အိုလီဂန်နာ ဆိုးရှားဟာ ဆွမ်ဆီး တောင်ပံကစားသမား ဒန်နီရယ် ဂျိမ်းစ်အတွက် အပြောင်းအရွှေ့ကို မြန်မြန် သဘောတူညီမှု ရဖို့ မျှော်လင့်နေပြီး ဇူလိုင် ၁ ရက် နေ့မှာ အပြီးသတ်ဖို့ အလိုရှိတယ်လို့ အဒ်ဝုဒ်ဝဒ်ကို ပြောဆိုထားကြောင်း သိရပါတယ်။

သူ့ရဲ့ ပြင်းထန်တဲ့ အရှိန်နှုန်းကလဲ ဆိုးရှားကို ဆွဲဆောင်နေပြီး ဒါဟာ မန်ယူနိုက်တက်မှာ အသည်းအသန်လိုအပ်နေတဲ့ နောက်ထပ်နေရာတစ်နေရာပါ။ မန်ယူနိုက်တက်ဟာ မကြာသေးမီက အပတ်တွေမှာ ဂျိမ်းအပေါ် ခိုင်ခိုင်မာမာ စိတ်ဝင်စားခဲ့တာဖြစ်ပြီး သူက ဆိုးရှားရဲ့ ပထမဆုံးခေါ်ယူမှု ဖြစ်လာဖို့ မျှော်လင့်နေပါတယ်။

ဒန်နီရယ် ဂျိမ်းစ်ဟာ ဆွမ်ဆီးအတွက် ဘယ်ခြမ်းမှာ ကစားခဲ့ပေမယ့်လဲ တောင်ပံ နှစ်ဖက်လုံး အားသန်တဲ့ကစားသမားဖြစ်ပြီး မန်ယူနိုက်တက်ရဲ့ တောင်ပံ ပြသနာကို ဖြေရှင်းပေးနိုင်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ နော်ဝေနည်းပြက နာမည်ကြီး ကစားသမားတွေထက် တက်သစ်စ အရည်အချင်းရှိ ကစားသမားတွေကို ရရှိဖို့ ပိုလိုအပ်တယ်လို့ ကလပ်ရဲ့ ကစားသမားသစ်ခေါ်ယူရေးဌာနကို ပြောခဲ့ပါတယ်။

ဒီမာရီယာ၊ ဖယ်ကာအို၊ ရှဝိန်းစတိုင်ဂါ၊ ဆန်းချက်တို့လို နာမည်ကြီး စူပါစတားတွေ အိုးလ်ထရက်ဖို့ဒ်မှာ ကျရှူံးခဲ့ပြီးနောက် ဆိုးရှားက တိုးတက်ဖို့ အလားအလာရှိတဲ့ လူငယ်ကစားသမားတွေအပေါ် ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

ဆန်းချိုးနဲ့ ဂျိမ်းစ်တို့ရဲ့ တန်ကြေးတွေဟာ သိပ်ခြားနားနေတာတောင်မှ သူတို့ဟာ ဆိုးရှားလိုချင်တဲ့ပုံစံနဲ့ ကွက်တိကျပါတယ်။ ဂျိမ်းစ်ဟာ တနိုင်ငံတည်းသား ဂါရတ်ဘေး၊ ရမ်ဆေးတို့လို အဓိကစတားတစ်ယောက်အဖြစ် တိုးတက်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။