တောင်ပံသမား အလိုရှိနေတဲ့ မန်ယူအသင်းကို ပဲလေစ့်အသင်းမှ ဇာဟာ ပြောင်းလာလိုကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဇာဟာ ဟာ မန်ယူမှာ အဆင်မပြေတဲ့နောက် အငှားထွက်ခဲ့ပြီး နောက်ပိုင်းမှာ ပဲလေစ့်ကို ရောက်ရှိသွားသူပါ။

ပဲလေစ့်ဟာ ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို ပေါင် သန်း ၁၀၀ အလိုရှိနေပြီး သူ့ရဲ့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးကြောင့်ပဲ အပြောင်းအရွှေ့တွေ ဖြစ်မလာခဲ့တာပါ။ အသက် ၂၆ နှစ်အရွယ် တိုက်စစ်သမားဟာ ပဲ့လေ့စ်ကနေ ထွက်ခွာဖို့ကို စိတ်ပိုင်းဖြတ်ခဲ့ပြီဖြစ်ပြီး အပြောင်းအရွှေ့ ဈေးနှုန်းကို ညိနှိုင်းမှုတွေ အဆင်ပြေဖို့ မျှော်လင့်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက်မှာ သူအောင်မြင်နိုင်တယ်ဆိုတာကို ဇာဟာက ထပ်မံကာ သက်သေပြလိုစိတ်ရှိပြီး မန်ချက်စတာကလပ်က အလေးအနက် ကမ်းလှမ်းမယ်ဆိုရင် ဇာဟာဘက်ကတော့ လက်ခံမှာဖြစ်တယ်။ ပဲလေစ့်နဲ့ ဇာဟာတို့ကြား စာချုပ်သစ်က မနှစ်တုန်းကမှ ချုပ်ထားခဲ့တာဖြစ်ပြီး ၂၀၂၃ ခုနှစ်ထိ စာချုပ်ရှိနေပါတယ်။

ပဲလေစ့်ဟာ ပရီးမီးယားလိဂ်ပြိုင်ဘက်တွေကို ဇာဟာအား ရောင်းချမယ်ဆိုရင် ပေါင် သန်း ၇၀ လောက်ကို အနည်းဆုံး တောင်းဆိုပါမယ်။ သို့ပေမယ့် ဇာဟာက ပရီးမီးယားလိဂ်ကလပ်တွေကို မပြောင်းပဲ အင်္ဂလန်ပြင်ပကို ထွက်ခွာမယ်ဆိုရင် ပြောင်းရွှေ့ကြေးက အတော်လေး ဈေးကျသွားမှာဖြစ်လို့ ပဲလေစ့်ကလည်း အင်္ဂလန်ကလပ်တွေကိုပဲ ရောင်းလိုနေပါတယ်။

ဇာဟာဘက်က အပြောင်းအရွှေ့ဖြစ်ဖို့ ပဲလေစ့်ကို ဈေးချခိုင်းနေပြီ လက်ရှိ ပဲလေ့စ့်တင်ထားတဲ့ သန်း ၁၀၀ ဆိုတဲ့ ပမာဏကိုတော့ မန်ယူဘက်က ပေးဖို့ စိတ်မဝင်စားပါဘူး။