နယူးကာဆယ်ပွဲမှ လီဗာပူးအသင်းသားတွေရဲ့ စွမ်းဆောင်ရည် မှတ်တမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

Alisson – 7 (out of 10)

နယူးကာဆယ်ဘက်က အခွင့်အရေး (၂) ကြိမ်လောက်ကို အကောင်းဆုံး ကာကွယ်ပေးခဲ့တယ်။ ကလက်ရဲ့ အဆုံးသတ်ကို သူကာကွယ်ပေးခဲ့တာက အသင်းကို clean sheet ရစေခဲ့ပါတယ်။

Trent Alexander-Arnold – 6

ပထမပိုင်းမှာ ကောင်းမွန်တဲ့ လက်မြောက်ဘောကို လုပ်ပေးခဲ့တယ်။ လက်မြောက်ဘောကိစ္စ ထည့်ပြောရတည်းက ပထမပိုင်း ဘယ်လောက်တောင် အထနှေးကြသလဲ မြင်သာပါလိမ့်မယ်။ ပွဲမှာ သွင်းဂိုးရနိုင်လောက်တဲ့ ဖြတ်တင်ဘောတွေလည်း လုပ်ပေးခဲ့ပေမယ့် အသင်းဖော် တိုက်စစ်သမားတွေ အဆုံးမသတ်နိုင်ခဲ့ပါဘူး။

Nat Phillips – 5

အမြင့်ဘော အနိုင်ရတာကလွဲလို့ အားရစရာ မရှိခဲ့ပါဘူး။ အထူးသဖြင့် ကစားကွက် တည်ဆောက်မှုတွေမှာ ရိုးရှင်းတဲ့ နေရာယူမှုနဲ့ ပေးမှုတွေကအစ သူ့အတွက် ခက်ခဲခဲ့ပါတယ်။

Fabinho – 6

နယူးတိုက်စစ်သမား ဝဲလ်ဆန်ကို အကောင်းဆုံး ဟန့်တားခဲ့တယ်။ ဗဟိုခံစစ်မှူး စစ်စစ် မဟုတ်တဲ့ ဖာဘင်ညိုက နက်ဖီးလစ်ရဲ့ အားနည်းမှုကိုပါ ဖြည့်ပေးပြီး ခံစစ်တန်းမှာ ထူးချွန်စွာ ကစားခဲ့ရအောင်တော့ သူလည်း မစွမ်းနိုင်ပါဘူး။ တစ်ဦးချင်းအရတော့ ကောင်းမွန်ခဲ့ပါတယ်။

Andy Robertson – 8 – Man of the Match

တစ်ပွဲလုံးမှာ သီယာဂို ဝင်လာတဲ့ အခိုက်အတန့်ကလွဲလို့ ကျေနပ်ဖို့ ကောင်းခဲ့တာက ရိုဘိုပါပဲ။ သူ့ရဲ့ ဖြတ်တင်ဘောတွေ သိပ်ကောင်းသလို ထောင့်ကန်ဘောတွေကလည်း အရေးပါခဲ့တယ်။ ဒါပေမယ့်လည်း အသင်းဖော် တိုက်စစ်သမား ဖာမင်နိုရဲ့ ပိတ်သွင်းမှုကို နယူးဂိုးသမား ကာကွယ်ခဲ့ပါတယ်။

Jordan Henderson – 5

ဒီပွဲက ဟန်ဒါဆန်အတွက် အကောင်းဆုံးပွဲ မဟုတ်ပါဘူး။ မီလ်နာ၊ ဂျုံးတို့ ရုန်းကန်ရမှုမှာ ဟန်ဒါဆန်ရဲ့ ပြိုင်ဘက် ကစားဟန်ကပေပးတဲ့ ဖိအားတွေကို လျော့ချမှုကလည်း အမှားတွေ များခဲ့တယ်။ သီယာဂို ဝင်လာတဲ့နောက်တော့ သူ့ကစားပုံက အနည်းငယ် တက်လာခဲ့ပါတယ်။

James Milner – 5

ဒဏ်ရာက ပြန်သက်သာလာတဲ့ မီလ်နာက ဘောလုံး မြန်မြန်ရွေ့ဖို့ မလုံလောက်သလို တိုက်စစ်အတွက် ပေးမှုကောင်းတွေ မလုပ်ပေးနိုင်ခဲ့ပေမယ့် ဒီပွဲမှာ ဖိုက်တာ ဖြစ်နေဆဲပါ။ သူ့ရဲ့ ပွဲတွေအပေါ် အစွမ်းကုန် ပေးဆပ်ကစားမှုကို သံသယမရှိပါဘူး။

Curtis Jones – 5

အထင်ကြီးစရာ မကောင်းခဲ့တဲ့ လီဗာပူးကွင်းလယ်တန်း သုံးဦးထဲက တစ်ဦး ဖြစ်ခဲ့ပါတယ်။ ပိုစောစော လူစားလဲ မခံခဲ့ရတာကိုပဲ အံ့အားသင့်ရမှာပါ။

Mohamed Salah – 5

အခွင့်အရေးကောင်းတွေ အများကြီးကို ဖြုန်းတီးပစ်ခဲ့တာပါ။ အခြားအမြင်နဲ့ဆိုရင် သူ့ရဲ့ အဆုံးသတ်တွေကို နယူးဂိုးသမား အကောင်းဆုံး ကာကွယ်နိုင်ခဲ့တယ်လို့လည်း ပြောနိုင်ပါတယ်။ ထိချက်တွေ ညံ့ခဲ့ပြီး အဆုံးသတ်တွေ ချာလွန်းခဲ့တယ်။ နိုင်ပွဲပျောက်ခဲ့ခြင်းမှာ အဓိက တာဝန်ရှိတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ပါတယ်။

Roberto Firmino – 5

ရိုဘိုနဲ့ တွဲဘက်ကစားနိုင်ခဲ့ပြီး အဆုံးသတ်အတွက် ခေါင်းတိုက်မှုတွေ၊ ပိတ်သွင်းမှုတွေ လုပ်ခဲ့ပေမယ့် ကာကွယ်ခံလိုက်ရတယ်။ ဆာလက်အတွက် အပိုင်အခွင့်အရေး ရဖို့လည်း ဖန်တီးပေးနိုင်ခဲ့တယ်။ ဒါပေမယ့်လည်း ဒီပွဲမှာ လုံလောက်တဲ့ ခြေစွမ်း မပြနိုင်ဘဲ မကြာခဏ ပေးမှု များခြင်းနဲ့အတူ တိုက်စစ်မှာ လေးလံတဲ့ ကစားဟန်က အကူအညီ မဖြစ်ခဲ့ပါဘူး။

Sadio Mane – 6

အမှားတွေရှိပေမယ့် တိုက်စစ်သမား သုံးယောက်ထဲမှာ ကျေနပ်စရာ အကောင်းဆုံးပါ။ သူ့ရဲ့ မားကျောပြီး မြန်ဆန်တဲ့ တိုးအားတွေနဲ့ နယူးကာဆယ် ခံစစ်ကို အလုပ်များစေခဲ့တယ်။ ဒါပေမယ့်လို့ နယူးကာဆယ်ခံစစ်သမားတွေ ကြည့်ရတာ မာနေးကို ခုခံဖို့ ကမ္ဘာအခက်ခဲဆုံး ကိစ္စကြီးကို လုပ်ခဲ့ရတယ်လို့ မခံစားရပါဘူး။

Substitutes

Georginio Wijnaldum (on for Jones, 68′) – 5

လူစားဝင်လာခဲ့ပြီး ကစားကွက်တက်လာအောင်တော့ မကြိုးစားပေးနိုင်ခဲ့ဘူး။ ဧရိယာထိပ်မှာ ပေးချက်တွေ လုပ်ခဲ့ပြီး ဖျက်တောက်ဖို့ လွယ်တဲ့ ပေးချက်တွေလည်း ဖြစ်ခဲ့ပါတယ်။

Thiago (on for Milner, 73′) – 6

သီယာဂို ဝင်လာပြီးတဲ့နောက် ပွဲအရှိန်က သိသိသာသာ သက်လာခဲ့တယ်။ ဆာလက်ကို သူ့ရဲ့ ပေးချက်တွေ ကောင်းပေမယ့် အီဂျစ်သားက ဒီနေ့မှာ ထိချက်တွေ မကောင်းလှပါဘူး။ လာမယ့်ပွဲမှာ သီယာဂို ပြန်ပါလာရင် လီဗာပူးကစားပုံက အတိုင်းအတာ တစ်ခုကို တိုးတက်လာနိုင်ပါတယ်။

Shaqiri (on for Salah, 90+2′) – N/A

၂ မိနစ်စာလောက် ကစားခွင့်ရခဲ့ပါတယ်။

ZAWGYI

နယူးကာဆယ္ပြဲမွ လီဗာပူးအသင္းသားေတြရဲ႕ စြမ္းေဆာင္ရည္ မွတ္တမ္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

Alisson – 7 (out of 10)

နယူးကာဆယ္ဘက္က အခြင့္အေရး (၂) ၾကိမ္ေလာက္ကို အေကာင္းဆံုး ကာကြယ္ေပးခဲ့တယ္။ ကလက္ရဲ႕ အဆံုးသတ္ကို သူကာကြယ္ေပးခဲ့တာက အသင္းကို clean sheet ရေစခဲ့ပါတယ္။

Trent Alexander-Arnold – 6

ပထမပိုင္းမွာ ေကာင္းမြန္တဲ့ လက္ေျမာက္ေဘာကို လုပ္ေပးခဲ့တယ္။ လက္ေျမာက္ေဘာကိစၥ ထည့္ေျပာရတည္းက ပထမပိုင္း ဘယ္ေလာက္ေတာင္ အထေႏွးၾကသလဲ ျမင္သာပါလိမ့္မယ္။ ပြဲမွာ သြင္းဂိုးရႏုိင္ေလာက္တဲ့ ျဖတ္တင္ေဘာေတြလည္း လုပ္ေပးခဲ့ေပမယ့္ အသင္းေဖာ္ တိုက္စစ္သမားေတြ အဆံုးမသတ္ႏုိင္ခဲ့ပါဘူး။

Nat Phillips – 5

အျမင့္ေဘာ အႏိုင္ရတာကလြဲလို႔ အားရစရာ မရွိခဲ့ပါဘူး။ အထူးသျဖင့္ ကစားကြက္ တည္ေဆာက္မႈေတြမွာ ရိုးရွင္းတဲ့ ေနရာယူမႈနဲ႔ ေပးမႈေတြကအစ သူ႔အတြက္ ခက္ခဲခဲ့ပါတယ္။

Fabinho – 6

နယူးတိုက္စစ္သမား ဝဲလ္ဆန္ကို အေကာင္းဆံုး ဟန္႔တားခဲ့တယ္။ ဗဟိုခံစစ္မွဴး စစ္စစ္ မဟုတ္တဲ့ ဖာဘင္ညိဳက နက္ဖီးလစ္ရဲ႕ အားနည္းမႈကိုပါ ျဖည့္ေပးျပီး ခံစစ္တန္းမွာ ထူးခၽြန္စြာ ကစားခဲ့ရေအာင္ေတာ့ သူလည္း မစြမ္းႏုိင္ပါဘူး။ တစ္ဦးခ်င္းအရေတာ့ ေကာင္းမြန္ခဲ့ပါတယ္။

Andy Robertson – 8 – Man of the Match

တစ္ပြဲလံုးမွာ သီယာဂို ဝင္လာတဲ့ အခိုက္အတန္႔ကလြဲလို႔ ေက်နပ္ဖို႔ ေကာင္းခဲ့တာက ရိုဘိုပါပဲ။ သူ႔ရဲ႕ ျဖတ္တင္ေဘာေတြ သိပ္ေကာင္းသလို ေထာင့္ကန္ေဘာေတြကလည္း အေရးပါခဲ့တယ္။ ဒါေပမယ့္လည္း အသင္းေဖာ္ တိုက္စစ္သမား ဖာမင္ႏိုရဲ႕ ပိတ္သြင္းမႈကို နယူးဂိုးသမား ကာကြယ္ခဲ့ပါတယ္။

Jordan Henderson – 5

ဒီပြဲက ဟန္ဒါဆန္အတြက္ အေကာင္းဆံုးပြဲ မဟုတ္ပါဘူး။ မီလ္နာ၊ ဂ်ံဳးတို႔ ရုန္းကန္ရမႈမွာ ဟန္ဒါဆန္ရဲ႕ ျပိဳင္ဘက္ ကစားဟန္ကေပပးတဲ့ ဖိအားေတြကို ေလ်ာ့ခ်မႈကလည္း အမွားေတြ မ်ားခဲ့တယ္။ သီယာဂို ဝင္လာတဲ့ေနာက္ေတာ့ သူ႔ကစားပံုက အနည္းငယ္ တက္လာခဲ့ပါတယ္။

James Milner – 5

ဒဏ္ရာက ျပန္သက္သာလာတဲ့ မီလ္နာက ေဘာလံုး ျမန္ျမန္ေရြ႔ဖို႔ မလံုေလာက္သလို တိုက္စစ္အတြက္ ေပးမႈေကာင္းေတြ မလုပ္ေပးႏုိင္ခဲ့ေပမယ့္ ဒီပြဲမွာ ဖိုက္တာ ျဖစ္ေနဆဲပါ။ သူ႔ရဲ႕ ပြဲေတြအေပၚ အစြမ္းကုန္ ေပးဆပ္ကစားမႈကို သံသယမရွိပါဘူး။

Curtis Jones – 5

အထင္ၾကီးစရာ မေကာင္းခဲ့တဲ့ လီဗာပူးကြင္းလယ္တန္း သံုးဦးထဲက တစ္ဦး ျဖစ္ခဲ့ပါတယ္။ ပိုေစာေစာ လူစားလဲ မခံခဲ့ရတာကိုပဲ အံ့အားသင့္ရမွာပါ။

Mohamed Salah – 5

အခြင့္အေရးေကာင္းေတြ အမ်ားၾကီးကို ျဖဳန္းတီးပစ္ခဲ့တာပါ။ အျခားအျမင္နဲ႔ဆိုရင္ သူ႔ရဲ႕ အဆံုးသတ္ေတြကို နယူးဂိုးသမား အေကာင္းဆံုး ကာကြယ္ႏိုင္ခဲ့တယ္လို႔လည္း ေျပာႏုိင္ပါတယ္။ ထိခ်က္ေတြ ညံ့ခဲ့ျပီး အဆံုးသတ္ေတြ ခ်ာလြန္းခဲ့တယ္။ ႏုိင္ပြဲေပ်ာက္ခဲ့ျခင္းမွာ အဓိက တာဝန္ရွိတဲ့ ကစားသမားေတြထဲက တစ္ဦးျဖစ္ပါတယ္။

Roberto Firmino – 5

ရိုဘိုနဲ႔ တြဲဘက္ကစားႏုိင္ခဲ့ျပီး အဆံုးသတ္အတြက္ ေခါင္းတိုက္မႈေတြ၊ ပိတ္သြင္းမႈေတြ လုပ္ခဲ့ေပမယ့္ ကာကြယ္ခံလိုက္ရတယ္။ ဆာလက္အတြက္ အပိုင္အခြင့္အေရး ရဖို႔လည္း ဖန္တီးေပးႏုိင္ခဲ့တယ္။ ဒါေပမယ့္လည္း ဒီပြဲမွာ လံုေလာက္တဲ့ ေျခစြမ္း မျပႏုိင္ဘဲ မၾကာခဏ ေပးမႈ မ်ားျခင္းနဲ႔အတူ တိုက္စစ္မွာ ေလးလံတဲ့ ကစားဟန္က အကူအညီ မျဖစ္ခဲ့ပါဘူး။

Sadio Mane – 6

အမွားေတြရွိေပမယ့္ တိုက္စစ္သမား သံုးေယာက္ထဲမွာ ေက်နပ္စရာ အေကာင္းဆံုးပါ။ သူ႔ရဲ႕ မားေက်ာျပီး ျမန္ဆန္တဲ့ တိုးအားေတြနဲ႔ နယူးကာဆယ္ ခံစစ္ကို အလုပ္မ်ားေစခဲ့တယ္။ ဒါေပမယ့္လို႔ နယူးကာဆယ္ခံစစ္သမားေတြ ၾကည့္ရတာ မာေနးကို ခုခံဖို႔ ကမၻာအခက္ခဲဆံုး ကိစၥၾကီးကို လုပ္ခဲ့ရတယ္လို႔ မခံစားရပါဘူး။

Substitutes

Georginio Wijnaldum (on for Jones, 68′) – 5

လူစားဝင္လာခဲ့ျပီး ကစားကြက္တက္လာေအာင္ေတာ့ မၾကိဳးစားေပးႏုိင္ခဲ့ဘူး။ ဧရိယာထိပ္မွာ ေပးခ်က္ေတြ လုပ္ခဲ့ျပီး ဖ်က္ေတာက္ဖို႔ လြယ္တဲ့ ေပးခ်က္ေတြလည္း ျဖစ္ခဲ့ပါတယ္။

Thiago (on for Milner, 73′) – 6

သီယာဂို ဝင္လာျပီးတဲ့ေနာက္ ပြဲအရွိန္က သိသိသာသာ သက္လာခဲ့တယ္။ ဆာလက္ကို သူ႔ရဲ႕ ေပးခ်က္ေတြ ေကာင္းေပမယ့္ အီဂ်စ္သားက ဒီေန႔မွာ ထိခ်က္ေတြ မေကာင္းလွပါဘူး။ လာမယ့္ပြဲမွာ သီယာဂို ျပန္ပါလာရင္ လီဗာပူးကစားပံုက အတိုင္းအတာ တစ္ခုကို တိုးတက္လာႏုိင္ပါတယ္။

Shaqiri (on for Salah, 90+2′) – N/A

၂ မိနစ္စာေလာက္ ကစားခြင့္ရခဲ့ပါတယ္။