူငယ်နည်းပြအဖြစ် ဝင်ရောက်လာပေမယ့် သက်သောင့်သက်သာ နေရမယ့် ဘဝကို စွန့်ကာ ၂၀၁၈ မှာတော့ ရိန်းဂျားအသင်းကို မန်နေဂျာအဖြစ် တာဝန်ယူခဲ့တယ်။ ဒီရာသီမှာတော့ ဆဲလ်တစ်ရဲ့ ဆယ်စုနှစ်ကြာ လှောင်ရိပ်ကို ထိုးဖောက်နိုင်တဲ့ ပထမဆုံး မန်နေဂျာဖြစ်လာဖို့ အခြေအနေ ကောင်းနေပြီဖြစ်ပါတယ်။

စတီဗင်ရဲ့ အနာဂတ် ပစ်မှတ်ဟာ လီဗာပူးအသင်းကို ကိုင်တွယ်ဖို့ဖြစ်ကာ မာဆေးဆိုဒ်သားကြီးကတော့ သူ့ရဲ့ ရည်မှန်းချက်တွေကို လီဗာပူးနဲ့အတူ ကြိုးစားနိုင်ဖို့ အန်ဖီးရဲ့ အဝေးမှာနေပြီး ကြိုးစားနေဆဲ ဖြစ်ပါတယ်။

ZAWGYI

စတီဗင္ဂ်ရတ္က သူ႔ရဲ႕ဘဝမွာ ရက္စက္လွတဲ့ နိမ့္က်ျခင္းေတြက ပိုေကာင္းတဲ့သူ ျဖစ္လာဖို႔ တြန္းအားေတြ ျဖစ္လာေစတယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။

စတီဗင္ဟာ လီဗာပူးအသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို အႏုိင္ရခဲ့သူျဖစ္ျပီး ၂၀၀၅ ခုႏွစ္ ေအစီမီလန္ကို အႏုိင္ယူအျပီးမွာ ကမၻာေပၚက ေဘာလံုးသမားတိုင္းရဲ႕ စံျပျဖစ္ခဲ့တယ္။ သူဟာ ကစားသမားဘဝ တစ္ခုလံုးကို လီဗာပူးအတြက္ ေပးဆပ္ခဲ့ျပီး ကစားသမား ေႏွာင္းပိုင္းမွာေတာ့ ကလပ္ရဲ႕ ေမွ်ာ္လင့္ခ်က္ျဖစ္တဲ့ ပရီးမီးယားလိဂ္ဖလားကို ရယူေပးဖို႔ နီးစပ္ခဲ့တယ္။

ခ်ယ္ဆီးနဲ႔ပြဲက အမွတ္မထင္ ေျခေခ်ာ္မႈဟာ လီဗာပူးရဲ႕ ပရီးမီးယားလိဂ္ဖလားကို ယိုင္နဲ႔ေစခဲ့ကာ စတီဗင္ဟာ ျပိဳင္ဘက္ေတြရဲ႕ ေလွာင္ေျပာင္မႈေတြကို ခါးစည္းခံခဲ့ရပါတယ္။ ဒါေပမယ့္လည္း ဒီျဖစ္ရပ္က စတီဗင္ကို အနာဂတ္မွာ ပိုေအာင္ျမင္ေစဖို႔ တြန္းအားလည္း ျဖစ္လာေစမွာပါ။

ဂ်ရတ္က “ တကယ္ကို ၾကမ္းတမ္း ရက္စက္လွတဲ့ ကိစၥျဖစ္ခဲ့တယ္။ ၂၀၁၄ ခုႏွစ္က ခ်ယ္ဆီးနဲ႔ အပိုင္းဟာ ငါ့ဘဝရဲ႕ အနိမ့္က်ဆံုးပါပဲ။ ဒီကေန႔ထိေတာင္ နာက်င္ခံစားေနရတယ္။ အဲ့တာကပဲ ငါ့ကို စိတ္ဓါတ္ၾကံ႕ခိုင္မႈလို တစ္ခုခုကို ပိုရလာေစဖို႔ ေပးစြမ္းႏုိင္ခဲ့သလားဆိုတာ မသိေတာ့ပါဘူး။

ငါ့ရဲ႕ အေတြ႔အၾကံဳအရ တခါတစ္ေလမွာ က်ဆံုးမႈေတြက ကိုယ္ကို ပိုေကာင္းတဲ့သူျဖစ္လာဖို႔ အကူအညီျဖစ္ေစပါတယ္။ အခုဆိုရင္ ငါ့က ပိုျပီး ျမင့္မားလိုတယ္၊ ငါ့အသင္းသားေတြ အျမင့္ကို ေရာက္ဖို႔ ပိုျပီး ၾကိဳးစားလိုတယ္ ဘာလို႔လည္းဆိုေတာ့ နိမ့္က်မႈေတြကို ငါ သိလို႔ပါပဲ။

တခါတစ္ေလမွာ နိမ့္က်ျခင္းေတြ၊ ကံဆိုးျခင္းေတြနဲ႔ စိတ္ပ်က္ရျခင္းေတြက အေထာက္အကူအျဖစ္ သံုးလို႔ရႏုိင္ပါတယ္။ အရမ္း ၾကီးက်ယ္တဲ့ကိစၥေတြ လုပ္ေဆာင္ဖို႔အတြက္ မီးပြားေလး ျဖစ္လာႏုိင္တယ္။ အခု ငါ့က ရိန္းဂ်ားအသင္းကို ကိုယ္စားျပဳေနတယ္။ ပိုေကာင္းတဲ့ အခြင့္အေရးေတြကို ရလာဖို႔လည္း ျမင္တယ္။ အဲ့တာေတြကို ငါေအာင္ျမင္လိုပါတယ္ ” လို႔ ဖြင့္ဟခဲ့တယ္။

စတီဗင္ဟာ လီဗာပူးအသင္းကို လူငယ္နည္းျပအျဖစ္ ဝင္ေရာက္လာေပမယ့္ သက္ေသာင့္သက္သာ ေနရမယ့္ ဘဝကို စြန္႔ကာ ၂၀၁၈ မွာေတာ့ ရိန္းဂ်ားအသင္းကို မန္ေနဂ်ာအျဖစ္ တာဝန္ယူခဲ့တယ္။ ဒီရာသီမွာေတာ့ ဆဲလ္တစ္ရဲ႕ ဆယ္စုႏွစ္ၾကာ ေလွာင္ရိပ္ကို ထိုးေဖာက္ႏုိင္တဲ့ ပထမဆံုး မန္ေနဂ်ာျဖစ္လာဖို႔ အေျခအေန ေကာင္းေနျပီျဖစ္ပါတယ္။

စတီဗင္ရဲ႕ အနာဂတ္ ပစ္မွတ္ဟာ လီဗာပူးအသင္းကို ကိုင္တြယ္ဖို႔ျဖစ္ကာ မာေဆးဆိုဒ္သားၾကီးကေတာ့ သူ႔ရဲ႕ ရည္မွန္းခ်က္ေတြကို လီဗာပူးနဲ႔အတူ ၾကိဳးစားႏုိင္ဖို႔ အန္ဖီးရဲ႕ အေဝးမွာေနျပီး ၾကိဳးစားေနဆဲ ျဖစ္ပါတယ္။