မန်ယူနိုက်တက်ရဲ့ ဂန္တဝင်ကြီး ဒေးဗစ်ဘက်ခမ်းက မန်နေဂျာကြီး ဖာဂီရဲ့ ကလပ်အသင်းအပေါ် သြဇာညောင်းမှုကို အမှတ်တရအနေနဲ့ ထုတ်ပြောလာခဲ့ရာမှာ နည်းပြကြီးက ဆံပင်ညှပ်ဆိုရင် မြက်ခင်းပေါ် ခြေမချခင် အမြန်ပြေးပြီး ဆံပင်ညှပ်ရကြောင်း ပြောပြလာပါတယ်။

2000-01 ဘောလုံးရာသီ ပထမဆုံးပွဲဖြစ်တဲ့ ကွန်မြူနတီဒိုင်းပွဲမှာ ဘက်ခမ်းက mohawk လို့ခေါ်တဲ့ ဆံပင်ပုံစံကို ညှပ်ထားခဲ့တာပါ။ ဒါပေမယ့် နည်းပြကြီးမြင်အောင်တော့ မထားရဲပဲ သွားလေရာတိုင်း ခေါင်းစွပ်စွပ်ထားခဲ့ရကာ မြက်ခင်းပေါ် ခြေချခါနီးမှာပဲ နည်းပြကြီးက ဒေါသထွက်စွာ ဆံပင်ရိတ်ခိုင်းလို့ အပြောင်ရိတ်ခဲ့ရပါကြောင်း ပြောပြခဲ့ပါတယ်။

ဘက်ခမ်းက ပြောပြရာမှာ ” အဝတ်လဲခန်းကို လာတော့လည်း ကျနော်ရဲ့ ဆံပင်ကေကို သူမမြင်ပါဘူး။ သူမြင်သွားမှာလည်း ကျနော် အရမ်းကြောင့်ခဲ့တာလေ။ လေ့ကျင့်ရေးသွားရင် ခေါင်းစွပ်ဦးထုတ် ဆောင်းသွားတယ်၊ လေ့ကျင့်တော့လည်း ခေါင်းစွပ်နဲ့ ပြန်တော့လည်း စွပ်ပြီးမှပြန်တယ်။ ဟိုတယ်သွား၊ ညစာစား၊ မနက်စာစား ခေါင်းစွပ်နဲ့ပဲ ကွင်းထဲကို သွားရင်တောင် ခေါင်းစွပ်နဲ့သွားတယ်ဗျာ။

အဲ့သည်နောက် ပွဲကစားဖို့အချိန်ကျတော့ ကျနော် ခေါင်းစွပ်ကို ချွတ်လိုက်ရော ဆာအဲလက်စ်က ကျနော် ဆံပင်ကေကိုမြင်ပြီး ‘သွား..။ အဲ့ဆံပင်ကို သွားရိတ်ခဲ့’ တဲ့။ ကျနော်က သူနောက်နေတယ် ထင်တာပေါ့ အဲ့မှာ နည်းပြကြီးက ‘ငါအတည်ပြောနေတာ။ သွား မင်းခေါင်းကို သွားရှိတ်ခဲ့တဲ့။

ဒီတော့ ဆံပင်ညပ်ဖို့ ရှာပြီး ဝင်ဘာလေကွင်းမှာပဲ ကျနော်ဆံပင်တွေကို ညှပ်ပစ်ခဲ့ရတယ်။ မန်နေဂျာတွေက အသင်းကို အရာရာ စိုးမိုးတယ်လေဗျာ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။