စီးရီးအေကလပ်တွေဖြစ်တဲ့ ဂျူဗင်တပ်နဲ့ အင်တာမီလန်တို့ဟာ မန်ယူအသင်း တိုက်စစ်မှူး ဆန်းချက်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာကြပြီဖြစ်တယ်။

အာဆင်နယ်အသင်းမှ ခေါ်ယူထားခဲ့ပြီးနောက် ခြေစွမ်းပြသနိုင်ခဲ့ခြင်းမရှိဘဲ ရုန်းကန်နေရသည့် ချီလီတိုက်စစ်မှူး အလက်ဆစ် ဆန်းချက်ဇ်အား ခေါ်ယူရန် စီးရီးအေကလပ်တွေက ဆက်သွယ်လာခဲ့တာဖြစ်ပြီး ကစားသမားရဲ့ အေးဂျင့်နဲ့ ဂျူဗင်တပ်အားကစားဒါရိုက်တာ Fernando Felicevich ၊ အင်တာမီလန် အားကစားဒါရိုက်တာ Piero Ausilio တို့ စကားစပြောနေပြီဖြစ်ပါတယ်။

မန်ယူမှာ ရရှိနေတဲ့ တစ်ပတ်လုပ်ခနှင့် ဆုကြေးများအရ ပရီးမီးယားလိဂ်၏ လုပ်ခအမြင့်မားဆုံး ကစားသမားအဖြစ် ရပ်တည်နေခဲ့သည့် အလက်ဆစ် ဆန်းချက်ဇ်ကို မန်ချက်စတာယူနိုက်တက်အသင်းမှ ဆက်လက်ထိန်းသိမ်းထားရန် ဆန္ဒမရှိတော့ဘဲ နွေရာသီတွင် ရောင်းချသွားရန် အရောင်းစာရင်းသို့ တင်သွင်ထားခဲ့ပါတယ်။

အသက် ၃၀ အရွယ်ရှိပြီဖြစ်သည့် ဆန်းချက်ဟာ ပရိသတ်တွေ မျှော်လင့်တဲ့အတိုင်း မကစားပေးနိုင်တဲ့ သူ့ရဲ့ ခြေစွမ်းနဲ့ ပက်သက်ပြီး တောင်းပန်ကြောင်း ပြောကြားထားသူလည်းဖြစ်တယ်။ ဆိုးရှားရဲ့ အနာဂတ် အစီအစဉ်တွေမှာ ပါဝင်မှာမဟုတ်ပဲ နွေရာသီတွင် အသင်းမှ ထွက်ခွာရန် အနီးစပ်ဆုံးအခြေအနေကို ရောက်ရှိနေပြီလို့လည်း သိရပါတယ်။

၂၀၁၈ ဇန်နဝါရီမှာ အာဆင်နယ်ကနေ ယူနိုက်တက်ကို မီခီတာရန် အပြောင်းအရွှေ့နဲ့အတူ အလဲအထပ်သဘောနဲ့ ပြောင်းခဲ့ချိန်ကစလို့ ဆန်းချက်ဟာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၄၅ ပွဲ ကစားခဲ့ပြီး ၅ ဂိုးပဲ သွင်းယူနိုင်ခဲ့တာဖြစ်တယ်။ သူဟာ အာဆင်နယ်မန်နေဂျာ အာဆင်ဝင်းဂါးလက်အောက်မှာတော့ လေးနှစ်ကြာ ကျင်လယ်ခဲ့ပြီး သွင်းဂိုး ၈၀ ထိ သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူးလည်းဖြစ်ပါတယ်။