လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က ဘရိုက်တန်နဲ့ပွဲမှာ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို အတော်လေး ထိန်းထိန်းသိမ်းသိမ်း ပြောခဲ့ပေမယ့် စိတ်ပျက်နေတာကိုယ်တော့ ဖုံးကွယ်နိုင်ခဲ့ခြင်း မရှိပါဘူး။

ဟန်ဒါဆန်ဟာ မကြာသေးခင်ကပဲ မာဆေးဆိုဒ်ဒါဘီတုန်းက သူ့ရဲ့ သွင်းဂိုး ပယ်ဖျက်ခံရခြင်းနဲ့ ပက်သက်လို့ VAR ကို ဝေဖန်တာကြောင့် ပရီးမီးယားလိဂ်ရဲ့ အရေးယူခြင်း ခံရဖို့ နီးစပ်ခဲ့တာပါ။ ဒီတစ်ကြိမ်မှာလည်း ပွဲပြီးခါနီးမှာ ဖြစ်ရပ်သေးလေး တစ်ခုကို ပြန်ကြည့်ပြီး အလွယ်တကူ ပင်နယ်တီ ပေးလိုက်တာအတွက် သူက မကျေနပ် ဖြစ်နေပါတယ်။

ဟန်ဒါဆန်က ” ကျနော်တို့ အနိုင် ဖြစ်ရမှာပါ။ ကျနော် အမြင်မှာတော့ ရမှတ် သုံးမှတ်အပြည့် ဖြစ်ရမှာပါ။ ဖြစ်ရပ်ကို ပြန်လည် ကြည့်ပြီးပါပြီ။ ဘယ်သူကကော ပျော်နေမှာလဲ။ အဲ့တာက ပင်နယ်တီမှာ မဟုတ်တာ။

ကျနေ်ာတို့က အပတ်တိုင်း ဒီလို မတော်တဆ ကိစ္စတွေကို စကားပြောနေရပါတယ်။ ဒီလိုတွေပြောပြီး ပြဿနာတွေလည်း မဖြစ်ချင်ပါဘူး။ ဒါပေမယ့် ကျနော်အတွက်တော့ အဲ့တာက ပင်နယ်တီ မဟုတ်ပါဘူး။

ဒန်နီ ဝဲလ်ဘတ်ကလည်း အဲ့တာက ပင်နယ်တီ မဟုတ်ဘူးလို့ ကျနော်ကို ပြောပါတယ်။ သူတို့အသင်းက ကစားသမား လေးယောက်၊ ငါးယောက်လောက်ကလည်း ပင်နယ်တီ မဟုတ်ဘူးလို့ ခံစားရတယ်။ ဖြစ်ရပ်တွေကို ပြန်ကြည့်ဖို့ဆိုတာက ပင်နယ်တီ ပေးသင့်တဲ့ သိသာတဲ့ ဖြစ်ရပ်မျိုး ဖြစ်သင့်ပါတယ်။ ပင်နယ်တီပေးရမယ့် ရှင်းရှင်းလင်းလင်း ကိစ္စဆိုရင် ပြန်ကြည့်ပြီး ပင်နယ်တီပေးပါ။

ကွင်းလယ်ဒိုင်က ကျနေ်ာတို့ထက် ပိုသိပါတယ်။ ဒါပေပမယ့် ဒီနေ့ အသင်းဖော်တွေ ကောင်းခဲ့ပြီး အနိုင်သုံးမှတ် ရဖို့လည်း ထိုက်တန်တယ်လို့ ထင်ပါတယ်။

ပထမပိုင်းမှာ ကျနေ်ာတို့ တိုးတက်လာဖို့ လိုအပ်ခဲ့တယ်။ ဒုတိယပိုင်းမှာတော့ ကျနေ်ာတို့ တိုးတက်လာခဲ့ပါတယ်။ သွင်းဂိုး နှစ်ဂိုးကလည်း လူကျွံတယ်ဆိုပြီး ပယ်ဖျက်ခံရတယ်။ အားလုံးအတွက် ကျနေ်ာတို့ အကောင်းမြင်ပါတယ်။ စွမ်းဆောင်ရည်က အပြစ် မဟုတ်ပါဘူး။ ရလဒ် ထိခိုက်ခဲ့တာက အယ်ရာတွေကြောင့်လို့ ထင်ပါတယ်။

ကျနေ်ာတို့က ၂ ဂိုး ၃ ဂိုးနဲ့ ပွဲကို အဆုံးသတ်ရမှာဖြစ်တယ်။ အခုတော့ ကျနေ်ာတို့ရဲ့ ရမှတ် ၂ မှတ်ကို လုယူသွားတယ်လို့ ခံစားရပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္က ဘရိုက္တန္နဲ႔ပြဲမွာ ကြင္းလယ္ဒိုင္ရဲ႕ ဆံုးျဖတ္ခ်က္ကို အေတာ္ေလး ထိန္းထိန္းသိမး္သိမ္း ေျပာခဲ့ေပမယ့္ စိတ္ပ်က္ေနတာကိုယ္ေတာ့ ဖံုးကြယ္ႏိုင္ခဲ့ျခင္း မရွိပါဘူး။

ဟန္ဒါဆန္ဟာ မၾကာေသးခင္ကပဲ မာေဆးဆိုဒ္ဒါဘီတုန္းက သူ႔ရဲ႕ သြင္းဂိုး ပယ္ဖ်က္ခံရျခင္းနဲ႔ ပက္သက္လို႔ VAR ကို ေဝဖန္တာေၾကာင့္ ပရီးမီးယားလိဂ္ရဲ႕ အေရးယူျခင္း ခံရဖို႔ နီးစပ္ခဲ့တာပါ။ ဒီတစ္ၾကိမ္မွာလည္း ပြဲျပီးခါနီးမွာ ျဖစ္ရပ္ေသးေလး တစ္ခုကို ျပန္ၾကည့္ျပီး အလြယ္တကူ ပင္နယ္တီ ေပးလိုက္တာအတြက္ သူက မေက်နပ္ ျဖစ္ေနပါတယ္။

ဟန္ဒါဆန္က ” က်ေနာ္တို႔ အႏုိင္ ျဖစ္ရမွာပါ။ က်ေနာ္ အျမင္မွာေတာ့ ရမွတ္ သံုးမွတ္အျပည့္ ျဖစ္ရမွာပါ။ ျဖစ္ရပ္ကို ျပန္လည္ ၾကည့္ျပီးပါျပီ။ ဘယ္သူကေကာ ေပ်ာ္ေနမွာလဲ။ အဲ့တာက ပင္နယ္တီမွာ မဟုတ္တာ။

က်ေန္ာတို႔က အပတ္တိုင္း ဒီလို မေတာ္တဆ ကိစၥေတြကို စကားေျပာေနရပါတယ္။ ဒီလိုေတြေျပာျပီး ျပႆနာေတြလည္း မျဖစ္ခ်င္ပါဘူး။ ဒါေပမယ့္ က်ေနာ္အတြက္ေတာ့ အဲ့တာက ပင္နယ္တီ မဟုတ္ပါဘူး။

ဒန္နီ ဝဲလ္ဘတ္ကလည္း အဲ့တာက ပင္နယ္တီ မဟုတ္ဘူးလို႔ က်ေနာ္ကို ေျပာပါတယ္။ သူတို႔အသင္းက ကစားသမား ေလးေယာက္၊ ငါးေယာက္ေလာက္ကလည္း ပင္နယ္တီ မဟုတ္ဘူးလို႔ ခံစားရတယ္။ ျဖစ္ရပ္ေတြကို ျပန္ၾကည့္ဖို႔ဆိုတာက ပင္နယ္တီ ေပးသင့္တဲ့ သိသာတဲ့ ျဖစ္ရပ္မ်ိဳး ျဖစ္သင့္ပါတယ္။ ပင္နယ္တီေပးရမယ့္ ရွင္းရွင္းလင္းလင္း ကိစၥဆိုရင္ ျပန္ၾကည့္ျပီး ပင္နယ္တီေပးပါ။

ကြင္းလယ္ဒိုင္က က်ေန္ာတို႔ထက္ ပိုသိပါတယ္။ ဒါေပပမယ့္ ဒီေန႔ အသင္းေဖာ္ေတြ ေကာင္းခဲ့ျပီး အႏုိင္သံုးမွတ္ ရဖို႔လည္း ထိုက္တန္တယ္လို႔ ထင္ပါတယ္။

ပထမပိုင္းမွာ က်ေန္ာတို႔ တိုးတက္လာဖို႔ လိုအပ္ခဲ့တယ္။ ဒုတိယပိုင္းမွာေတာ့ က်ေန္ာတို႔ တိုးတက္လာခဲ့ပါတယ္။ သြင္းဂိုး ႏွစ္ဂိုးကလည္း လူကၽြံတယ္ဆိုျပီး ပယ္ဖ်က္ခံရတယ္။ အားလံုးအတြက္ က်ေန္ာတို႔ အေကာင္းျမင္ပါတယ္။ စြမ္းေဆာင္ရည္က အျပစ္ မဟုတ္ပါဘူး။ ရလဒ္ ထိခိုက္ခဲ့တာက အယ္ရာေတြေၾကာင့္လို႔ ထင္ပါတယ္။

က်ေန္ာတို႔က ၂ ဂိုး ၃ ဂိုးနဲ႔ ပြဲကို အဆံုးသတ္ရမွာျဖစ္တယ္။ အခုေတာ့ က်ေန္ာတို႔ရဲ႕ ရမွတ္ ၂ မွတ္ကို လုယူသြားတယ္လို႔ ခံစားရပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။