လီဗာပူးအသင်းဟာ ဒီဇင်ဘာလအတွင်း စွမ်းဆောင်ရည် မတည်ငြိမ်မှုနဲ့အတူ ရလဒ်ထိခိုက်မှုတွေ များခဲ့ပေမယ့် ၂၀၂၁ ခုနှစ်မှာတော့ အရှိန်မြင့်ပြီး ကစားလာနိုင်မယ့် အခြေအနေ ရှိနေပါတယ်။

The Athletic မှ သတင်းထောက် ဂျိမ်းပီရက်ဇ်က ” သီယာဂိုနဲ့ ရှာကွီရီတို့ ပြန်လည် သက်သာလာသလိုပဲ ကိတ်တာကလည်း အရမ်းကြီး အခြေအနေ ဆိုးနေတာ မဟုတ်ဘူး။ ဒါ့အပြင် ဒူးဒဏ်ရာရနေတဲ့ ဂျိုတာရဲ့ တိုးတက်မှုကလည်း ကောင်းမွန်နေလို့ ဇန်နဝါရီ အကုန်လောက်မှာ ပြန်ပါလာနိုင်တယ်။ ကိုစတက်ကလည်း တူညီတဲ့ အချိန်အတွင်း ပြန်သက်သာလာနိုင်ပါတယ် ” လို့ ဖော်ပြခဲ့တာဖြစ်တယ်။

သူကပဲ လီဗာပူးအသင်းရဲ့ ဆုဖလား စိန်ခေါ်နိုင်မှုအတွက် အရေးပါလာမယ့် ပုဂ္ဂိုလ်က ယာဂင်ကလော့ပ် အသစ်ခေါ်ယူခဲ့တဲ့ နည်းပြ Andreas Schlumberger ဖြစ်တယ်လို့ ဆိုပါတယ်။ အသက် ၅၄ နှစ်အရွယ် နည်းပြက အက်ဆာလေ့ကျင့်ရေးမှာ recovery and performance ဆိုင်ရာ အကြီးအကဲအဖြစ် စတင်တာဝန်ယူနေပြီး တိုးတက်မှုတွေ ပြသပေးနေတယ်။

ယာဂင်နဲ့ Schlumberger တို့ဟာ ဒေါ့မွန်မှာ ၄ နှစ်ကြာ လက်တွဲခဲ့တယ်။ ကလော့ပ်က ၂၀၁၇ တည်းက သူ့ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ ဒီရာသီ ရှော်ကေးအသင်း ဘဏ္ဍာရေးဆိုင်ရာ ပြဿနာတွေ ရင်ဆိုင်လာရချိန်မှာမှ သူ့ကို ခေါ်ယူနိုင်ခဲ့တာဖြစ်တယ်။ သူက ကစားသမားတွေရဲ့ ကြံ့ခိုင်မှုကို ကူညီဖို့ အတော်လေး အာရုံစိုက်ထားသူဖြစ်ပါတယ်။

ကစားသမားတွေ ပြန်လည် အင်အားပြည့်လာဖို့ နယ်ပယ်ဟာ Schlumberger အထူးပိုင်နိုင်တဲ့ နယ်ပယ်ဖြစ်တယ်။ သူ့ကို ကလော့ပ်က အတော်လေး အထင်ကြီးပြီး ကစားသမားတွေအပေါ် နည်းပြသစ်ရဲ့ တောင်းဆိုမှုကလည်း အတော်လေး များပြာလာတယ်လို့ ပီရက်ဇ်က The Athletic ကနေ ဖော်ပြသွားပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဒီဇင္ဘာလအတြင္း စြမ္းေဆာင္ရည္ မတည္ျငိမ္မႈနဲ႔အတူ ရလဒ္ထိခိုက္မႈေတြ မ်ားခဲ့ေပမယ့္ ၂၀၂၁ ခုႏွစ္မွာေတာ့ အရွိန္ျမင့္ျပီး ကစားလာႏုိင္မယ့္ အေျခအေန ရွိေနပါတယ္။

The Athletic မွ သတင္းေထာက္ ဂ်ိမ္းပီရက္ဇ္က ” သီယာဂိုနဲ႔ ရွာကီြရီတို႔ ျပန္လည္ သက္သာလာသလိုပဲ ကိတ္တာကလည္း အရမ္းၾကီး အေျခအေန ဆိုးေနတာ မဟုတ္ဘူး။ ဒါ့အျပင္ ဒူးဒဏ္ရာရေနတဲ့ ဂ်ိဳတာရဲ႕ တိုးတက္မႈကလည္း ေကာင္းမြန္ေနလို႔ ဇန္နဝါရီ အကုန္ေလာက္မွာ ျပန္ပါလာႏုိင္တယ္။ ကိုစတက္ကလည္း တူညီတဲ့ အခ်ိန္အတြင္း ျပန္သက္သာလာႏုိင္ပါတယ္ ” လို႔ ေဖာ္ျပခဲ့တာျဖစ္တယ္။

သူကပဲ လီဗာပူးအသင္းရဲ႕ ဆုဖလား စိန္ေခၚႏုိင္မႈအတြက္ အေရးပါလာမယ့္ ပုဂၢိဳလ္က ယာဂင္ကေလာ့ပ္ အသစ္ေခၚယူခဲ့တဲ့ နည္းျပ Andreas Schlumberger ျဖစ္တယ္လို႔ ဆိုပါတယ္။ အသက္ ၅၄ ႏွစ္အရြယ္ နည္းျပက အက္ဆာေလ့က်င့္ေရးမွာ recovery and performance ဆိုင္ရာ အၾကီးအကဲအျဖစ္ စတင္တာဝန္ယူေနျပီး တိုးတက္မႈေတြ ျပသေပးေနတယ္။

ယာဂင္နဲ႔ Schlumberger တို႔ဟာ ေဒါ့မြန္မွာ ၄ ႏွစ္ၾကာ လက္တြဲခဲ့တယ္။ ကေလာ့ပ္က ၂၀၁၇ တည္းက သူ႔ကို ေခၚယူဖို႔ ၾကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ဘဲ ဒီရာသီ ေရွာ္ေကးအသင္း ဘ႑ာေရးဆိုင္ရာ ျပႆနာေတြ ရင္ဆိုင္လာရခ်ိန္မွာမွ သူ႔ကို ေခၚယူႏုိင္ခဲ့တာျဖစ္တယ္။ သူက ကစားသမားေတြရဲ႕ ၾကံ႕ခိုင္မႈကို ကူညီဖို႔ အေတာ္ေလး အာရံုစိုက္ထားသူျဖစ္ပါတယ္။

ကစားသမားေတြ ျပန္လည္ အင္အားျပည့္လာဖို႔ နယ္ပယ္ဟာ Schlumberger အထူးပိုင္ႏုိင္တဲ့ နယ္ပယ္ျဖစ္တယ္။ သူ႔ကို ကေလာ့ပ္က အေတာ္ေလး အထင္ၾကီးျပီး ကစားသမားေတြအေပၚ နည္းျပသစ္ရဲ႕ ေတာင္းဆိုမႈကလည္း အေတာ္ေလး မ်ားျပာလာတယ္လို႔ ပီရက္ဇ္က The Athletic ကေန ေဖာ္ျပသြားပါတယ္။