မန်ယူကွင်းလယ်ကစားသမား ပေါ့ဘာက နွေအပြောင်းအရွှေ့မှာ ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ခွင့်ရဖို့ လစာလျှော့ယူရန် ပြင်ဆင် နေတယ်လို့ သတင်းတွေ ထွက်လာပါတယ်။ ပြီးခဲ့တဲ့ အပတ်ကတော့ ပေါ့ဘာက ဘာနေဗျူးမှာ တစ်နှစ် လုပ်ခ ပေါင် ၁၃ သန်း အလိုရှိတယ်လို့ ဖော်ပြထားမှုတွေ ရှိပါတယ်။

ဒါပေမယ့် ရီးရဲလ်ဘက်က ပေါ့ဘာရဲ့ ကြီးမြင့်တဲ့ လစာကို ပေးဖို့ လက်တွန့်နေတာကြောင့် ကစားသမားဘက်က တောင်းဆိုမှုတွေ လျှော့ရဖို့ ဖြစ်နေတာပါ။

စပိန်ဘက် သတင်းများအရ အသက် ၂၆ နှစ်အရွယ် ပြင်သစ်သားဟာ ချန်ပီယံလိဂ်မရတဲ့ ယူနိုက်တက်ထံမှ လက်ရှိ ဥရောပချန်ပီယံ ရီးရဲလ်မက်ထရစ်ထံ ၂၀၁၉-၂၀ ဘောလုံးရာသီ အမှီ ပြောင်းဖို့အတွက် ၄င်း လစာကို ညှိနှိုင်းပေးမယ်လို့ တစ်ထစ် လျှော့လာခဲ့ပါတယ်။ စိတ်ကူးအိပ်မက်ထဲက အသင်းက ရီးရဲလ်ပါလို့ ပြောဆိုထားတဲ့ ပေါ့ဘာက ဒီနွေမှာ အသည်းအသန် အသင်းပြောင်းလိုနေတာပါ။

ပေါ့ဘာက ၂၀၁၈-၁၉ ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်အတွက် ၄၇ ပွဲကစားပြီး ၁၆ ဂိုးသွင်းယူ၍ ၁၁ ဂိုးဖန်တီးပေးထား သူ ဖြစ်ပါတယ်။

ရီးရဲလ်ရဲ့ မဟာပြိုင်ဘက် ဘာစီလိုနာအသင်းကလည်း ပြင်သစ်လက်ရွေးစင် ကစားသမားကို စိတ်ဝင်စားကြောင်း ပြသခဲ့ပေမယ့်လည်း ကစားသမား ကိုယ်တိုင် အလေးသာနေတဲ့ ရီးရဲလ်မက်ဒရစ် အသင်းကသာ ၂၀၁၈ ကမ္ဘာ့ဖလားကို ပြင်သစ်အသင်းနှင့်ရရှိအောင် စွမ်းဆောင်ပေးထားနိုင်သော ပေါ့ဘာကို ခေါ်ယူနိုင်ဖွယ်ရှိနေပါတယ်။