ချန်ပီယံရှစ်ကလပ် ဒါဘီမှာ အငှားသွားကစားရင်း ခြေစွမ်းပြခဲ့တဲ့ လူငယ်ကစားသမာ မေဆန်မောင့်ကို ချယ်ဆီးအသင်းက ရာသီကြိုပွဲစဉ်များမှာ ကစားခွင့်ပေးပြီး အသင်းမှာ ခေါ်ထားဖို့ စောင့်ကြည့်တော့မှာ ဖြစ်ပါတယ်။

နယူးအင်္ဂလန် ရီဗော်လူးရှင်းအသင်းနဲ့ ခြေစမ်းပွဲမှာ ဒဏ်ရာရသွားတဲ့ ချယ်ဆီးကွင်းလယ် လော့ဖ်တပ်ချိခ်က ၄င်း ဖနောင့်ကြော ဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူခဲ့ပြီ ဖြစ်ပြီး ခွဲစိတ်မှု အောင်မြင်ကြောင်းနဲ့ ဒိထက် ပိုကောင်းမွန်တဲ့ ပုံစံနဲ့ ပြန်လာခဲ့မယ်လို့ ပရိသတ်တွေထံ သတင်းစကား ပါးခဲ့ပါတယ်။

ဆာရီရဲ့ နည်းပြအဖွဲ့ဝင် ၁၁ ဦးဟာ ချယ်ဆီးအသင်းနဲ့ တစ်နှစ်သာ စာချုပ် ချုပ်ထားတာကြောင့် စာချုပ်ကုန်ဆုံးတော့မှာ ဖြစ်ပြီး သက်တမ်းတိုး ကမ်းလှမ်းမှုလည်း မရသေးတာကြောင့် ဆာရီက ယူရိုပါပွဲ ပြီးတာနဲ့ အသင်းထံ တောင်းဆိုသွားဖို့ စီစဉ်နေပါတယ်။

ဆာရီက သုံးနှစ် စာချုပ် ချုပ်ဆိုထားတာ ဖြစ်ပြီး ချယ်ဆီးက ၄င်းကို မထုတ်ပယ်ပါက နည်းပြ အဖွဲ့ဝင်များက ဆက်ရှိမှာ ဖြစ်ပြီး ဆာရီ အသင်းက ထွက်ခွာရင်တော့ သက်တမ်းတိုးနိုင်မှာ မဟုတ်တော့ပါဘူး။

အာဆင်နယ်နဲ့ ချယ်ဆီးအသင်းတို့ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ အရန်ကစားသမား ၁၂ ယောက်ထိ ခေါ်ဆောင်ခွင့် ပြုဖို့ ယူအီးအက်ဖ်အေက အတည်ပြုထားပါတယ်။

ချယ်ဆီး ဘယ်ခြမ်းခံစစ်မှူး မားကို့စ် အလွန်ဆိုကို အက်သလက်တီကို မက်ဒရစ်က ခေါ်ယူဖို့ ပစ်မှတ်ထားနေကြောင်း AS သတင်းမှာ ဖော်ပြ ထားပါတယ်။ စပိန်ကလပ်ဟာ အသက် ၂၈ နှစ်အရွယ် ချယ်ဆီးခံ့စစ်မှူးကို အသင်းကထွက်ခွာမယ့် လူကပ်ဟာနန်ဒက်၊ ဖိလစ် လူးဝစ်တို့ နေရာ အစားထိုးဖို့ ကြံရွယ်နေတာပါ။

နည်းပြ ဆာရီက ယူရိုပါလိဂ် ဗိုလ်လုပွဲ ရှိနေခြင်းကြောင့်သာ အထုတ်ခံရမယ့် အရေးမှ အချိန်ဆိုင်းခံနေရခြင်း ဖြစ်ပြီး ပွဲပြီးတာနဲ့ ချယ်ဆီးအသင်းနဲ့ ပိုင်ရှင် ရိုမန်အေဗရာမိုဗစ်က ၄င်းကို ထုတ်ပယ်ကာ လမ်းပတ်ကို အစားထိုး ခန့်အပ်ရန် စိတ်အားထက်သန်နေပါတယ်။

ချယ်ဆီးအသင်းဟာ အပြောင်းအရွှေ့ ပိတ်ခံရမှုအတွက် အယူခံ ဖီဖာမှ ပယ်ချခံရပြီးနောက် အားကစား ရုံးတော်ထံ အယူခံ ထပ်တင်ဖို့ ကြံရွယ်ခဲ့သော်လည်း ကလပ်အသင်း ရှေ့နေများက ဆွေးနွေးလျက်ရှိပြီး အယူခံ ထပ်မ၀င်သေးဘဲ စောင့်ကြည့်နေပါတယ်။