ပရီမီးယားလိဂ်ကလပ်တွေ အကြိုက် ကစားသမား ဇီယက် အေဂျက်အသင်းကနေ နွေအပြောင်းအရွှေ့မှာ ထွက်ခွာတော့မယ်လို့ ကလပ်အသင်း အားကစားဒါရိုက်တာဖြစ်သူ အိုမာရက်စ်က အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ၄င်းကို မန်ယူ၊ အာဆင်နယ်နဲ့ လီဗာပူးတို့ စောင့်ကြည့်မှုတွေ ပြုလုပ်ထားတယ်။

မန်ယူအသင်းဟာ အသင်း ၁၅ နှစ်သာ ရှိသေးတယ် လိုင်ယွန်ခြေစွမ်းထက် လူငယ်ကစားသမား ရာယန် ချာကီရဲ့ မိဘများနဲ့ ပြောဆို ဆွေးနွေးမှုများ ပြုလုပ်န်ေပါတယ်။ သြဂုတ် အသက် ၁၆ နှစ်ပြည့်မှသာ ၄င်းက ပရိုစာချုပ် ချုပ်ဆိုနိုင်မှာ ဖြစ်ပါတယ်။

မန်ယူနိုက်တက် ဂန္တ၀င်ကစားသမား ၀ိန်း ရွန်းနီက အသင်းကစားသမားတွေဟာ သူတို့ ကြောက်ရွံ့ရမယ့် သူ တစ်ဦး လိုအပ်နေပြီး ဆိုးရှားကို ထိုသို့ ကြောက်ရွံ့နေသင့်တယ်လို့ ပြောကြားလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဖူဟမ်အသင်းမှာ ခြေစွမ်းထက် လူငယ်တိုက်စစ်သမား ရိုင်ယန် ဆီဂတ်ဆန်ကို ကနဦး ဆက်သွယ်မှုများ ပြုလုပ်ထားတယ်လို့ သိရပါတယ်။

မန်ယူက လောင်းစတပ်ကို ခေါ်ယူဖို့ ကမ်းလှမ်းထားတယ် ဆိုတဲ့ သတင်းများကို နယူးကာဆယ်အသင်းက ငြင်းဆန် လိုက်ပါတယ်။ အသက် ၂၁ နှစ်အရွယ် ကွင်းလယ်လူငယ်လေးကို မန်စီးတီးနဲ့ လီဗာပူးတို့ကလည်း ဒီနှစ်အစောပိုင်းမှာ မျက်စိကျခဲ့ပါတယ်။

ဒီဂီယာနဲ့ ယူနိုက်တက် အနာဂတ် မသေချာသေးပေမယ့် အိုလီဂန်နာ ဆိုးရှားကတော့ ၂၀၁၉-၂၀ အတွက် အသင်း အစီအစဉ်တွေ ကြေငြာရာမှာ ဒီဂီယာရဲ့ ဂိုးနည်းပြလည်း ဆက်ရှိနေမှာ ဖြစ်တယ်လို့ ထည့်သွင်းထားပါတယ်။ ဒါကြောင့် ယူနိုက်တက် အနေနဲ့ စပိန်သား ဂိုးသမားကိုလည်း သက်တမ်းတိုးနိုင်ဖို့ မျှော်လင့်ချက် ရှိနေဆဲပါ။

ပဲလေ့စ်တိုက်စစ်မှူး ဇာဟာ က မန်ယူနိုက်တက်သို့ ပြန်သွားလိုနေပြီး ၄င်းကို အာဆင်နယ်၊ ဒေါ့မွန်တို့ကလည်း လိုက်လံ ချိတ်ဆက်နေပါတယ်။ ခရစ္စတယ်ပဲလေ့စ်ကတော့ ဇာဟာ အတွက် ပေါင် သန်း ၁၀၀ တောင်းဆိုထားပြီး ယူနိုက်တက် အတွက် ၂၀၁၃ က ပေါင် ၁၀ သန်းနဲ့ သူတို့ ခေါ်ခဲ့တဲ့ ကစားသမားကို ထိုပမာဏနဲ့ ပြန်ဝယ်ဖို့ လက်တွန့်နေပါတယ်။