ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ထွက်ပေါ်နေတဲ့ ပရီးမီးယားလိဂ်ကို ၂ ပတ်နားမယ်ဆိုတဲ့ ကိစ္စနဲ့ ပက်သက်ပြီး လိဂ်ဘက်က တရားဝင် သတင်း ထုတ်ပြန်ပေးလာပါပြီ။

ဗြိတိန်တွင်း ကိုဗစ် ကူးစက်မှုနှုန်း မြင့်တက်နေခြင်းကြောင့် ဆောင်းရာသီ အားလပ်ရက်ပုံစံ ၂ ပတ် အနားပေးမှုကို ဇန်နဝါရီလထဲ ပြုလုပ်သွားမယ်လို့ သတင်းထွက်နေခဲ့တာပါ။ ဒါပေမယ့်လို့ အဆိုပါ ကိစ္စက မဟုတ်မှန်ဘဲ သက်မှတ် စည်းကမ်းချက်တွေအောက်မှာ လိဂ်ကို ပုံမှန်အတိုင်း ဆက်လက် ယှဉ်ပြိုင်သွားမယ်လို့ ကြေညာလာခြင်း ဖြစ်ပါတယ်။

အဆိုပါ ထုတ်ပြန်ချက်မှာတော့ ” ပရီးမီးယားလိဂ်က လိဂ်ကို ရပ်နားဖို့ ဆွေးနွေးခဲ့ခြင်း မရှိသလို ဆွေးနွေးသွားမှာလည်း မဟုတ်ပါဘူး။ ကိုဗစ်-၁၉ ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လိဂ်ကို ပုံမှန် ရက်စွဲတွေအတိုင်း ကစားသွားနိုင်ဖို့ ယုံကြည်ချက် ရှိထားပါတယ်။ ဒါတွေကို ဆက်လုပ်ဖို့အတွက်လည်း အစိုးရဘက်က အပြည့်အဝေ ထောက်ခံပေးထားပါတယ်။

ကစားသမားတွေနဲ့ ဝန်ထမ်းတွေရဲ့ ကြံ့ခိုင်ရေးက ဦးစားပေးပါပဲ။ ကလပ်တွေ လိုက်နာရမယ့် နည်းနာတွေအတွက်လည်း လိဂ်ဘက်က အပြည့်အဝ အကူအညီပေးနေပါတယ် ” လို့ ဖော်ပြခဲ့တယ်။

လိဂ်ကို ပုံမှန်အတိုင်း ပြန်ကစားမှာဖြစ်ပေမယ့် ပရီးမီးယားလိဂ်ကလပ် တစ်သင်းကမှတော့ ပရိသတ် ဝင်ခွင့်ပေးနိုင်မယ့် အနေအထားမှာ မရှိတော့ပါဘူး။ လီဗာပူးမြို့ကလည်း ကွင်းတွင်း ပရိသတ်ဝင်ခွင့် ပြန်ပိတ်ခံလိုက်ရပြီဖြစ်ကာ လာမယ့် အိမ်ကွင်းပွဲတွေမှာ ကွင်းပိတ်ပုံစံဖြင့် ပြန်လည် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ZAWGYI

ျပီးခ့ဲတဲ့ ရက္ပိုင္းမွာ ထြက္ေပၚေနတဲ့ ပရီးမီးယားလိဂ္ကို ၂ ပတ္နားမယ္ဆိုတဲ့ ကိစၥနဲ႔ ပက္သက္ျပီး လိဂ္ဘက္က တရားဝင္ သတင္း ထုတ္ျပန္ေပးလာပါျပီ။

ျဗိတိန္တြင္း ကိုဗစ္ ကူးစက္မႈႏႈန္း ျမင့္တက္ေနျခင္းေၾကာင့္ ေဆာင္းရာသီ အားလပ္ရက္ပံုစံ ၂ ပတ္ အနားေပးမႈကို ဇန္နဝါရီလထဲ ျပဳလုပ္သြားမယ္လို႔ သတင္းထြက္ေနခဲ့တာပါ။ ဒါေပမယ့္လို႔ အဆိုပါ ကိစၥက မဟုတ္မွန္ဘဲ သက္မွတ္ စည္းကမ္းခ်က္ေတြေအာက္မွာ လိဂ္ကို ပံုမွန္အတိုင္း ဆက္လက္ ယွဥ္ျပိဳင္သြားမယ္လို႔ ေၾကညာလာျခင္း ျဖစ္ပါတယ္။

အဆိုပါ ထုတ္ျပန္ခ်က္မွာေတာ့ ” ပရီးမီးယားလိဂ္က လိဂ္ကို ရပ္နားဖို႔ ေဆြးေႏြးခဲ့ျခင္း မရွိသလို ေဆြးေႏြးသြားမွာလည္း မဟုတ္ပါဘူး။ ကိုဗစ္-၁၉ ဆိုင္ရာ စည္းမ်ဥ္းစည္းကမ္းေတြနဲ႔အညီ လိဂ္ကို ပံုမွန္ ရက္စြဲေတြအတိုင္း ကစားသြားႏုိင္ဖို႔ ယံုၾကည္ခ်က္ ရွိထားပါတယ္။ ဒါေတြကို ဆက္လုပ္ဖို႔အတြက္လည္း အစိုးရဘက္က အျပည့္အေဝ ေထာက္ခံေပးထားပါတယ္။

ကစားသမားေတြနဲ႔ ဝန္ထမ္းေတြရဲ႕ ၾကံ႕ခိုင္ေရးက ဦးစားေပးပါပဲ။ ကလပ္ေတြ လိုက္နာရမယ့္ နည္းနာေတြအတြက္လည္း လိဂ္ဘက္က အျပည့္အဝ အကူအညီေပးေနပါတယ္ ” လို႔ ေဖာ္ျပခဲ့တယ္။

လိဂ္ကို ပံုမွန္အတိုင္း ျပန္ကစားမွာျဖစ္ေပမယ့္ ပရီးမီးယားလိဂ္ကလပ္ တစ္သင္းကမွေတာ့ ပရိသတ္ ဝင္ခြင့္ေပးႏုိင္မယ့္ အေနအထားမွာ မရွိေတာ့ပါဘူး။ လီဗာပူးျမိဳ႕ကလည္း ကြင္းတြင္း ပရိသတ္ဝင္ခြင့္ ျပန္ပိတ္ခံလိုက္ရျပီျဖစ္ကာ လာမယ့္ အိမ္ကြင္းပြဲေတြမွာ ကြင္းပိတ္ပံုစံျဖင့္ ျပန္လည္ ယွဥ္ျပိဳင္ရမွာ ျဖစ္ပါတယ္။