လီဗာပူးအသင်းဟာ ဂျူဗင်တပ်၊ ယူနိုက်တက်တို့နဲ့အပြိုင် ဘာမင်ဂမ်ဒေသဖွား အိုက်စလန်းဒစ် ဆယ်ကျော်သက်လေး အိုင်ဆက်ခ်ကို ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

လက်ရှိ ဆွီဒင်ကလပ်မှာ ပုံမှန်ပွဲကစားခွင့်ရနေတဲ့ ၁၇ နှစ်သားလေးက ဒီရာသီမှာ ကိုယ်တိုင် ၃ ဂိုး သွင်းပြီး ဂိုးထောက်ပံ့မှု ၈ ကြိမ် လုပ်ပေးထားပါတယ်။ သူ့ကို ခေါ်ယူဖို့ လီဗာပူးက ကင်းထောက်ဖြစ်သူ Mads Jorgensen ကိုပါ စောင့်ကြည့်မှုတွေ လုပ်ထားခဲ့တာဖြစ်တယ်။

ဒီကောင်လေးရဲ့ တောက်ပမှုက အချိန်တိုတိုအတွင်းမှာ တိုးတက်လာခဲ့တဲ့နောက် ကလပ် အများအပြားက စိတ်ဝင်စားလာကြတယ်။ ဒီအကြောင်းကိုလည်း ဆွီဒင်ကလပ်ရဲ့ ကင်းထောက်ချုပ်က Torbjornsen က ထုတ်ပြောပါသေးတယ်။

သူက ‘ ဟုတ်ပါတယ် လီဗာပူးက သူ့ကို ကြိုးစားနေတဲ့ ကလပ်တွေထဲက တစ်သင်းဖြစ်ပါတယ်။ ဒါပေမယ့်လို့ ဥရောပ ကလပ် ၁၀ သင်းလောက်ကလည်း ကြိုးစားနေတာလို့ ပြောနိုင်ပါတယ်။ လူတိုင်းက သူ့ကို လိုချင်နေတယ်။ လီဗာပူးက အဲ့ကလပ်တွေထဲက တစ်သင်းဖြစ်ပပါတယ်။ ဒါက အားလုံးအတွက်ကော အိုင်ဆက်ခ်အတွက်ပါ ပုံမှန်ပဲ ဖြစ်ပါတယ်။

မနက်ဖြန် (သို့) လာမယ့် ခြောက်လမှာ ကလပ်တစ်သင်းက ငွေကြေး အများအပြားနဲ့ ကမ်းလှမ်းတာမျိုး ဖြစ်နိုင်ပါတယ်။ အိုင်ဆက်ခ်က တည်ငြိမ်နေတာကလည်း ကောင်းပါတယ်။ သူက မိသားစုကောင်းက ပေါက်ဖွာလာသူဖြစ်ပြီး ဘာဖိအားမှလည်း မရှိပါဘူး ‘ လို့ ဆိုခဲ့ပါတယ်။

အိုင်ဆက်ခ်ရဲ့ ဖခင်ဖြစ်သူက အက်စွန်ဗီလာ၊ ဝုဗ်၊ လက်စတာ၊ ဘန်လေနဲ့ ဟက်ဒါဖီးအသင်းတွေမှာ ကစားခဲ့တဲ့ ဂျိုယေး ဂတ်ဂျွန်ဆန်ဖြစ်တယ်။ သူ့အဖိုးကတော့ စတုန်းနဲ့ ခရူး အလက်ဇန္ဒားအသင်းတွေကို ကိုင်တွယ်ဖူးတဲ့ ဂတ်ဂျွန် သောဒါဆန် ဖြစ်ပါတယ်။ ဒါကြောင့်လည်း အင်္ဂလန်ဖွား အိုင်စလန် ယူ-၂၁ အသင်းသားက အင်္ဂလန်ကို ပြောင်းဖို့ပဲ ဦးစားပေးမယ်လို့ ခန့်မှန်းရပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဂ်ဴဗင္တပ္၊ ယူႏုိက္တက္တို႔နဲ႔အျပိဳင္ ဘာမင္ဂမ္ေဒသဖြား အိုက္စလန္းဒစ္ ဆယ္ေက်ာ္သက္ေလး အိုင္ဆက္ခ္ကို ေခၚယူဖို႔ ၾကိဳးစားေနတယ္လို႔ သိရပါတယ္။

လက္ရွိ ဆြီဒင္ကလပ္မွာ ပံုမွန္ပြဲကစားခြင့္ရေနတဲ့ ၁၇ ႏွစ္သားေလးက ဒီရာသီမွာ ကိုယ္တိုင္ ၃ ဂိုး သြင္းျပီး ဂိုးေထာက္ပံ့မႈ ၈ ၾကိမ္ လုပ္ေပးထားပါတယ္။ သူ႔ကို ေခၚယူဖို႔ လီဗာပူးက ကင္းေထာက္ျဖစ္သူ Mads Jorgensen ကိုပါ ေစာင့္ၾကည့္မႈေတြ လုပ္ထားခဲ့တာျဖစ္တယ္။

ဒီေကာင္ေလးရဲ႕ ေတာက္ပမႈက အခ်ိန္တိုတိုအတြင္းမွာ တိုးတက္လာခဲ့တဲ့ေနာက္ ကလပ္ အမ်ားအျပားက စိတ္ဝင္စားလာၾကတယ္။ ဒီအေၾကာင္းကိုလည္း ဆီြဒင္ကလပ္ရဲ႕ ကင္းေထာက္ခ်ဳပ္က Torbjornsen က ထုတ္ေျပာပါေသးတယ္။

သူက ‘ ဟုတ္ပါတယ္ လီဗာပူးက သူ႔ကို ၾကိဳးစားေနတဲ့ ကလပ္ေတြထဲက တစ္သင္းျဖစ္ပါတယ္။ ဒါေပမယ့္လို႔ ဥေရာပ ကလပ္ ၁၀ သင္းေလာက္ကလည္း ၾကိဳးစားေနတာလို႔ ေျပာႏုိင္ပါတယ္။ လူတိုင္းက သူ႔ကို လိုခ်င္ေနတယ္။ လီဗာပူးက အဲ့ကလပ္ေတြထဲက တစ္သင္းျဖစ္ပပါတယ္။ ဒါက အားလံုးအတြက္ေကာ အိုင္ဆက္ခ္အတြက္ပါ ပံုမွန္ပဲ ျဖစ္ပါတယ္။

မနက္ျဖန္ (သို႔) လာမယ့္ ေျခာက္လမွာ ကလပ္တစ္သင္းက ေငြေၾကး အမ်ားအျပားနဲ႔ ကမ္းလွမ္းတာမ်ိဳး ျဖစ္ႏုိင္ပါတယ္။ အိုင္ဆက္ခ္က တည္ျငိမ္ေနတာကလည္း ေကာင္းပါတယ္။ သူက မိသားစုေကာင္းက ေပါက္ဖြာလာသူျဖစ္ျပီး ဘာဖိအားမွလည္း မရွိပါဘူး ‘ လို႔ ဆိုခဲ့ပါတယ္။

အိုင္ဆက္ခ္ရဲ႕ ဖခင္ျဖစ္သူက အက္စြန္ဗီလာ၊ ဝုဗ္၊ လက္စတာ၊ ဘန္ေလနဲ႔ ဟက္ဒါဖီးအသင္းေတြမွာ ကစားခဲ့တဲ့ ဂ်ိဳေယး ဂတ္ဂၽြန္ဆန္ျဖစ္တယ္။ သူ႔အဖိုးကေတာ့ စတုန္းနဲ႔ ခရူး အလက္ဇႏၵားအသင္းေတြကို ကိုင္တြယ္ဖူးတဲ့ ဂတ္ဂၽြန္ ေသာဒါဆန္ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း အဂၤလန္ဖြား အိုင္စလန္ ယူ-၂၁ အသင္းသားက အဂၤလန္ကို ေျပာင္းဖို႔ပဲ ဦးစားေပးမယ္လို႔ ခန္႔မွန္းရပါတယ္။