ပရီးမီးယားလိဂ် မန်နေဂျာတွေဖြစ်တဲ့ ယာဂင်ကလော့ပ်နဲ့ ခရစ်ဝိုက်ဒါကြား လူစားလဲမှု ၅ ခု လုပ်ခွင့်အတွက် အငြင်းပွားမှုက ပြေလည်မှု မရသေးဘဲ နှစ်ဦးလုံးက ကိုယ်ရဲ့ အမြင်အတွက် တင်းခံနေဆဲဖြစ်ပါတယ်။

လီဗာပူး အပါအဝင် ကြီး ၆ ကြီးက လူစားလဲမှု ၅ ခု လုပ်ခွင့်ပြန်ရရေး ဆက်လက် တောင်းဆိုပေမယ့် ဝိုက်ဒါက မန်နေဂျာကလော့ပ်ဟာ လီဗာပူးအတွက်ပဲ ကြည့်တဲ့ တစ်ကိုယ်ကောင်းသမားလို့ စွပ်စွဲခဲ့တာပါ။ ရှက်ဖီးကတော့ ချန်ပီယံရှစ်မှာတောင် ရခဲ့ပြီးဖြစ်တဲ့ လူစားလဲမှု ၅ ခု လုပ်ခွင့်ကို ပရီးမီးယားလိဂ်မှာ ခွင့်မပြုဖို့ တင်းခံနေဆဲဖြစ်တယ်။

လူစားလဲမှု ၅ ခု လုပ်ခြင်းဟာ အသာစီးရတဲ့ကိစ္စတွေ ရှိလာမလား၊ လူစားလဲမှု ၃ ခုပဲ လုပ်ရတာကကော အသာစီးရတဲ့ ကိစ္စမျိုးလားဆိုတဲ့ အမေးအတွက် ယာဂင်ကလော့ပ်က ” လူစားလဲမှု ၃ ခု လုပ်ခွင့်နဲ့ ရမှတ် ၁ မှတ်ပဲ ယူထားတဲ့ ရှက်ဖီးကို သွားမေးကြည့်ကြပါ ” လို့ တုန့်ပြန်ခဲ့တယ်။

ဝက်ဘရွန်းကို အရေးနိမ့်တဲ့ပွဲအပြီး သတင်းထောက်တွေက ကလော့ပ်က ခင်ဗျားကို မေးခိုင်းတယ်လို့ လူစားလဲမှု ကိစ္စတွေအကြောင်း မေးရာမှာ ဝိုက်ဒါက သူ့အသင်းအတွက်ပဲ သူကြည့်မယ်လို့ ခပ်ပြတ်ပြတ် ပြန်ဖြေခဲ့တယ်။

ဝိုက်ဒါက ” လူတိုင်းက ကိုယ်ရဲ့ ရှုထောင့်ဘက်ကနေ ခုခံကာကွယ်မှာပါပဲ။ ပရီးမီးယားလိဂ်မှာ မဲ ၂၀ ရှိပါတယ်။ လူတိုင်းက ကိုယ်အတွက်ကို ကြည့်ကြမှာပါ။ ” ဆိုပြီး ဝက်ဘရွန်းကို ၁-၀ နဲ့ အရေးနိမ့်အပြီးမှာ ပြောပါတယ်။

” ကျနော်တို့လည်း ကိုယ်အတွက်ကို ကြည့်ဖို့လိုပါတယ်။ ကျနော်က လီဗာပူးအသင်းကို အများကြီး လေးစားသလို ယာဂင်ကလော့ပ်ကို လေးစားတယ်ဆိုတာကိုလည်း အမြဲတမ်း ပြောခဲ့ပြီးပါပြီ။

ဒီတော့ ကလပ်အတွက်ပဲ ကြည့်ကြည့် သူကိုယ်ကောင်းဆန်တယ်ပြောပြော ပရီးမီးယားလိဂ်မှာ ကလပ်အချို့ရဲ့ မန်နေဂျာတွေက ကိုယ်အသင်းအတွက်ပဲ ကိုယ်ကြည့်ကြပါတယ်။ ကျနော်ကလည်း အမြဲတမ်း ကျနော် အသင်းအတွက်ပဲ ကြည့်မှာပါ ” လို့ တုန့်ပြန်သွားပါတယ်။

ပရီးမီးယားလိဂ်မှာ စည်းမျဉ်းပြောင်းလဲဖို့အတွက် ကလပ် ၂၀ ထဲက အနည်းဆုံး ၁၄ မဲ ထောက်ခံရမှာဖြစ်တယ်။ လက်ရှိ အချိန်ထိ အဆိုပါကိစ္စအတွက် သုံးကြိမ် မဲခွဲထားပေမယ့် တစ်ကြိမ်မှ အဆိုပါ ထောက်ခံမဲကို မရသေးတာဖြစ်ပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ မန္ေနဂ်ာေတြျဖစ္တဲ့ ယာဂင္ကေလာ့ပ္နဲ႔ ခရစ္ဝိုက္ဒါၾကား လူစားလဲမႈ ၅ ခု လုပ္ခြင့္အတြက္ အျငင္းပြားမႈက ေျပလည္မႈ မရေသးဘဲ ႏွစ္ဦးလံုးက ကိုယ္ရဲ႕ အျမင္အတြက္ တင္းခံေနဆဲျဖစ္ပါတယ္။

လီဗာပူး အပါအဝင္ ၾကီး ၆ ၾကီးက လူစားလဲမႈ ၅ ခု လုပ္ခြင့္ျပန္ရေရး ဆက္လက္ ေတာင္းဆိုေပမယ့္ ဝိုက္ဒါက မန္ေနဂ်ာကေလာ့ပ္ဟာ လီဗာပူးအတြက္ပဲ ၾကည့္တဲ့ တစ္ကိုယ္ေကာင္းသမားလို႔ စြပ္စြဲခဲ့တာပါ။ ရွက္ဖီးကေတာ့ ခ်န္ပီယံရွစ္မွာေတာင္ ရခဲ့ျပီးျဖစ္တဲ့ လူစားလဲမႈ ၅ ခု လုပ္ခြင့္ကို ပရီးမီးယားလိဂ္မွာ ခြင့္မျပဳဖို႔ တင္းခံေနဆဲျဖစ္တယ္။

လူစားလဲမႈ ၅ ခု လုပ္ျခင္းဟာ အသာစီးရတဲ့ကိစၥေတြ ရွိလာမလား၊ လူစားလဲမႈ ၃ ခုပဲ လုပ္ရတာကေကာ အသာစီးရတဲ့ ကိစၥမ်ိဳးလားဆိုတဲ့ အေမးအတြက္ ယာဂင္ကေလာ့ပ္က ” လူစားလဲမႈ ၃ ခု လုပ္ခြင့္နဲ႔ ရမွတ္ ၁ မွတ္ပဲ ယူထားတဲ့ ရွက္ဖီးကို သြားေမးၾကည့္ၾကပါ ” လို႔ တုန္႔ျပန္ခဲ့တယ္။

ဝက္ဘရြန္းကို အေရးနိမ့္တဲ့ပြဲအျပီး သတင္းေထာက္ေတြက ကေလာ့ပ္က ခင္ဗ်ားကို ေမးခိုင္းတယ္လို႔ လူစားလဲမႈ ကိစၥေတြအေၾကာင္း ေမးရာမွာ ဝိုက္ဒါက သူ႔အသင္းအတြက္ပဲ သူၾကည့္မယ္လို႔ ခပ္ျပတ္ျပတ္ ျပန္ေျဖခဲ့တယ္။

ဝိုက္ဒါက ” လူတိုင္းက ကိုယ္ရဲ႔ ရႈေထာင့္ဘက္ကေန ခုခံကာကြယ္မွာပါပဲ။ ပရီးမီးယားလိဂ္မွာ မဲ ၂၀ ရွိပါတယ္။ လူတိုင္းက ကိုယ္အတြက္ကို ၾကည့္ၾကမွာပါ။ ” ဆိုျပီး ဝက္ဘရြန္းကို ၁-၀ နဲ႔ အေရးနိမ့္အျပီးမွာ ေျပာပါတယ္။

” က်ေနာ္တို႔လည္း ကိုယ္အတြက္ကို ၾကည့္ဖို႔လိုပါတယ္။ က်ေနာ္က လီဗာပူးအသင္းကို အမ်ားၾကီး ေလးစားသလို ယာဂင္ကေလာ့ပ္ကို ေလးစားတယ္ဆိုတာကိုလည္း အျမဲတမ္း ေျပာခဲ့ျပီးပါျပီ။

ဒီေတာ့ ကလပ္အတြက္ပဲ ၾကည့္ၾကည့္ သူကိုယ္ေကာင္းဆန္တယ္ေျပာေျပာ ပရီးမီးယားလိဂ္မွာ ကလပ္အခ်ိဳ႔ရဲ႕ မန္ေနဂ်ာေတြက ကိုယ္အသင္းအတြက္ပဲ ကိုယ္ၾကည့္ၾကပါတယ္။ က်ေနာ္ကလည္း အျမဲတမ္း က်ေနာ္ အသင္းအတြက္ပဲ ၾကည့္မွာပါ ” လို႔ တုန္႔ျပန္သြားပါတယ္။

ပရီးမီးယားလိဂ္မွာ စည္းမ်ဥ္းေျပာင္းလဲဖို႔အတြက္ ကလပ္ ၂၀ ထဲက အနည္းဆံုး ၁၄ မဲ ေထာက္ခံရမွာျဖစ္တယ္။ လက္ရွိ အခ်ိန္ထိ အဆိုပါကိစၥအတြက္ သံုးၾကိမ္ မဲခြဲထားေပမယ့္ တစ္ၾကိမ္မွ အဆိုပါ ေထာက္ခံမဲကို မရေသးတာျဖစ္ပါတယ္။