မန်ယူအသင်းရဲ့ အကယ်ဒမီ တိုက်စစ်ကစားသမား ရက်ဖို့က အသင်းအနေနဲ့ ဆုဖလားတွေကို အောင်မြင်လိုကြောင်း ရည်ရွယ်ချက်ကောင်းတွေ ပြသမှာကို အလိုရှိနေပြီး နွေမှာ ခေါ်ယူမှုကြီးတွေ လုပ်မှပဲ အသင်းနဲ့ သက်တမ်းတိုးဖွယ် ရှိပါတယ်။

မန်ယူနဲ့ စာချုပ်သက်တမ်း သိပ်မကျန်တော့တဲ့ ရပ်ဖို့ဟာ သူ့ရဲ့အနာဂတ်ကို စဉ်းစားနေဆဲဖြစ်ပါတယ်။ မန်ယူအသင်း အသင်းတာဝန်ရှိသူတွေကတော့ ကစားသမားလေးကို အသင်းမှာပဲ နောက်ထပ် ၂ ရာသီလောက် ဆက်လက်ထိန်းသိမ်းဖို့ အလိုရှိနေပါတယ်။

ရ်ဖို့ကို စာချုပ်သစ် ချုပ်ဆိုဖို့အတွက် မန်ယူဘက်က စီစဉ်နေပေမယ့် သက်တမ်းတိုး အစီအစဉ်တွေ အဆင်မပြေမှာကိုလည်း စိတ်ပူးနေတယ်။ ရပ်ဖို့ကတော့ လက်မှတ်မထိုးခင်မှာ ကလပ်အသင်းရဲ့ အနာဂတ် ရည်မှန်းချက်ကို ရှင်းရှင်းလင်းလင်းသိရဖို့ အလိုရှိတယ်လို့ အကြောင်းပြန်ထားပါတယ်။

မန်ယူဟာ ရာသီနှောင်းပိုင်း ပွဲစဉ်တွေမှာ ပုံစံကောင်းတွေ ပျောက်ဆုံးခဲ့တာကြောင့် ထိပ်ဆုံးလေးသင်းနေရာနဲ့ လွဲချော်ခဲ့ရပြီး ချန်ပီယံလိဂ်ဝင်ခွင့် မရထားပါဘူး။ ရပ်ဖို့က ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင်ကာ ကစားရဖို့ ဆန္ဒရှိနေပြီး မန်ယူဘက်က အဆိုပါ ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်လိုတဲ့ ရည်ရွယ်ချက်ကောင်းတွေ ပြသစေလိုနေတယ်။

မန်ယူနဲ့ ရပ်ဖို့ကြား စာချုပ်သက်တမ်းက လာမယ့်ရာသီမှာ ကုန်ဆုံးမှာဖြစ်ပေမယ့် ကလပ်ဘက်က ၁၂ လ သက်တမ်းတိုးထားပါတယ်။ ဒါကြောင့် လာမယ့်ရာသီမှာ စာချုပ်သစ်ကိစ္စ အဆင်မပြေရင် မန်ယူက ရပ်ဖို့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်မလွတ်ရအောင် ရောင်းထုတ်ရမှာလည်း ဖြစ်ပါတယ်။