အာဆင်နယ်ဟာ ဘာကုမှာ ယှဉ်ပြိုင်ရမယ့် ချယ်ဆီးနဲ့ ယူရိုပါလိဂ်ဖိုင်နယ်ပွဲမှာ အာဆင်နယ်ရဲ့ တစ်ရာသီစာ လက်မှတ်ကိုင်ဆောင်ထားတဲ့ ဗြိတိန်-အာမေးနီးယား ပရိသတ်တွေကို ခေါ်ဆောင်သွားဖို့ရာ ဗီဇာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး နိုင်ငံခြားရုံးနဲ့ စကားပြောမှုတွေ လုပ်နေရပါတယ်။

နာပိုလီအသင်းဟာ အငှားခေါ်ယူထားတဲ့ အာဆင်နယ်ဂိုးသမား အော့စ်ပီနာကို အပြီးသတ် ခေါ်ယူတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် နာပိုလီဘက်က ယူရို ၂ သန်းထက် ပိုမပေးချင်တာကြောင့် နှစ်ဘက် ကလပ်အသင်းများအကြား ဆွေးနွေးမှု ပြုလုပ်ရဦးမှာပါ။

အာဆင်နယ်က ဂီတာဖေး ခံစစ်မှူး ဒီဂျင်း ဒါကိုနန်ကိုလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ပြင်သစ်သတင်းများမှာ ဖော်ပြလာပါတယ်။ အူနိုင်း အမ်မရီ မျက်စိကျနေတဲ့ ဗဟိုခံစစ်မှူးဟာ စာချုပ်ပါအရ ဖျက်သိမ်းကြေး ယူရို ၃၅ သန်း ရှိသူပါ။

အာဆင်နယ် တိုက်စစ်မှူး လာကာဇက်တီကို ဘာစီလိုနာအသင်းက စိတ်ဝင်စားနေတဲ့အပြင် ၄င်းပြိုင်ဘက် လာလီဂါကလပ် အက်သလက်တီကိုကလည်း အပြိုင် ခေါ်ယူလိုလာပြီး ဆက်သွယ်မှုတွေ ပြုလုပ်နေပါတယ်။

ဂရီမီယို ခံစစ်မှူး ဝေါ်တာ ကိန်းမန်းကို အာဆင်နယ်အသင်းက ခေါ်ယူလိုနေပါတယ်။ အသက် ၂၈ နှစ်အရွယ် ခံစစ်မှူးကို ဆမ်ဒိုးရီးယား အသင်းကလည်း ပစ်မှတ်ထားနေပြီး အာဂျင်တီးနားသားကို ခေါ်ယူဖို့ ယူရို ၁၂ သန်း ၀န်းကျင် သုံးရဖွယ် ရှိပါတယ်။

အာဆင်နယ်အသင်းဟာ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ အာမေးနီးယားသား မီခီတာရန်ကို ခေါ်သွားဖို့ အခက်တွေ့နေပြီး ကစားသမား လုံခြုံရေးအတွက် ယူအီးအက်ဖ်အေနဲ့ အဇာဘိုင်ဂျန်မှာ တာဝန်ရှိသူများက ဆောင်ရွက် မပေးနိုင်တာကြောင့် အင်္ဂလန်မှာပဲ ထားခဲ့ရဖွယ် ရှိနေပါတယ်။