လီဗာပူး ဂိုးသမားဟောင်း ပီပီရေနာက ၄င်း ၈နှစ် ၉နှစ်ကြာ ဖြတ်သန်းခဲ့တဲ့ အန်းဖီးက အိမ် ပမာ ခံစားနေရဆဲ ဖြစ်ပြီး လီဗာပူးအသင်း အနေနဲ့ သူတို့နဲ့ သက်ဆိုင်ရာ ဥရောပမှာ ပြန်လွှမ်းမိုးလာတာအတွက် ၀မ်းမြောက်မိကြောင်း ပြောဆိုလိုက်ပါတ်ယ။

ကာလရှည် ဒဏ်ရာကြောင့် နားနေရာက ပြန်လာနိုင်ခဲ့တဲ့ လီဗာပူးလူငယ်တိုက်စစ်မှူး ရာဟင်းဘရူစတားက လီဗာပူး ၂၃ အသင်းနဲ့ အတူ Club Brugge နဲ့ ခြေစမ်းပွဲ ပါဝင်ကစားခဲ့ပြီး ဂိုးလည်း သွင်းနိုင်ခဲ့ပါတယ်။ လီဗာပူးလူငယ်အသင်းဟာ ဘရူစတားရဲ့ ဂိုးနဲ့ပဲ ၁-၀ ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပါတယ်။

လီဗာပူး ကွင်းလယ်ကစားသမား နာဘေကိတ်တာရဲ့ ဒဏ်ရာက နှစ်လလောက်ကြာ နားရမယ်လို့ ကနဦးသတင်းများမှာ ဖော်ပြထားခဲ့သော်လည်း ကိတ်တာရဲ့ နိုင်ငံအသင်း ဂူနီယာကတော့ ၄င်းတို့ ကစားသမားဟာ ဇွန် ၂၁ ရက်မှာ စတင်မယ့် အာဖရိကဖလားကို သေချာပေါက် ၀င်ကစားနိုင်မယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

လီဗာပူးတိုက်စစ်မှူး ရော်ဘတ်တို ဖာမင်နိုဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ပါဝင်ကစားဖို့ရာ အခြေအနေကောင်းနေပါပြီ။ ဖာမီနိုက ပြန်လည်ကြံ့ခိုင်မှု လေ့ကျင့်ရေးတွေပြုလုပ်နေတဲ့ ဗီဒီယိုဖိုင် တင်ကာ ပရိသတ်တွေကို မျှဝေခဲ့တာပါ။

လီဗာပူး ကွင်းလယ် တိုက်စစ်သမား လယ်လာနာဟာ ဒီတလော နှစ်တွေမှာ ဒဏ်ရာများနဲ့ ရုန်းကန်နေရပြီး လီဗာပူးမှာ ၄င်းအတွက် နေရာမရှိတော့တာကြောင့် အသင်းဟောင်း ဆောက်သမ်တန်ဆီ ပြန်သွားလိုနေပါတယ်။ ၂၀၂၀ မှာ စာချုပ်ကုန်ဆုံးမှာ ဖြစ်တဲ့ လယ်လာနာအတွက် လီဗာပူးက ပေါင် ၁၃ သန်းခန့် တောင်းဆိုဖွယ် ရှိပါတယ်။

လီဗာပူးအသင်းဟာ ဝါရင့်ကစားသမား လယ်လာနာ၊ အငှားချထားတဲ့ လူငယ်ကွင်းလယ်လူ ဂရုဂျစ်နဲ့ မနှစ်ကမှ စတုတ်ကနေ ခေါ်ယူထားတဲ့ ရှာကွီရီတို့ကို အရောင်းစာရင်းတင်ရန် ပြင်ဆင်နေပါတယ်။

လီဗာပူးအသင်း ချိတ်ဆက်နေတဲ့ ဘရစ်စတိုးစီးတီးအသင်း လူငယ်ခံစစ်မှူး လွိုက် ကယ်လီကို ဘုန်းမောက်အသင်းက ပေါင် ၁၃ သန်းနဲ့ ခက်သွက်သွက်ပဲ ခေါ်ယူသွားခဲ့ပါပြီ။