ဒီကနေ့မှာတော့ လီဗာပူးအသင်းဟာ ဘရိုက်တန်းကွင်းထံ အဝေးကွင်းသွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပြီး မြောက်လန်ဒန်ဒါဘီပွဲ မတိုင်ခင် အမှတ်ပေးဇယား ထိပ်ဆုံးကို တက်ရောက်ဖို့ကို အာရုံစိုက်မှာ ဖြစ်ပါတယ်။

လီဗာပူးအသင်း ဂိုးပေါက်ကိုတော့ အနီရောင်ကစားသမားဘဝ ပွဲ ၁၀၀ ပြည့်အဖြစ် အယ်လီဆန်ကပဲ တာဝန်ယူသွားမှာပါ။ ဒီရာသီအစ သူမပါဝင်နိုင်ခဲ့တဲ့ ၃ ပတ်ကာလမှာ လီဗာပူးခံစစ်က အတော်လေး ယိမ်းယိုင်ခဲ့ပေမယ့် ဒီနောက်ပိုင်းမှာတော့ အယ်လီဆန်ရဲ့ ကစားကွက် ပူးပေါင်းပါဝင်မှု၊ တစ်ဦးချင်း ထိန်းသိမ်းပေးနိုင်မှုတွေဖြင့် ယုံကြည်စိတ်ချရမှုတွေကို ပေးလာခဲ့ပါတယ်။

ခံစစ်ကြောင်းမှာတော့ ဖာဘင်ညိုနဲ့ မာတစ် အတွဲကို ထုတ်သုံးဖို့ များပြီး ဘယ် ညာ အစွန်တွေမှာ ရော်ဘတ်ဆန်နဲ့ မီလ်နာကိုပဲ ထုတ်သုံးမှာဖြစ်တယ်။ အတ္တလန်တာပွဲမှာ နီကိုးနဲ့ ကိုစတက်ကို ထုတ်သုံးခဲ့ပေမယ့် လူငယ် ကစားသမားတွေက ပွဲကစားခွင့်တွေ နည်းနည်းခြင်း မိတ်ဆက်ပေးဖို့ လိုအပ်နေသေးတယ်ဆိုတာ မြင်သာခဲ့တယ်။

လီဗာပူးအသင်းရဲ့ လက်ရှိ လူစာရင်းမှာတော့ တိုက်စစ်တစ်နေရာပဲ အင်ပြည့်အားပြည့် ရှိနေတာပါ။ မန်နေဂျာကလော့ပ်က ပွဲကြိုမှာ ခံစစ်ပိုင်းအတွက် အထူးပြင်ဆင်ထားတယ်လို့ သေချာ ပြောခဲ့တာကြောင့် ဒီပွဲမှာ တိုက်စစ် လေးဦးတန်းကို ထုတ်သုံးမှာ မဟုတ်ဘဲ သုံးဦးကိုပဲ ထားကစားစေမယ် ခန့်မှန်းရပါတယ်။

ဒါကြောင့် ကွင်းလယ်မှာတော့ အသင်းခေါင်းဆောင် ဟန်ဒါဆန် ပြန်လည် ဝင်ရောက်လာပြီး နံပါတ် ၆ နေရာကို ပြန်လည် တာဝန်ယူပေးပါမယ်။ တွဲဘက်အဖြစ်တော့ ဝိုက်နယ်ဒမ်နဲ့ ကာတစ်ဂျုံးကို ကစားစေမှာဖြစ်တယ်။ မီနာမီနိုကို ကွင်းလယ် အထောင်တိုက်စစ်နေရာမှာ ကစားခိုင်းလို့ ရပေမယ့် နည်းစနစ်ပိုင်းအရ ခံစစ်ပိုကူပေးဖို့ရာ ဂျုံးကိုပဲ ရွေးဖို့များပါတယ်။

တိုက်စစ်မှာတော့ ချန်ပီယံလိဂ်ပွဲတုန်းက အနားပေးထားတဲ့ ဂျိုတာနဲ့ ဖာမင်နိုတို့ကို ထည့်သုံးမှာဖြစ်တယ်။ ကိုဗစ်ကြောင့် အနားရခဲ့တဲ့ ဆာလက်ကလည်း ဒီပွဲမှာ ထပ်ပါဦးမှာဖြစ်ကာ ပွဲဆက်များနေတဲ့ မာနေးကိုတော့ အရန်စာရင်းကနေပဲ ထည့်သွင်းဖွယ် ရှိပါတယ်။

ချွင်းချက်အားဖြင့် ဒီပွဲအကြီး လာမယ့် ဗုဒ္ဓဟူးနေ့မှာ ယှဉ်ပြိုင်ကစားရမယ့် အေဂျက်နဲ့ အိမ်ကွင်းပွဲအတွက် ပြင်ဆင်လိုရင်တော့ ဖာဘင်ညိုနဲ့ မာတစ် တစ်ဦးဦးနေရာမှာ အမြင့်ဘော ကောင်းမွန်တဲ့ နက်ဖီးလစ်ကို ထည့်ဖွယ်ရှိတယ်။ ဘရိုက်တန်ဟာ အမြင့်ဘော အားကောင်းတဲ့ အသင်းဖြစ်လို့ ဒီပွဲမှာ ချန်ပီယံလိဂ်လူစာရင်းမှာ မပါတဲ နက်ကို ထည့်တာကလည်း ဖြစ်နိုင်တဲ့ ကိစ္စ ဖြစ်ပါတယ်။

Liverpool Line-up (4-3-3): Alisson; Milner, Matip, Fabinho, Robertson; Henderson, Wijnaldum, Jones; Salah, Firmino, Jota.

ZAWGYI

ဒီကေန႔မွာေတာ့ လီဗာပူးအသင္းဟာ ဘရိုက္တန္းကြင္းထံ အေဝးကြင္းသြားေရာက္ ယွဥ္ျပိဳင္ရမွာျဖစ္ျပီး ေျမာက္လန္ဒန္ဒါဘီပြဲ မတိုင္ခင္ အမွတ္ေပးဇယား ထိပ္ဆံုးကို တက္ေရာက္ဖို႔ကို အာရံုစိုက္မွာ ျဖစ္ပါတယ္။

လီဗာပူးအသင္း ဂိုးေပါက္ကိုေတာ့ အနီေရာင္ကစားသမားဘဝ ပြဲ ၁၀၀ ျပည့္အျဖစ္ အယ္လီဆန္ကပဲ တာဝန္ယူသြားမွာပါ။ ဒီရာသီအစ သူမပါဝင္ႏုိင္ခဲ့တဲ့ ၃ ပတ္ကာလမွာ လီဗာပူးခံစစ္က အေတာ္ေလး ယိမ္းယိုင္ခဲ့ေပမယ့္ ဒီေနာက္ပိုင္းမွာေတာ့ အယ္လီဆန္ရဲ႕ ကစားကြက္ ပူးေပါင္းပါဝင္မႈ၊ တစ္ဦးခ်င္း ထိန္းသိမ္းေပးႏုိင္မႈေတြျဖင့္ ယံုၾကည္စိတ္ခ်ရမႈေတြကို ေပးလာခဲ့ပါတယ္။

ခံစစ္ေၾကာင္းမွာေတာ့ ဖာဘင္ညိဳနဲ႔ မာတစ္ အတြဲကို ထုတ္သံုးဖို႔ မ်ားျပီး ဘယ္ ညာ အစြန္ေတြမွာ ေရာ္ဘတ္ဆန္နဲ႔ မီလ္နာကိုပဲ ထုတ္သံုးမွာျဖစ္တယ္။ အတၱလန္တာပြဲမွာ နီကိုးနဲ႔ ကိုစတက္ကို ထုတ္သံုးခဲ့ေပမယ့္ လူငယ္ ကစားသမားေတြက ပြဲကစားခြင့္ေတြ နည္းနည္းျခင္း မိတ္ဆက္ေပးဖို႔ လိုအပ္ေနေသးတယ္ဆိုတာ ျမင္သာခဲ့တယ္။

လီဗာပူးအသင္းရဲ႕ လက္ရွိ လူစာရင္းမွာေတာ့ တိုက္စစ္တစ္ေနရာပဲ အင္ျပည့္အားျပည့္ ရွိေနတာပါ။ မန္ေနဂ်ာကေလာ့ပ္က ပြဲၾကိဳမွာ ခံစစ္ပိုင္းအတြက္ အထူးျပင္ဆင္ထားတယ္လို႔ ေသခ်ာ ေျပာခဲ့တာေၾကာင့္ ဒီပြဲမွာ တိုက္စစ္ ေလးဦးတန္းကို ထုတ္သံုးမွာ မဟုတ္ဘဲ သံုးဦးကိုပဲ ထားကစားေစမယ္ ခန္႔မွန္းရပါတယ္။

ဒါေၾကာင့္ ကြင္းလယ္မွာေတာ့ အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ ျပန္လည္ ဝင္ေရာက္လာျပီး နံပါတ္ ၆ ေနရာကို ျပန္လည္ တာဝန္ယူေပးပါမယ္။ တြဲဘက္အျဖစ္ေတာ့ ဝိုက္နယ္ဒမ္နဲ႔ ကာတစ္ဂ်ံဳးကို ကစားေစမွာျဖစ္တယ္။ မီနာမီႏိုကို ကြင္းလယ္ အေထာင္တိုက္စစ္ေနရာမွာ ကစားခိုင္းလို႔ ရေပမယ့္ နည္းစနစ္ပိုင္းအရ ခံစစ္ပိုကူေပးဖို႔ရာ ဂ်ံဳးကိုပဲ ေရြးဖို႔မ်ားပါတယ္။

တိုက္စစ္မွာေတာ့ ခ်န္ပီယံလိဂ္ပြဲတုန္းက အနားေပးထားတဲ့ ဂ်ိဳတာနဲ႔ ဖာမင္ႏိုတို႔ကို ထည့္သံုးမွာျဖစ္တယ္။ ကိုဗစ္ေၾကာင့္ အနားရခဲ့တဲ့ ဆာလက္ကလည္း ဒီပြဲမွာ ထပ္ပါဦးမွာျဖစ္ကာ ပြဲဆက္မ်ားေနတဲ့ မာေနးကိုေတာ့ အရန္စာရင္းကေနပဲ ထည့္သြင္းဖြယ္ ရွိပါတယ္။

ခၽြင္းခ်က္အားျဖင့္ ဒီပြဲအၾကီး လာမယ့္ ဗုဒၶဟူးေန႔မွာ ယွဥ္ျပိဳင္ကစားရမယ့္ ေအဂ်က္နဲ႔ အိမ္ကြင္းပြဲအတြက္ ျပင္ဆင္လိုရင္ေတာ့ ဖာဘင္ညိဳနဲ႔ မာတစ္ တစ္ဦးဦးေနရာမွာ အျမင့္ေဘာ ေကာင္းမြန္တဲ့ နက္ဖီးလစ္ကို ထည့္ဖြယ္ရွိတယ္။ ဘရိုက္တန္ဟာ အျမင့္ေဘာ အားေကာင္းတဲ့ အသင္းျဖစ္လို႔ ဒီပြဲမွာ ခ်န္ပီယံလိဂ္လူစာရင္းမွာ မပါတဲ နက္ကို ထည့္တာကလည္း ျဖစ္ႏုိင္တဲ့ ကိစၥ ျဖစ္ပါတယ္။

Liverpool Line-up (4-3-3): Alisson; Milner, Matip, Fabinho, Robertson; Henderson, Wijnaldum, Jones; Salah, Firmino, Jota.