မန်ယူဟာ တိုက်စစ်ပိုင်း အပြောင်းအလဲလုပ်ဖို့ စီစဉ်နေပြီး လူကာကူကို စီးရီးအေထံ ရောင်းထုတ်နိုင်မယ်ဆိုရင် ပြင်သစ်သာ လူငယ်တိုက်စစ်မှူး ဒမ်ဘီလီနဲ့ ပြန်လည် အစားထိုးဖို့ ရည်ရွယ်နေပါတယ်။

လိုင်ယွန်အသင်းရဲ့ တိုက်စစ်သမားဖြစ်တဲ့ ဒမ်ဘီလီဟာ အသက်အားဖြင့် ၂၂ နှစ်ပဲ ရှိသေးပြီး သူဟာ ဆဲလ်တစ်၊ လိုင်ယွန်လို တိုက်စစ်မြန်တဲ့ အသင်းတွေမှာ ကစားခဲ့သူပါ။ နောက်ပြီး အင်္ဂလန်လိဂ်တွေမှာ ကျင်လယ်ဖူးတဲ့ ကစားသမားလည်းဖြစ်တယ်။ သူ့ကို ခေါ်ယူဖို့ရာ ပေါင် သန်း ၄၀ လောက်ပဲ သုံးရနိုင်ပါတယ်။

မန်ယူနည်းပြ ဆိုးရှားဟာရာသီအတွ ထိပ်တန်းကစားသမားတွေထက်စာရင် ငယ်ရွယ်ပြီး တိုးနှုန်း၊ မြန်နှုန်းကောင်းတဲ့ ကစားသမားတွေနဲ့ ကောင်တာတိုက်စစ်အတွက် ပိုမိုအလားအလာရှိတဲ့အသင်းကို တည်ဆောက်ဖို့ ပြင်ဆင်နေတာပါ။

ဒမ်ဘီလီဟာ ငယ်ရွယ်ပေမယ့် အလားအလာရှိပြီး ဂိုးသွင်းနှုန်းလည်း ကောင်းမွန်သူဖြစ်တယ်။ ဆိုးရှားရဲ့ အတိတ်က မန်ယူနိုက်တက် အစဉ်အလာဖြစ်တဲ့ လူငယ်ကြယ်ပွင့်တွေကို ခေါ်ယူပြီး အသင်းမှာ တောက်ပတဲ့ ကစားသမားအဖြစ် မွေးထုတ်ဖို့ အစီအစဉ်မှာ အံဝင်နိုင်မယ့် ကစားသမားလည်းဖြစ်ပါတယ်။

မန်ယူဟာ ရိုက်စ်၊ ဆန်ချို၊ ဒန်နီရယ် ဂျိမ်းစ် တို့လို လူငယ်ကစားသမားတွေကို ပစ်မှတ်ထားနေပြီး အားလုံးက လျှင်မြန်ပြီး တိုးအား ဖော်ကထွက်အားကောင်းတဲ့ ကစားသမားတွေဖြစ်တယ်။ ဆိုးရှားဟာ လူကာကူနဲ့ မာရှယ်လို ကစားသမားတွေထက် ရပ်ဖိုဒ့်လို လျှင်မြန်တဲ့ တိုက်စစ်သမားတွေကို ပိုသဘောတွေ့သူလည်းဖြစ်ပါတယ်။