လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က မကြာခဏ စကားပြောနေရတဲ့ VAR ကိစ္စကို လာမယ့် ကာလတွေမှာလည်း ထပ်မံ ရင်ဆိုင်ရမှာဖြစ်လို့ အသားကျနေဖို့ လိုအပ်ပါကြောင်း အသင်းဖော်တွေကို သတိပေးလိုက်ပါတယ်။

လီဗာပူးဟာ ဒီရာသီမှာ ဗီဒီယိုပြကွက် သုံးသပ်သူတွေရဲ့ ဆုံးဖြတ်ချက်တွေ အောက်မှာ အကြိမ်ကြိမ် အထိနာနေတာပါ။ ဒဏ်ရာကိစ္စတွေ၊ ပွဲစဉ်ဇယား ကြပ်တည်းမှုတွေက အသင်းကို ထိုးနှက်နေခဲ့ကာ VAR ကတော့ ကြီးကြီးမားမား အထိနာစေတဲ့ ကိစ္စ ဖြစ်နေခဲ့တာပါ။

ဟန်ဒါဆန်က “ ဒီအခြေအနေမှာတော့ ကျနေ်ာတို့အတွက် မမျှတဘူးလို့ ခံစားရသလို အရမ်းလည်း စိတ်ပျက်မိတယ်။ ဒါပေမယ့်လို့ ကျနေ်ာတို့ ဆက်သွားရမှာဖြစ်ပါတယ်။ အခြေအနေတွေကို လိုက်လျောညီထွေ ရှိလာရမှာဖြစ်ပြီး လာမယ့်ပွဲတွေအတွက် အစွမ်းကုန် ယှဉ်ပြိုင်ကြဖို့ လိုပါတယ်။

မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဆိုတာနဲ့ အဝေးကြီးမှာဖြစ်ပေမယ့် ဆုံးဖြတ်ချက်တွေက လုပ်ပြီးသွားပါပြီ။ ကျနေ်ာတို့ ဆက်သွားရမယ်၊ ဆက်ကြိုးစားရမယ်။ ဒါက ကျနေ်ာတို့အပေါ် သက်ရောက်စေမယ်လို့ မထင်ပါဘူး။ ကိစ္စတွေ အားလုံးက ကျနေ်ာတို့ကို အသင်းအနေနဲ့ ပိုသန်မာလာစေပါတယ်။

ခက်ခဲတဲ့ ကာလတွေကို ရင်ဆိုင်ကျော်ဖြတ်နေရချိန်မှာ စွမ်းဆောင်ရည်ကြောင့်ပဲ ဖြစ်ဖြစ်၊ ရလဒ် သို့သည်းမဟုတ် ဒဏ်ရာတွေကို ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် အဲ့တာတွေက ကျနော်တို့ကို အသင်းအနေနဲ့ အတူတကွ ရှိစေပြီး ပိုသန်မာလာစေပါတယ်။ ကျနေ်ာတို့ ပြန်လည် အားဖြည့်ရမှာဖြစ်သလို မကြာခင်မှာ အသင်းဖော်တွေ ပြန်ကြံ့ခိုင်လာတော့မှာပါ။ ” လို့ ဆိုခဲ့တာဖြစ်တယ်။

ဟန်ဒါဆန်ရဲ့ နောက်ဆုံး ပြောစကားအရ အသင်းဖော်တွေ ပြန်သက်သာလာတော့မယ်လို့ ဆိုခဲ့တယ်။ ဒဏ်ရာရ ကစားသမားစာရင်းမှာ မကြာခင် ပြန်သက်သာလာနိုင်သူတွေအဖြစ် သီယာဂို၊ ထရန့်၊ ချိန်ဘာလိန်တို့ ရှိနေလို့ ဟန်ဒိုက သူတို့ကို ရည်ရွယ်ပြီး ပြောခဲ့တာ ဖြစ်နိုင်တယ်လို့ မျှော်လင့်ရတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္က မၾကာခဏ စကားေျပာေနရတဲ့ VAR ကိစၥကို လာမယ့္ ကာလေတြမွာလည္း ထပ္မံ ရင္ဆိုင္ရမွာျဖစ္လို႔ အသားက်ေနဖို႔ လိုအပ္ပါေၾကာင္း အသင္းေဖာ္ေတြကို သတိေပးလိုက္ပါတယ္။

လီဗာပူးဟာ ဒီရာသီမွာ ဗီဒီယိုျပကြက္ သံုးသပ္သူေတြရဲ႕ ဆံုးျဖတ္ခ်က္ေတြ ေအာက္မွာ အၾကိမ္ၾကိမ္ အထိနာေနတာပါ။ ဒဏ္ရာကိစၥေတြ၊ ပြဲစဥ္ဇယား ၾကပ္တည္းမႈေတြက အသင္းကို ထိုးႏွက္ေနခဲ့ကာ VAR ကေတာ့ ၾကီးၾကီးမားမား အထိနာေစတဲ့ ကိစၥ ျဖစ္ေနခဲ့တာပါ။

ဟန္ဒါဆန္က “ ဒီအေျခအေနမွာေတာ့ က်ေန္ာတို႔အတြက္ မမွ်တဘူးလို႔ ခံစားရသလို အရမ္းလည္း စိတ္ပ်က္မိတယ္။ ဒါေပမယ့္လို႔ က်ေန္ာတို႔ ဆက္သြားရမွာျဖစ္ပါတယ္။ အေျခအေနေတြကို လိုက္ေလ်ာညီေထြ ရွိလာရမွာျဖစ္ျပီး လာမယ့္ပြဲေတြအတြက္ အစြမ္းကုန္ ယွဥ္ျပိဳင္ၾကဖို႔ လိုပါတယ္။

မွန္ကန္တဲ့ ဆံုးျဖတ္ခ်က္ဆိုတာနဲ႔ အေဝးၾကီးမွာျဖစ္ေပမယ့္ ဆံုးျဖတ္ခ်က္ေတြက လုပ္ျပီးသြားပါျပီ။ က်ေန္ာတို႔ ဆက္သြားရမယ္၊ ဆက္ၾကိဳးစားရမယ္။ ဒါက က်ေန္ာတို႔အေပၚ သက္ေရာက္ေစမယ္လို႔ မထင္ပါဘူး။ ကိစၥေတြ အားလံုးက က်ေန္ာတို႔ကို အသင္းအေနနဲ႔ ပိုသန္မာလာေစပါတယ္။

ခက္ခဲတဲ့ ကာလေတြကို ရင္ဆိုင္ေက်ာ္ျဖတ္ေနရခ်ိန္မွာ စြမ္းေဆာင္ရည္ေၾကာင့္ပဲ ျဖစ္ျဖစ္၊ ရလဒ္ သို႔သည္းမဟုတ္ ဒဏ္ရာေတြကို ဘာအေၾကာင္းေၾကာင့္ပဲျဖစ္ျဖစ္ အဲ့တာေတြက က်ေနာ္တို႔ကို အသင္းအေနနဲ႔ အတူတကြ ရွိေစျပီး ပိုသန္မာလာေစပါတယ္။ က်ေန္ာတို႔ ျပန္လည္ အားျဖည့္ရမွာျဖစ္သလို မၾကာခင္မွာ အသင္းေဖာ္ေတြ ျပန္ၾကံ႕ခိုင္လာေတာ့မွာပါ။ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ဟန္ဒါဆန္ရဲ႕ ေနာက္ဆံုး ေျပာစကားအရ အသင္းေဖာ္ေတြ ျပန္သက္သာလာေတာ့မယ္လို႔ ဆိုခဲ့တယ္။ ဒဏ္ရာရ ကစားသမားစာရင္းမွာ မၾကာခင္ ျပန္သက္သာလာႏုိင္သူေတြအျဖစ္ သီယာဂို၊ ထရန္႔၊ ခ်ိန္ဘာလိန္တို႔ ရွိေနလို႔ ဟန္ဒိုက သူတို႔ကို ရည္ရြယ္ျပီး ေျပာခဲ့တာ ျဖစ္ႏုိင္တယ္လို႔ ေမွ်ာ္လင့္ရတာ ျဖစ္ပါတယ္။