မန်ယူဟာ ကလပ်အသင်းရဲ့ ခံစစ်ပိုင်း အခြေအနေဆိုးတွေကို ပြုပြင်မှုတွေလုပ်ဖို့အတွက် အေဂျက်အသင်းမှ ဒီလစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲဖြစ်ကြောင်း သိရပါတယ်။

မန်ယူမှာ နည်းပြဆိုးရှား အမြဲတမ်းနည်းပြဖြစ်လာပြီး ရာသီနှောင်းပိုင်းမှာ ကစားသမားတွေ စွမ်းဆောင်ရည် ကျဆင်းခဲ့သလို ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရလို့ ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ထားခဲ့တာပါ။

မန်ယူကတော့ နွေ အပြောင်းအရွှေ့မှာ အသင်းကို ပြန်လည်တည်ဆောက်မယ့် အစီအစဉ်အတွင်း ဒီလစ်ကို အဓိကထားပြီး ခံစစ်ကို ပြန်လည် တည်ဆောက်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

အသက် ၁၉ နှစ်အရွယ် ဒီလစ်ဟာ ဘာစီလိုနာနဲ့ သတင်းတွေကို ပယ်ချထားပြီး ဇွန်လမှာ နယ်သာလန်အသင်းနဲ့အတူ ပါဝင်ကစားပြီးမှ သူ့အနာဂတ်နဲ့ပတ်သက်လို့ ဆုံးဖြတ်ချက်ချမှတ်မယ်လို့လည်း ထုတ်ဖော်ထားပြီးဖြစ်တယ်။

ဒီလစ်ဟာ ပြည်တွင်းဖလား ၂ လုံး အနိုင်ရခဲ့သလို ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့တဲ့ အေဂျက်ကို အသက်ငယ်ငယ်နဲ့တင် အကောင်းဆုံး ဦးဆောင်ပေးထားနိုင်သူလည်း ဖြစ်ပါတယ်။