မန်ယူအသင်းဟာ နွေအပြောင်းအရွှေ့မှာ ကစားသမား ခေါ်ယူမှုတွေလုပ်ဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေပြီး ထိပ်တန်းကစားသမားတွေကော လူငယ်သွေးသစ်တွေကိုပါ ဆက်သွယ်မှုတွေ လုပ်နေပါတယ်။

အင်္ဂလန်ပြည်တွင်းက လောင်းစတပ်၊ ဆက်ဆက်နွန်၊ ဂျိမ်းစ် အစရှိတဲ့ ကစားသမားတွေက ကလပ်အသင်းရဲ့ စက်ကွင်းထဲမှာ ရှိနေပြီး အဓိက ခေါ်ယူမှုကြီးအဖြစ် မန်ယူတို့ ပြုလုပ်နိုင်တဲ့ ကမ္ဘာအဆင့် ကစားသမား ၅ ဦးကို ဖော်ပြပေးလိုက်ပါတယ်။

ကော်တင်ဟို

ဘာကာကစားသမားဟာ စပိန်မြေမှာ ခြေစွမ်းအတည်ငြိမ်မှုတွေကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ ဘာကာက ဂရစ်စမန်းကို ခေါ်ယူမယ်ဆိုတဲ့ သတင်းတွေကြောင့်လည်း သူ့အနာဂတ်က ပိုမိုမရေမရာဖြစ်နေတာပါ။ မန်ယူအသင်းက သူ့ကို ပစ်မှတ်ထားနေပေမယ့် သူ့ပြောင်းရွှေ့ကြေးက များပြားဖွယ်ရှိပါတယ်။

ဂါရတ်ဘေးလ်

ရီးရဲလ်မှာ အဆင်မပြေမှုတွေရှိနေပြီး နွေမှာ လာလီဂါကနေ ထွက်ခွာလိုနေတဲ့ ဒီကစားသမားကလည်း အင်္ဂလန်ကို ပြန်လာမယ်လို့ သတင်းတွေ ထွက်နေပါတယ်။ မန်ယူနဲ့ စပါးက ဘေးလ်ကို ပြန်လည်ချိတ်ဆက်နေပါတယ်။ သူ့ပြောင်းရွှေ့ကြေးကလည်း များပြားဖွယ်ရှိနေပါတယ်။

လီဝန်ဒေါစကီး

ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သစ် လက်မှတ်ထိုးဖို့ အဆင်မပြေဖြစ်နေတဲ့ နာမည်ကျော် တိုက်စစ်မှူးကို မန်ယူဘက်က ခေါ်ယူလိုတယ်လို့ သတင်းတွေ ကြီးလာနေတာဖြစ်တယ်။ မန်ယူရဲ့တိုက်စစ်ကို လီဝန်ဒေါစကီး ဦးဆောင်လာမှာက စိတ်လှုပ်ရှားစရာလည်း ဖြစ်ပါတယ်။

ကူလီဘာလီ

လျော့ရဲနေတဲ့ အသင်းရဲ့ ခံစစ်အတွက် မန်ယူဘက်က ကာလရှည် စောင့်ကြည့်ထားရသူဖြစ်တယ်။ မော်ရင်ဟို စိတ်ကြိုက်ကစားသမားဖြစ်ခဲ့ပြီး ကူလီဘာလီကို ခေါ်ယူပေးဖို့ ဘုတ်အဖွဲ့ကို တောင်းဆိုဖူးခဲ့ပါသေးတယ်။ ဆိုးရှားကလည်း သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေပါသေးတယ်။

ဒီလစ်

အေဂျက် လူငယ်ခံစစ်မှူးက ဥရောပထိပ်တန်းအသင်းကြီးများစွာ စိတ်ဝင်စားနေသလို သူ့ကို မန်ယူအသင်းကလည်း စိတ်ဝင်စားနေပါတယ်။ ဒီလစ်ဟာ အနာဂတ်အတွက် စဉ်စားခြင်း မလုပ်ရသေးပဲ ကလပ်အသင်းတိုင်းက အခွင့်အရေး ရှိနေဆဲ ဖြစ်ပါတယ်။