လီဗာပူးတိုက်စစ်သမား ဆာလက်ဟာ အဲဗာတန်ကို ၂-၂ နဲ့ သရေကျတဲ့ပွဲမှာ သူ့ရဲ့ လီဗာပူးကစားသမားဘဝ သွင်းဂိုး ၁၀၀ ကို ရခဲ့ပြီဖြစ်ပါတယ်။

ဆာလက်ဟာ ပွဲပေါင်း ၁၅၉ ပွဲနဲ့တင် သွင်းဂိုး ရာဂဏန်းကို ပြည့်ခဲ့တာပါ။ တနည်းအားဖြင့် လီဗာပူးသမိုင်းမှာ အကောင်းဆုံး တိုက်စစ်သမားတွေထဲ ပါခဲ့တဲ့ တောရက်စ်နဲ့ ဆွာရက်စ်တို့ထက်ကို ဆာလက်ရဲ့ သွင်းဂိုးအတွက် ပါဝင်ပေးမှုက ပိုမြင့်မားပြီး ပို မြန်ဆန်လွန်းခြင်းဖြစ်တယယ်။

ဟန်ဒါဆန်က “ မိုရဲ့ ကိန်းဂဏန်းတွေက သိပ်ကို အံ့သြဖို့ကောင်းပါတယ်။ သူက ၁၀၀ မြောက် သွင်းဂိုးကို ပွဲပေါင်း ၁၅၉ ပွဲနဲ့တင် ရလိုက်တာပါ။ ဒါက ကွန်ပျူတာဂိမ်းတွေမှာ မြင်ရလေ့ရှိတဲ့ ကိန်းဂဏန်းမျိုးဖြစ်ပါတယ်။

မိုက လီဗာပူးသမိုင်းမှာ တတိယမြောက် အမြန်ဆုံး သွင်းဂိုး ၁၀၀ ပြည့်ခဲ့သူဆိုတာကိုလည်း ကျနော် ဖတ်ရပါတယ်။ သူ့ထက် ပိုမြန်တဲ့သူ နှစ်ဦးက ရော်ဂျာဟန့်နဲ့ ဂျက်ပါကင်ဆန်တို့ဖြစ်ပြီး အရမ်းလည်း ကြာခဲ့ပါပြီ။ ဒါကပဲ ဆာလက်ရဲ့ များပြားတဲ့ လုပ်နိုင်စွမ်းတွေကို မြင်သာစေပါတယ်။

မိုရဲ့ လုပ်နိုင်စွမ်းတွေကို မအံ့သြပါဘူး။ သူနဲ့အတူ အလုပ်တွဲလုပ်ရတာနဲ့ ဆာလက်ရှိနေတဲ့ လီဗာပူးကို အားပေးရတဲ့ ပရိသတ်တွေအတွက် ဘယ်လောက်တောင် ဝမ်းမြောက်စရာ ကောင်းတယ်ဆိုတာ ကျနော် သိပါတယ်။ ” လို့ ဆိုခဲ့တာဖြစ်တယ်။

ဒီနောက်ပိုင်းမှာ ဆာလက်က ဂိုးတွေသွင်းပေမယ့် လူတွေက ချီးကျူးမှုလုပ်ဖို့ ဝန်လေးလာကြတယ်။ လူတွေက ဆာလက် ဘယ်လောက်ထိကောင်းတယ်ဆိုတာကို မြင်အောင် ကြည့်ဖို့ထက် ပထမဆုံးရာသီက သွင်းဂိုးတွေကို လိုက်မမှီဘူးလို့ ပြစ်တင်ဖို့ကိုပဲ အာရုံစိုက်နေကြပါတယ်။

“ မိုကို ချီးကျူးဖို့အတွက်ဆိုရင် တစ်မိနစ်တောင် အချိန်မယူရပါဘူး။ သူက အသင်းအတွက် အမြဲတမ်း ရာနှုန်းပြည့် ပေးဆပ် ကစားပါတယ်။ ဒါပေမယ့်လို့ သူလုပ်ပြနိုင်မှုတွေအရ သူ့ကို ချီးကျူး အသိအမှတ်ပြုမှုတွေကို ဒီထက်ပိုပြီး လုပ်သင့်တယ်လို့ ထင်ပါတယ်။

မိုကို အသိအမှတ်ပြုမှုတွေ လျော့နည်းတာက သူ့ရဲ့ ပထမဆုံးရာသီမှာ ကျနေ်ာတို့အတွက် သွင်းဂိုး ၄၀ ကျော် သွင်းပေးခဲ့လို့လည်း ဖြစ်နိုင်ပါတယ်။ ထိပ်ဆုံးရာသီကလို ဂိုးပေါင်း ၄၀ ကျော် မသွင်းနိုင်တော့ဘူးလို့ နှိုင်းယှဉ်တာကတော့ မျှတမှုမရှိတဲ့ လုပ်ရပ်ပါပဲ ” လို့ ဟန်ဒါဆန်က ဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ည ချန်ပီယံလိဂ်မှာ လီဗာပူးအသင်းရဲ့ ပထမဆုံးသွင်းဂိုးဟာ ကလပ်သမိုင်းမှာ ၁၀၀၀၀ မြောက် သွင်းဂိုး ဖြစ်လာမှာပါ။ အဆိုပါ သွင်းဂိုးက ဆာလက်ထံက ဖြစ်သွားမယ်ဆိုရင် အံ့သြစရာတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။

ZAWGYI

လီဗာပူးတိုက္စစ္သမား ဆာလက္ဟာ အဲဗာတန္ကို ၂-၂ နဲ႔ သေရက်တဲ့ပြဲမွာ သူ႔ရဲ႕ လီဗာပူးကစားသမားဘဝ သြင္းဂိုး ၁၀၀ ကို ရခဲ့ျပီျဖစ္ပါတယ္။

ဆာလက္ဟာ ပြဲေပါင္း ၁၅၉ ပြဲနဲ႔တင္ သြင္းဂိုး ရာဂဏန္းကို ျပည့္ခဲ့တာပါ။ တနည္းအားျဖင့္ လီဗာပူးသမိုင္းမွာ အေကာင္းဆံုး တိုက္စစ္သမားေတြထဲ ပါခဲ့တဲ့ ေတာရက္စ္နဲ႔ ဆြာရက္စ္တို႔ထက္ကို ဆာလက္ရဲ႕ သြင္းဂိုးအတြက္ ပါဝင္ေပးမႈက ပိုျမင့္မားျပီး ပို ျမန္ဆန္လြန္းျခင္းျဖစ္တယယ္။

ဟန္ဒါဆန္က “ မိုရဲ႕ ကိန္းဂဏန္းေတြက သိပ္ကို အံ့ၾသဖို႔ေကာင္းပါတယ္။ သူက ၁၀၀ ေျမာက္ သြင္းဂိုးကို ပြဲေပါင္း ၁၅၉ ပြဲနဲ႔တင္ ရလိုက္တာပါ။ ဒါက ကြန္ပ်ဴတာဂိမ္းေတြမွာ ျမင္ရေလ့ရွိတဲ့ ကိန္းဂဏန္းမ်ိဳးျဖစ္ပါတယ္။

မိုက လီဗာပူးသမိုင္းမွာ တတိယေျမာက္ အျမန္ဆံုး သြင္းဂိုး ၁၀၀ ျပည့္ခဲ့သူဆိုတာကိုလည္း က်ေနာ္ ဖတ္ရပါတယ္။ သူ႔ထက္ ပုိျမန္တဲ့သူ ႏွစ္ဦးက ေရာ္ဂ်ာဟန္႔နဲ႔ ဂ်က္ပါကင္ဆန္တို႔ျဖစ္ျပီး အရမ္းလည္း ၾကာခဲ့ပါျပီ။ ဒါကပဲ ဆာလက္ရဲ႕ မ်ားျပားတဲ့ လုပ္ႏုိင္စြမ္းေတြကို ျမင္သာေစပါတယ္။

မိုရဲ႕ လုပ္ႏုိင္စြမ္းေတြကို မအံ့ၾသပါဘူး။ သူနဲ႔အတူ အလုပ္တြဲလုပ္ရတာနဲ႔ ဆာလက္ရွိေနတဲ့ လီဗာပူးကို အားေပးရတဲ့ ပရိသတ္ေတြအတြက္ ဘယ္ေလာက္ေတာင္ ဝမ္းေျမာက္စရာ ေကာင္းတယ္ဆိုတာ က်ေနာ္ သိပါတယ္။ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ဒီေနာက္ပိုင္းမွာ ဆာလက္က ဂိုးေတြသြင္းေပမယ့္ လူေတြက ခ်ီးက်ဴးမႈလုပ္ဖို႔ ဝန္ေလးလာၾကတယ္။ လူေတြက ဆာလက္ ဘယ္ေလာက္ထိေကာင္းတယ္ဆိုတာကို ျမင္ေအာင္ ၾကည့္ဖို႔ထက္ ပထမဆံုးရာသီက သြင္းဂိုးေတြကို လိုက္မမွီဘူးလို႔ ျပစ္တင္ဖို႔ကိုပဲ အာရံုစိုက္ေနၾကပါတယ္။

“ မိုကို ခ်ီးက်ဴးဖို႔အတြက္ဆိုရင္ တစ္မိနစ္ေတာင္ အခ်ိန္မယူရပါဘူး။ သူက အသင္းအတြက္ အျမဲတမ္း ရာႏႈန္းျပည့္ ေပးဆပ္ ကစားပါတယ္။ ဒါေပမယ့္လို႔ သူလုပ္ျပႏုိင္မႈေတြအရ သူ႔ကို ခ်ီးက်ဴး အသိအမွတ္ျပဳမႈေတြကို ဒီထက္ပိုျပီး လုပ္သင့္တယ္လို႔ ထင္ပါတယ္။

မိုကို အသိအမွတ္ျပဳမႈေတြ ေလ်ာ့နည္းတာက သူ႔ရဲ႕ ပထမဆံုးရာသီမွာ က်ေန္ာတို႔အတြက္ သြင္းဂိုး ၄၀ ေက်ာ္ သြင္းေပးခဲ့လို႔လည္း ျဖစ္ႏုိင္ပါတယ္။ ထိပ္ဆံုးရာသီကလို ဂိုးေပါင္း ၄၀ ေက်ာ္ မသြင္းႏုိင္ေတာ့ဘူးလို႔ ႏိႈင္းယွဥ္တာကေတာ့ မွ်တမႈမရွိတဲ့ လုပ္ရပ္ပါပဲ ” လို႔ ဟန္ဒါဆန္က ဆိုခဲ့တာ ျဖစ္ပါတယ္။

ဒီကေန႔ည ခ်န္ပီယံလိဂ္မွာ လီဗာပူးအသင္းရဲ႕ ပထမဆံုးသြင္းဂိုးဟာ ကလပ္သမိုင္းမွာ ၁၀၀၀၀ ေျမာက္ သြင္းဂိုး ျဖစ္လာမွာပါ။ အဆိုပါ သြင္းဂိုးက ဆာလက္ထံက ျဖစ္သြားမယ္ဆိုရင္ အံ့ၾသစရာေတာ့ ျဖစ္လာမွာ မဟုတ္ပါဘူး။