လီဗာပူးအသင်းက နယူးကာဆယ်ကို သရေကျခဲ့တဲ့ ရလဒ်ကို လက်ခံသွားမှာဖြစ်ပြီး ရှေ့ဆက်ပြီး ကြိုးစားဖို့ကိုပဲ အာရုံစိုက်သွားမှာပါလို့ မန်နေဂျာကလော့ပ်က ဆိုပါတယ်။

သရေပွဲတွေ ဆက်နေတဲ့အတွက် ဝေဖန်မှုတွေ ထွက်နေပေမယ့် ကလော့ပ်ကတော့ အသင်းသားတွေ ကြိုးစားခဲ့သလို ပြိုင်ဘက်ကလည်း ကြိုးစားခဲ့တယ်လို့ မြင်တယ်။ သူကတော့ ရလဒ်ကို လေးစားပြီး အကောင်းအဆိုးတွေကို သင်ယူကာ ခက်ခဲနေတဲ့ ကမ္ဘာကြီးရဲ့ အခြေအနေတွေကြားမှာ ဖြစ်လာတာကို လက်သင့်ခံဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

ကလော့ပ်က ” ကျနေ်ာတို့ ဒီအခိုက်အတန့်တွေကို လက်ခံရပါမယ်။ ဆက်လက် ကြိုးစားခဲ့ပေမယ့် နယူးကာဆယ်ကလည်း သူတို့မှာရှိတဲ့ အစွမ်းကုန်သုံးပြီး ကောင်းကောင်း ကာကွယ်သွားနိုင်ခဲ့တယ်။ သိပ်ကောင်းတဲ့ပွဲ ကစားခဲ့ပေမယ့် ရလဒ်ကို လေးစားဖို့ လိုပါတယ်။ ဘာကမှန်တယ်၊ ဘာကမှားတယ်ဆိုတာကို လက်ခံရမှာပါ။

အဆုံးသတ်ပိုင်းကလွဲရင် အများကြီး မှားခဲ့တယ်လို့ မထင်ပါဘူး။ ဆက်လက် ကြိုးစားရမှာပါ။ အကယ်လို့ အဆုံးသတ်ပိုင်း ကောင်းခဲ့မယ်ဆိုရင် ဒီပွဲကို နိုင်ခဲ့မှာပါ။

အမှတ်ပေးဇယားက ကျနေ်ာတို့ရဲ့ အဆင့်ရပ်တည်မှုအကြောင်းက နောက်ဆုံးမှ စဉ်းစားပါတယ်။ ထိပ်ဆုံးမှာရှိနေတာက ကောင်းပါတယ် ဒါပေမယ့်လို့ ထိပ်ဆုံးရှိနေတာက ဘာမှ ထူးထူးခြားခြား မဟုတ်ပါဘူး။ သရေကျခဲ့ပေမယ့်လည်း ဇယားထိပ်မှာ ရှိနေတာက ဒီရာသီက ဘယ်လောက်ထိ ခက်ခဲလဲဆိုတာကို ပြသနေပါတယ်။

ဘဝက မင်းကို ရှောက်သီးပေးလာခဲ့ရင် ဖျော်သောက်လိုက်ပါ။ ကျနေ်ာတို့ နောက်လာမယ့် ဆောက်သမ်တန်။ အက်စတွန်ဗီလာ၊ ယူနိုက်တက်ပွဲတွေအတွက် ဆက်သွားရမယ်။ ကျနေ်ာတို့ရဲ့ တာဝန်ကို နားလည်တာက ကောင်းပါတယ်။ ရလိုတဲ့ရလဒ်တော့ မရခဲ့ဘူး ဒါပေမယ့် ဆိုးဆိုးရွားရွားတွေ ဖြစ်ပွားနေတဲ့ ကမ္ဘာကြီးမှာ ကျနေ်ာတို့ရဲ့ ရလဒ်က အဆိုဆုံး မဟုတ်ပါဘူး ” လို့ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းက နယူးကာဆယ္ကို သေရက်ခဲ့တဲ့ ရလဒ္ကို လက္ခံသြားမွာျဖစ္ျပီး ေရွ႔ဆက္ျပီး ၾကိဳးစားဖို႔ကိုပဲ အာရံုစိုက္သြားမွာပါလို႔ မန္ေနဂ်ာကေလာ့ပ္က ဆိုပါတယ္။

သေရပြဲေတြ ဆက္ေနတဲ့အတြက္ ေဝဖန္မႈေတြ ထြက္ေနေပမယ့္ ကေလာ့ပ္ကေတာ့ အသင္းသားေတြ ၾကိဳးစားခဲ့သလို ျပိဳင္ဘက္ကလည္း ၾကိဳးစားခဲ့တယ္လို႔ ျမင္တယ္။ သူကေတာ့ ရလဒ္ကို ေလးစားျပီး အေကာင္းအဆိုးေတြကို သင္ယူကာ ခက္ခဲေနတဲ့ ကမၻာၾကီးရဲ႕ အေျခအေနေတြၾကားမွာ ျဖစ္လာတာကို လက္သင့္ခံဖို႔လည္း တိုက္တြန္းလိုက္ပါတယ္။

ကေလာ့ပ္က ” က်ေန္ာတို႔ ဒီအခိုက္အတန္႔ေတြကို လက္ခံရပါမယ္။ ဆက္လက္ ၾကိဳးစားခဲ့ေပမယ့္ နယူးကာဆယ္ကလည္း သူတို႔မွာရွိတဲ့ အစြမ္းကုန္သံုးျပီး ေကာင္းေကာင္း ကာကြယ္သြားႏုိင္ခဲ့တယ္။ သိပ္ေကာင္းတဲ့ပြဲ ကစားခဲ့ေပမယ့္ ရလဒ္ကို ေလးစားဖို႔ လိုပါတယ္။ ဘာကမွန္တယ္၊ ဘာကမွားတယ္ဆိုတာကို လက္ခံရမွာပါ။

အဆံုးသတ္ပိုင္းကလြဲရင္ အမ်ားၾကီး မွားခဲ့တယ္လို႔ မထင္ပါဘူး။ ဆက္လက္ ၾကိဳးစားရမွာပါ။ အကယ္လို႔ အဆံုးသတ္ပိုင္း ေကာင္းခဲ့မယ္ဆိုရင္ ဒီပြဲကို ႏုိင္ခဲ့မွာပါ။

အမွတ္ေပးဇယားက က်ေန္ာတို႔ရဲ႔ အဆင့္ရပ္တည္မႈအေၾကာင္းက ေနာက္ဆံုးမွ စဥ္းစားပါတယ္။ ထိပ္ဆံုးမွာရွိေနတာက ေကာင္းပါတယ္ ဒါေပမယ့္လို႔ ထိပ္ဆံုးရွိေနတာက ဘာမွ ထူးထူးျခားျခား မဟုတ္ပါဘူး။ သေရက်ခဲ့ေပမယ့္လည္း ဇယားထိပ္မွာ ရွိေနတာက ဒီရာသီက ဘယ္ေလာက္ထိ ခက္ခဲလဲဆိုတာကို ျပသေနပါတယ္။

ဘဝက မင္းကို ေရွာက္သီးေပးလာခဲ့ရင္ ေဖ်ာ္ေသာက္လိုက္ပါ။ က်ေန္ာတို႔ ေနာက္လာမယ့္ ေဆာက္သမ္တန္။ အက္စတြန္ဗီလာ၊ ယူႏုိက္တက္ပြဲေတြအတြက္ ဆက္သြားရမယ္။ က်ေန္ာတို႔ရဲ႕ တာဝန္ကို နားလည္တာက ေကာင္းပါတယ္။ ရလိုတဲ့ရလဒ္ေတာ့ မရခဲ့ဘူး ဒါေပမယ့္ ဆိုးဆိုးရြားရြားေတြ ျဖစ္ပြားေနတ့ဲ ကမၻာၾကီးမွာ က်ေန္ာတို႔ရဲ႕ ရလဒ္က အဆိုဆံုး မဟုတ္ပါဘူး ” လို႔ဆိုခဲ့တာျဖစ္ပါတယ္။