မန်ယူနည်းပြဟောင်း မော်ရင်ညိုက လက်ရှိနည်းပြ ဆိုးရှားအား သဘောအရမ်းကောင်းပြရင် မန်ချက်စတာ ယူနိုက်တက်ရဲ့ ရုပ်သေး နည်းပြ ဖြစ်လာလိမ့်မယ်လို့ သတိပေးစကား ပြောကြားလိုက်ပါတယ်။

မော်ရင်ညိုက ယူနိုက်တက် အ၀တ်လဲခန်းထဲက ကစားသမားအချို့က ပါဝါကြီးလွန်းပြီး ကလပ်အသင်းက ဆုံးဖြတ်ချက်ချနိုင်တဲ့ အက် ၀ုဒ်ဝပ်၊ တို့လို ပုဂ္ဂိုလ်များကိုပါ လွှမ်းမိုးမှု ရှိခြင်းက အသင်းကို ပြသနာတွေ ဖြစ်လာစေပြီး နောက်ပိုင်းမှာ ရာထူးက ထုတ်ပယ်ခံခဲ့ရတာပါ။

” များသောအားဖြင့် ကစားသမားတွေက တောင်းဆိုမှုတွေ များလာတဲ့အခါ ဆုတ်ယုတ်မှုတွေ ခံစားလာရတယ်။ ကျနော့် ဒုတိယ ရာသီ ၂၀၁၇-၁၈ က တော်တော် ကောင်းတဲ့ ဘောလုံရာသီပါ။ ကျနော် ဘာလို့ ဒီလို ပြောရလဲဆိုရင် အသင်းမှာ အလားအလာတွေ ရှိနေပြီး ချထားတဲ့ ရည်မှန်းချက်တွေလည်း ပြည့်ခဲ့တယ်။

ကျနော် အဲ့သည်လိုတွေဖြစ်လာဖို့ အသင်းကို လိမ္မော်သီးတစ်လုံး အရည်ညှစ်သလိုကို ညှစ်ထုတ် လုပ်ပေးခဲ့တာပါ။ ကိုယ့်မှာ ရှိနေတဲ့ ကစားသမားတွေက ရည်မှန်းချက်ကြီး အလုပ်ကြိုးစားပြီး ထူးလည်း ထူချွန်တဲ့သူတွေဆို သေချာ စုဖွဲ့ထားတဲ့ ကလပ်မှာ ခုနက ပြောတဲ့ ဆုတ်ယုတ်မှုတွေ မရှိပါဘူး။

ကလပ်အသင်းနဲ့ ဘယ်လောက် နီးစပ်တယ်ပြောပြော အချို့သော ကစားသမားတွေက ကိုယ့်ကိုယ် ဆန့်ကျင်လာတဲ့အခါ တကယ် တယောက်တည်း နီးပါး ဖြစ်လာပြီး သိပ်ကောင်းတဲ့ လူပါလို့ ဘယ်လိုပြောပြော ကလပ်အသင်းက ထောက်ခံမှု မပေးတော့ဘူး။

ဒါကြောင့် ကျနော် လူကောင်း မဖြစ်ချင်တာ.. ဘာဖြစ်လို့လဲ ဆိုတော့ သိပ်လိမ်မာနေရင် သုံးလလောက် ကြာတာနဲ့ ရုပ်သေးရုပ် တစ်ရုပ် ဖြစ်လာပြီး အဆုံးသတ်ကလည်း မလှတော့မှာ မို့လို့ပဲ။” လို့ မော်ရင်ညိုက ပြောကြားလိုက်ပါတယ်။

ဆိုးရှားဟာ ဒီနွေမှာ အချို့သော ကစားသမားတွေကို ရောင်းထုတ်ပြီး ပြင်ဆင်မှု အကြီးစားတွေ လုပ်ဖို့ ရှိပေမယ့် ၀ုဒ်ဝပ်တို့လို အသင်း အကြီးပိုင်းတွေကို ကျော်ကာ ရောင်းထုတ် မရနိုင်တဲ့ ကစားသမားတွေ ရှိနေတာ အမှန်ပါ။ ဥပမာ မာရှယ်ကို ဆိုးရှား ကိုယ်တိုင် မလိုလားပေမယ့် ရောင်းထုတ်နိုင်မှာ မဟုတ်ပါဘူး။