လီဗာပူးအသင်းဟာ နွေမှာ အင်အားဖြည့်ဖို့ ဘယ်အစွန်၊ တောင်ပံနဲ့ တိုက်စစ်သမားတို့ကို ဦးစားပေးအဖြစ် ရွေးချယ်ထားပြီး ဂိုးသမား တစ်ဦး ကိုလည်း ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဒါပေမယ့် ဂိုးသမားနေရာအတွက် မင်ညိုလက် ထွက်ခွာသွားမှ ခေါ်ယူဖို့ ကြိုးစားမှာဖြစ်ပြီး မဟုတ်ခဲ့ရင်တော့ အခြားသော လိုအပ်တဲ့ နေရာကိုပဲ ဦးစားပေး ခေါ်ယူဖို့ ကြိုးစားမှာဖြစ်တယ်။

လီဗာပူး လူငယ်ခံစစ်မှူး ဂျိုးဂိုမက်ဇ်က အသင်းရဲ့ သမိုင်းဝင် ပွဲစဉ်တွေ ထူးချွန်တဲ့ဘောလုံး ရာသီတလျောက် ဒဏ်ရာရှိနေတာကြောင့် ကွင်းဘေးကပဲ ကြည့်နေခဲ့ရတာအတွက် နာကျင်ခဲ့ကြောင်း ၀န်ခံပြောကြားလိုက်ပါတယ်။

ယာဂင်ကလော့ပ်ရဲ့ လီဗာပူးအသင်းဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲအတွက် ကြိုတင်ပြင်ဆင် လေ့ကျင့်ဖို့ အစီအစဉ်များ ရေးဆွဲ ထားပေမယ့် ပြင်ဆင်မှု ကာလအတွင်း ခြေစမ်းပွဲ ကစားဖို့ ချိတ်ဆက်ထားတဲ့ ဟော်လန်ကလပ် AZ Alkmaar က လီဗာပူးအသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချလိုက်ပါတယ်။

လီဗာပူးနဲ့ ယူနိုက်တက်တို့ စိတ်ဝင်စားနေတဲ့ ဂျူဗင်တပ်အသင်း တိုက်စစ်မှူး ဒိုင်ဘာလားဟာ စီးရီးအေကလပ်ကနေ ထွက်ခွာလိုကြောင်း ၄င်းရဲ့ အကိုဖြစ်သူက ထုတ်ပြောလာခဲ့ပါတယ်။

လီဗာပူး တိုက်စစ်မှူး ဖာမီနိုကို ပီအက်စ်ဂျီအသင်းက ခေါ်ယူဖို့ မျက်စိကျနေကြောင်း သတင်းများ ထွက်ပေါ်နေပါတယ်။ လီဗာပူးအသင်းကတော့ အားထားရတဲ့ ဘရာဇီးသား တိုက်စစ်သမားကို လွယ်လွယ် လက်လွှတ်မှာ မဟုတ်ပါဘူး။

လီဗာပူး၊ စပါးနဲ့ ၀က်စ်ဟမ်းအသင်းတို့ဟာ ဆဲလ်တာ ဗီကိုမှ တိုက်စစ်သမား မက်ဇီ ဂိုမက်ကို ခေါ်ယူဖို့ စောင့်ကြည့်နေကြပြီး အသက် ၂၂ နှစ်အရွယ် ကစားသမားအတွက် စာချုပ်ဖျက်သိမ်းကြေးက ပေါင် ၄၃ သန်း ရှိပါတယ်။

လီဗာပူးဟာ နွေအပြောင်းအရွှေ့မှာ လူငယ်ကြယ်ပွင့်တွေကို ဦးစားပေး ခေါ်ယူဖို့ စီစဉ်နေပါတယ်။ အားကစားဒါရိုက်တာ မိုက်ကယ်အဒ်ဝတ်က ကလပ်အသင်းရဲ့ ပေါ်လစီအတိုင်း၊ ပထမအသင်း ဖိအားတွေကို ရင်ဆိုင်နိုင်ကာ ငယ်ရွယ်ပြီး အရည်အချင်းရှိဖို့နဲ့ အောင်မြင်မှုတွေ ဆာလောင်တဲ့ ကစားသမားတွေကိုပဲ ဦးစားပေး ရွေးချယ်မှာဖြစ်တယ်။

လီဗာပူးအသင်းက ဗီလာရီရဲ တောင်ပံသမား Samuel Chukwueze, အေဂျက်အသင်းမှ David Neres, လေဗာကူဆင်မှ Julian Brandt တို့အပြင် လိုင်လီမှ Nicolas Pepe နဲ့ ချန်ပီယံရှစ်ကလပ် ဘရီစတိုစီးတီးမှ အသက် 20 အရွယ် လူငယ်ခံစစ်သမား Lloyd Kelly တို့ကို အလေးပေးစာရင်းထဲ ထည့်ထားပါတယ်။

စပါး လီဗာပူးအသင်းတို့က ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိတဲ့ လေဗာကူဆင်အသင်းရဲ့ ကြယ်ပွင့်ကစားသမား ဂျူလီယန်ဘရန့်တ်ဟာ ပရီးမီးယားလိဂ်ထက် ဒေါ့မွန်အသင်းကိုသာ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေကြောင်း သိရှိရပါတယ်။