ညက နယူးကာဆယ်အသင်းနဲ့ လီဗာပူးတို့ ဂိုးမရှိ သရေကျတဲ့ ပွဲမှာ လီဗာပူးအသင်း အားထားရမယ့် တိုက်စစ်မှူး မိုဟာမက် ဆာလက်က ပွဲထဲ မပါဝင်ခဲ့သလိုပဲ ပျောက်ဆုံးနေခဲ့တယ်လို့ တိုက်စစ်မှူးဟောင်း ပီတာခရော့ချ်က ဝေဖန်ခဲ့ပြီး ဆာလက်ကြောင့်ပဲ လီဗာပူးဟာ အချိတ်အဆက်တွေ ပျက်သွားခဲ့တယ်လို့ ခရော့ချ်က ယူဆနေပါတယ်။

ပရီးမီးယားလိဂ်ကို ပြတ်ပြတ်သားသား ဦးဆောင်နိုင်မယ့် အခွင့်ကောင်း ရှိပေမယ့် ယာဂင်ကလော့ပ်ရဲ့ လီဗာပူးအသင်းဟာ နှစ်ပွဲဆက် သရေကျခဲ့တာကြောင့် ပြိုင်ဘက်တွေ ချဉ်းကပ်လာမှုကို စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။ ဘောက်ဆင်ဒေးက ပွဲမှာ ဝက်စ်ဘရွန်းကို ၁ဂိုး စီ သရေကျခဲ့ပြီး ခု တစ်ခါ နယူးကာဆယ်ကို အဝေးကွင်းမှာ ဂိုးမရှိ သရေကျခဲ့ပြန်တာပါ။

နယူးကာဆယ် ဂိုးသမား ကားလ် ဒါလောကတော့ ညက ပွဲမှာ အထူး အစွမ်းပြခဲ့ပြီး လီဗာပူးတိုက်စစ်မှူး မိုဆာလက်ရဲ့ ထူးထူးခြားခြား တစ်ကြိမ် ဂိုးပေါက် ခြိမ်းခြောက်မှုကိုလည်း ကာကွယ်ခဲ့ပါတယ်။ ပီတာခရော့ချ်ကတော့ ညကပွဲမှာ အီဂျစ်သားရဲ့ ခြေစွမ်းကို အထူး စိတ်ပျက်နေခဲ့ပါတယ်။

” ပွင့်ပွင့်လင်းလင်း ပြောရအောင်ဗျာ။ လီဗာပူး ကစားတာက မထိရောက်ခဲ့ဘူး ဖြစ်နေတယ်။ မာနေးကို ပထမပိုင်းမှာ အတိုးအလှုပ်တွေနဲ့ မြင်ခဲ့ရတယ်။ ဆာလက်ကတော့ ကိုယ်ပျောက်နေသလို လုံး၀ မပါခဲ့သလိုပါပဲ။ အဲဒီလို ပြောတုန်း ဆာလက်က ပွဲထဲမှာ အကောင်းဆုံး ဆိုတဲ့ ဂိုး အခွင့်အရေး ရခဲ့တယ်။ ဒါပေမယ့် သူ မဟုတ်သလိုပဲ။

၁၀ကြိမ်မှာ ၉ ကြိမ်လောက် က ဒီလို အခွင့်အရေးဆို ဂိုးဝင်ပြီ မျှော်လင့်ကြမှာပါ။ ဒါပေမယ့် သူက လုံလောက်အောင် အဆုံးမသတ်နိုင်ခဲ့ဘူး။ နည်းနည်းလည်း အချိတ်အဆက်တွေ ပျက်နေခဲ့တယ်။ ” လို့ ပီတာခရော့ချ်က သုံးသပ် ဝေဖန်သွားခဲ့ပါတယ်။

လီဗာပူးဟာ နိုင်ပွဲ ယူရမယ့် ပွဲတွေ မနိုင်ခဲ့တာကြောင့် ဒုတိယ နေရာမှ တစ်ပွဲလျော့ ကစားထားသေးတဲ့ ယူနိုက်တက်နဲ့ ၃ မှတ်သာ ကွာတဲ့ အနေအထားကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

Zawgyi – ညက နယူးကာဆယ္အသင္းနဲ႕ လီဗာပူးတို႔ ဂိုးမရွိ သေရက်တဲ့ ပြဲမွာ လီဗာပူးအသင္း အားထားရမယ့္ တိုက္စစ္မွဴး မိုဟာမက္ ဆာလက္က ပြဲထဲ မပါ၀င္ခဲ့သလိုပဲ ေပ်ာက္ဆံုးေနခဲ့တယ္လို႔ တိုက္စစ္မွဴးေဟာင္း ပီတာခေရာ့ခ်္က ေ၀ဖန္ခဲ့ျပီး ဆာလက္ေၾကာင့္ပဲ လီဗာပူးဟာ အခ်ိတ္အဆက္ေတြ ပ်က္သြားခဲ့တယ္လို႔ ခေရာ့ခ်္က ယူဆေနပါတယ္။

ပရီးမီးယားလိဂ္ကို ျပတ္ျပတ္သားသား ဦးေဆာင္နုိင္မယ့္ အခြင့္ေကာင္း ရွိေပမယ့္ ယာဂင္ကေလာ့ပ္ရဲ႕ လီဗာပူးအသင္းဟာ နွစ္ပြဲဆက္ သေရက်ခဲ့တာေၾကာင့္ ျပိဳင္ဘက္ေတြ ခ်ဥ္းကပ္လာမႈကို ေစာင့္ၾကည့္ရေတာ့မွာ ျဖစ္ပါတယ္။ ေဘာက္ဆင္ေဒးက ပြဲမွာ ၀က္စ္ဘရြန္းကို ၁ဂိုး စီ သေရက်ခဲ့ျပီး ခု တစ္ခါ နယူးကာဆယ္ကို အေ၀းကြင္းမွာ ဂိုးမရွိ သေရက်ခဲ့ျပန္တာပါ။

နယူးကာဆယ္ ဂိုးသမား ကားလ္ ဒါေလာကေတာ့ ညက ပြဲမွာ အထူး အစြမ္းျပခဲ့ျပီး လီဗာပူးတိုက္စစ္မွဴး မိုဆာလက္ရဲ႕ ထူးထူးျခားျခား တစ္ၾကိမ္ ဂိုးေပါက္ ျခိမ္းေျခာက္မႈကိုလည္း ကာကြယ္ခဲ့ပါတယ္။ ပီတာခေရာ့ခ်္ကေတာ့ ညကပြဲမွာ အီဂ်စ္သားရဲ႕ ေျခစြမ္းကို အထူး စိတ္ပ်က္ေနခဲ့ပါတယ္။

” ပြင့္ပြင့္လင္းလင္း ေျပာရေအာင္ဗ်ာ။ လီဗာပူး ကစားတာက မထိေရာက္ခဲ့ဘူး ျဖစ္ေနတယ္။ မာေနးကို ပထမပိုင္းမွာ အတိုးအလႈပ္ေတြနဲ႕ ျမင္ခဲ့ရတယ္။ ဆာလက္ကေတာ့ ကိုယ္ေပ်ာက္ေနသလို လံုး၀ မပါခဲ့သလိုပါပဲ။ အဲဒီလို ေျပာတုန္း ဆာလက္က ပြဲထဲမွာ အေကာင္းဆံုး ဆိုတဲ့ ဂိုး အခြင့္အေရး ရခဲ့တယ္။ ဒါေပမယ့္ သူ မဟုတ္သလိုပဲ။

၁၀ၾကိမ္မွာ ၉ ၾကိမ္ေလာက္ က ဒီလို အခြင့္အေရးဆို ဂိုး၀င္ျပီ ေမွ်ာ္လင့္ၾကမွာပါ။ ဒါေပမယ့္ သူက လံုေလာက္ေအာင္ အဆံုးမသတ္နုိင္ခဲ့ဘူး။ နည္းနည္းလည္း အခ်ိတ္အဆက္ေတြ ပ်က္ေနခဲ့တယ္။ ” လို႔ ပီတာခေရာ့ခ်္က သံုးသပ္ ေ၀ဖန္သြားခဲ့ပါတယ္။

လီဗာပူးဟာ နုိင္ပြဲ ယူရမယ့္ ပြဲေတြ မနုိင္ခဲ့တာေၾကာင့္ ဒုတိယ ေနရာမွ တစ္ပြဲေလ်ာ့ ကစားထားေသးတဲ့ ယူနိုက္တက္နဲ႕ ၃ မွတ္သာ ကြာတဲ့ အေနအထားကို ေရာက္ရွိသြားျပီ ျဖစ္ပါတယ္။