မန်နေဂျာယာဂင်ကလော့ပ်က နယူးကာဆယ်နဲ့ပွဲအပြီး ဒဏ်ရာရနေတဲ့ ခံစစ်မှူးတွေဖြစ်တဲ့ ဗန်ဒိုက်နဲ့ မာတစ်တို့ရဲ့ အခြေအနေအတွက် စကားပြောမှု လုပ်သွားပါတယ်။

ဝက်စ်ဘရွန်းနဲ့ပွဲမှာ မာတစ် ဒဏ်ရာရခဲ့ခြင်းဖြစ်ပြီး သူက နယူးကာဆယ်နဲ့ပွဲမှာ ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။ ပေါင်အတွင်းသား နာကျင်မှုကြောင့် အနားယူရမယ့် မာတစ်ဟာ လအတန်ကြာ နားရနိုင်တဲ့ဆိုတဲ့ သတင်းတွေထွက်နေခြင်းကြောင့် ခံစစ်သမားရဲ့ ဒဏ်ရာအတွက် ကလော့ပ်က အတည်ပြုမှု လုပ်ပေးသွားပါတယ်။

မာတစ်နဲ့ ပက်သက်လို့ ကလော့ပ်က ပြောရာမှာ “ မာတစ်ရတဲ့ ဒဏ်ရာမျိုးက ပုံမှန်အားဖြင့် ၃ ပတ်လောက် အချိန်ယူရမှာ ဖြစ်ပါတယ် ” လို့ဖြစ်တယ်။ ဒါကြောင့် မာတစ်ဟာ ဇန်နဝါရီ အစောပိုင်းကာလတွေမှာ ကစားနိုင်တော့မှာ မဟုတ်ပါဘူး။

ဒီတလော ကြံ့ခိုင်မှုဆိုင်ရာ သတင်းတွေကို လူမှုကွန်ယက်ကနေ စတင်ဖော်ပြနေတဲ့ ဗန်ဒိုက်နဲ့ ပက်သက်လို့လည်း ” သတင်းကောင်းပါပဲ ဒါပေမယ့် အဝေးကြီး လိုပါသေးတယ်။ သူက တိုးတက်မှုတွေ လုပ်လာနိုင်ပေမယ့် တကယ်တမ်းကတော့ ပြန်သက်သာလာဖို့ အချိန် အများကြီး ယူရဦးမှာပါ ” လို့ ရှင်းပြသွားတာဖြစ်ပါတယ်။

နောက်ထပ် ကာလရှည် အနားယူနေရတဲ့ ဂိုးမက်စ်နဲ့ ပက်သက်လို့တော့ ကလော့ပ်ဘက်က သတင်းပေးခဲ့ခြင်း မရှိပါဘူး။

ဇန်နဝါရီဈေးကွက် ဖွင့်လာချိန်မှာ လီဗာပူးအသင်းက ခံစစ်မှူးသစ်ကိစ္စ ပြတ်ပြတ်သားသား လုပ်ရဖွယ်ရှိတယ်။ အခုချိန်ထိ အသင်းဘက်က လှုပ်ရှားမှုတွေ နည်းနေပေမယ့် လီဗာပူးသတင်းထောက် ဂျိမ်းပီရက်ဇ်ကတော့ အသင်း ခံစစ်မှူးသစ် ခေါ်ယူမယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

ZAWGYI

မန္ေနဂ်ာယာဂင္ကေလာ့ပ္က နယူးကာဆယ္နဲ႔ပြဲအျပီး ဒဏ္ရာရေနတဲ့ ခံစစ္မွဴးေတြျဖစ္တဲ့ ဗန္ဒိုက္နဲ႔ မာတစ္တို႔ရဲ႕ အေျခအေနအတြက္ စကားေျပာမႈ လုပ္သြားပါတယ္။

ဝက္စ္ဘရြန္းနဲ႔ပြဲမွာ မာတစ္ ဒဏ္ရာရခဲ့ျခင္းျဖစ္ျပီး သူက နယူးကာဆယ္နဲ႔ပြဲမွာ ပါဝင္ႏုိင္ခဲ့ျခင္း မရွိပါဘူး။ ေပါင္အတြင္းသား နာက်င္မႈေၾကာင့္ အနားယူရမယ့္ မာတစ္ဟာ လအတန္ၾကာ နားရႏုိင္တဲ့ဆိုတဲ့ သတင္းေတြထြက္ေနျခင္းေၾကာင့္ ခံစစ္သမားရဲ႕ ဒဏ္ရာအတြက္ ကေလာ့ပ္က အတည္ျပဳမႈ လုပ္ေပးသြားပါတယ္။

မာတစ္နဲ႔ ပက္သက္လို႔ ကေလာ့ပ္က ေျပာရာမွာ “ မာတစ္ရတဲ့ ဒဏ္ရာမ်ိဳးက ပံုမွန္အားျဖင့္ ၃ ပတ္ေလာက္ အခ်ိန္ယူရမွာ ျဖစ္ပါတယ္ ” လို႔ျဖစ္တယ္။ ဒါေၾကာင့္ မာတစ္ဟာ ဇန္နဝါရီ အေစာပိုင္းကာလေတြမွာ ကစားႏုိင္ေတာ့မွာ မဟုတ္ပါဘူး။

ဒီတေလာ ၾကံ႕ခိုင္မႈဆိုင္ရာ သတင္းေတြကို လူမႈကြန္ယက္ကေန စတင္ေဖာ္ျပေနတဲ့ ဗန္ဒိုက္နဲ႔ ပက္သက္လို႔လည္း ” သတင္းေကာင္းပါပဲ ဒါေပမယ့္ အေဝးၾကီး လိုပါေသးတယ္။ သူက တိုးတက္မႈေတြ လုပ္လာႏုိင္ေပမယ့္ တကယ္တမ္းကေတာ့ ျပန္သက္သာလာဖို႔ အခ်ိန္ အမ်ားၾကီး ယူရဦးမွာပါ ” လို႔ ရွင္းျပသြားတာျဖစ္ပါတယ္။

ေနာက္ထပ္ ကာလရွည္ အနားယူေနရတဲ့ ဂိုးမက္စ္နဲ႔ ပက္သက္လို႔ေတာ့ ကေလာ့ပ္ဘက္က သတင္းေပးခဲ့ျခင္း မရွိပါဘူး။

ဇန္နဝါရီေစ်းကြက္ ဖြင့္လာခ်ိန္မွာ လီဗာပူးအသင္းက ခံစစ္မွဴးသစ္ကိစၥ ျပတ္ျပတ္သားသား လုပ္ရဖြယ္ရွိတယ္။ အခုခ်ိန္ထိ အသင္းဘက္က လႈပ္ရွားမႈေတြ နည္းေနေပမယ့္ လီဗာပူးသတင္းေထာက္ ဂ်ိမ္းပီရက္ဇ္ကေတာ့ အသင္း ခံစစ္မွဴးသစ္ ေခၚယူမယ္လို႔ ယံုၾကည္ေနတာ ျဖစ္ပါတယ္။