လီဗာပူးအတွက်က လက်မှတ်ထိုး ခေါ်ယူမှုအသစ် ရှိထားပြီး ဖြစ်ကြောင်း ကလော့ပ်က ပြောခဲ့တယ်။ ကလော့ပ်က “ ကျနေ်ာတို့မှာ ဟာသတစ်ခုရှိပါတယ်။ သီယာဂိုကို ဇန်နဝါရီမှာမှ ခေါ်ယူခဲ့သင့်တာလို့ ပြောခဲ့ကြတယ် ” ဆိုပြီး လီဗာပူးရဲ့ ခေါ်ယူမှုအသစ်က သီယာဂိုဖြစ်တယ်လို့ ဆိုခဲ့တယ်။

စက်တင်ဘာမှာ လီဗာပူးကို ရောက်လာပြီးနောက် ကိုဗစ် ကူးစက်ခံရမှုနဲ့ အောက်တိုဘာလ အလယ်မှာ ဒဏ်ရာရခဲ့တဲ့ သီယာဂိုဟာ ဒီဇင်ဘာလ ၃၀ နေ့တုန်းက ယှဉ်ပြိုင်ခဲ့တဲ့ နယူးကာဆယ်နဲ့ပွဲမှာ လူစားဝင် ကစားသမားအဖြစ် ပါဝင်လာခဲ့တယ်။ နှစ်သစ်မှာတော့ လီဗာပူးပရိသတ်တွေက သီယာဂိုရဲ့ ခြေစွမ်း ခြေစတွေကို အများကြီး မြင်ရပါလိမ့်မယ်။

လီဗာပူးအတွက် အကြီးမားဆုံး မေးခွန်းက ခံစစ်မှူး ပြဿနာ ဖြစ်ပါတယ်။ ကလော့ပ်ကို ခံစစ်မှူးသစ် ခေါ်ယူဖို့ အတိုက်တွန်းဆုံးက ကလပ်ဂန္တဝင်ကြီး ကာရေဂါပဲ ဖြစ်ပါတယ်။

လီဗာပူးက ဘရိုက်တန်မှ ဘမ်ဝိုက်ကို အတော်လေး သဘောကျပြီး ရှော်ကေးမှ ကာဘက်နဲ့ သတင်းတွေကတော့ စတင် ငြိမ်သက်သွားပါပြီ။ ဆီးဗီးလာမှ Jules Kounde နဲ့ အေးဂျက်မှ Perr Schuurs တို့ကလည်း လီဗာပူးရဲ့ စောင့်ကြည့်ကစားသမားတွေ ဖြစ်ပါတယ်။

ကလပ်အသင်းကြီးတိုင်းက အပြောင်းအရွှေ့တွေကို နွေမှာ အားပြုလေ့ရှိတယ်။ လီဗာပူးအသင်းကလည်း ကိုဗစ်ကပ်ဘေး ကာလအတွင်း ရာသီဝက်မှာ လူသစ်ခေါ်ယူဖို့ဆိုတာ ခက်ခဲနေဆဲ အခိုက်အတန့်ဖြစ်ပါတယ်။ သို့ပေမယ့် နွေတုန်းကလည်း ကစားသမားသစ် မခေါ်တော့ဘူးလို့ သတင်းကြီးခဲ့အပြီးမှ သီယာဂိုနဲ့ ဂျိုတာတို့ ဆက်တိုက် ရောက်လာခဲ့ဖူးတယ်။

နွေတုန်းကပဲ ဝဲလ်ဆန်၊ ဂရုဂျစ်နဲ့ ရှာကွီရီတို့ကို ရောင်းထုတ်ဖို့ မအောင်မြင်ခဲ့တဲ့ အသင်းဟာ ဒီနွေမှာ ကစားသမားအချို့ကို လက်လွတ်ရဦးမှာပါ။ ဘရိုက်တန်က ဘစ်ဆာမာအပြင် ဘိုင်ယန်ကြယ်ပွင့် Jamal Musiala ကိုလည်း စောင့်ကြည့်နေပါတယ်။

ဇန်နဝါရီလ ၁ ရက်နေ့ကစလို့ လီဗာပူးအတွက် အရေးပါလာမှာက ကွင်းလယ်လူ ဝိုက်နယ်ဒမ်ကို သက်တမ်းတိုးဖို့ ကိစ္စဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ပွဲထွက်ခွင့်တွေ ပျောက်ဆုံးနေတဲ့ အိုရီဂီရဲ့ အနာဂတ်ကိုလည်း စီမံပေးရဖို့ ရှိနေတယ်။

လီဗာပူးဘက်က ဝါရင့် ကစားသမား ရှာကွီရီကိုတော့ ရောင်းထုတ်ဖွယ် မရှိဘဲ ရာသီကုန်ထိ ဆက်ထားဖွယ်ရှိတယ်။ လူငယ်အသင်းကနေ တိုးထွက်မလာနိုင်တဲ့ ခံစစ်သမား ဗန်ဒန်ဘယ်ရာကလည်း အငှားထွက်မှုကနေ စီနီယာအတွေ့အကြုံ ရှာဖွေရဖွယ် ရှိပါတယ်။

ZAWGYI

လီဗာပူးအတြက္က လက္မွတ္ထိုး ေခၚယူမႈအသစ္ ရွိထားျပီး ျဖစ္ေၾကာင္း ကေလာ့ပ္က ေျပာခဲ့တယ္။ ကေလာ့ပ္က “ က်ေန္ာတို႔မွာ ဟာသတစ္ခုရွိပါတယ္။ သီယာဂိုကို ဇန္နဝါရီမွာမွ ေခၚယူခဲ့သင့္တာလို႔ ေျပာခဲ့ၾကတယ္ ” ဆိုျပီး လီဗာပူးရဲ႕ ေခၚယူမႈအသစ္က သီယာဂိုျဖစ္တယ္လို႔ ဆိုခဲ့တယ္။

စက္တင္ဘာမွာ လီဗာပူးကို ေရာက္လာျပီးေနာက္ ကိုဗစ္ ကူးစက္ခံရမႈနဲ႔ ေအာက္တိုဘာလ အလယ္မွာ ဒဏ္ရာရခဲ့တဲ့ သီယာဂိုဟာ ဒီဇင္ဘာလ ၃၀ ေန႔တုန္းက ယွဥ္ျပိဳင္ခဲ့တဲ့ နယူးကာဆယ္နဲ႔ပြဲမွာ လူစားဝင္ ကစားသမားအျဖစ္ ပါဝင္လာခဲ့တယ္။ ႏွစ္သစ္မွာေတာ့ လီဗာပူးပရိသတ္ေတြက သီယာဂိုရဲ႕ ေျခစြမ္း ေျခစေတြကို အမ်ားၾကီး ျမင္ရပါလိမ့္မယ္။

လီဗာပူးအတြက္ အၾကီးမားဆံုး ေမးခြန္းက ခံစစ္မွဴး ျပႆနာ ျဖစ္ပါတယ္။ ကေလာ့ပ္ကို ခံစစ္မွဴးသစ္ ေခၚယူဖို႔ အတိုက္တြန္းဆံုးက ကလပ္ဂႏၱဝင္ၾကီး ကာေရဂါပဲ ျဖစ္ပါတယ္။

လီဗာပူးက ဘရိုက္တန္မွ ဘမ္ဝိုက္ကို အေတာ္ေလး သေဘာက်ျပီး ေရွာ္ေကးမွ ကာဘက္နဲ႔ သတင္းေတြကေတာ့ စတင္ ျငိမ္သက္သြားပါျပီ။ ဆီးဗီးလာမွ Jules Kounde နဲ႔ ေအးဂ်က္မွ Perr Schuurs တို႔ကလည္း လီဗာပူးရဲ႕ ေစာင့္ၾကည့္ကစားသမားေတြ ျဖစ္ပါတယ္။

ကလပ္အသင္းၾကီးတိုင္းက အေျပာင္းအေရႊ႔ေတြကို ေႏြမွာ အားျပဳေလ့ရွိတယ္။ လီဗာပူးအသင္းကလည္း ကိုဗစ္ကပ္ေဘး ကာလအတြင္း ရာသီဝက္မွာ လူသစ္ေခၚယူဖို႔ဆိုတာ ခက္ခဲေနဆဲ အခိုက္အတန္႔ျဖစ္ပါတယ္။ သို႔ေပမယ့္ ေႏြတုန္းကလည္း ကစားသမားသစ္ မေခၚေတာ့ဘူးလို႔ သတင္းၾကီးခဲ့အျပီးမွ သီယာဂိုနဲ႔ ဂ်ိဳတာတို႔ ဆက္တိုက္ ေရာက္လာခ့ဲဖူးတယ္။

ေႏြတုန္းကပဲ ဝဲလ္ဆန္၊ ဂရုဂ်စ္နဲ႔ ရွာကီြရီတို႔ကို ေရာင္းထုတ္ဖို႔ မေအာင္ျမင္ခဲ့တဲ့ အသင္းဟာ ဒီေႏြမွာ ကစားသမားအခ်ိဳ႔ကို လက္လြတ္ရဦးမွာပါ။ ဘရိုက္တန္က ဘစ္ဆာမာအျပင္ ဘိုင္ယန္ၾကယ္ပြင့္ Jamal Musiala ကိုလည္း ေစာင့္ၾကည့္ေနပါတယ္။

ဇန္နဝါရီလ ၁ ရက္ေန႔ကစလို႔ လီဗာပူးအတြက္ အေရးပါလာမွာက ကြင္းလယ္လူ ဝိုက္နယ္ဒမ္ကို သက္တမ္းတိုးဖို႔ ကိစၥျဖစ္ပါတယ္။ တစ္ခ်ိန္တည္းမွာပဲ ပြဲထြက္ခြင့္ေတြ ေပ်ာက္ဆံုးေနတဲ့ အိုရီဂီရဲ႕ အနာဂတ္ကိုလည္း စီမံေပးရဖို႔ ရွိေနတယ္။

လီဗာပူးဘက္က ဝါရင့္ ကစားသမား ရွာကီြရီကိုေတာ့ ေရာင္းထုတ္ဖြယ္ မရွိဘဲ ရာသီကုန္ထိ ဆက္ထားဖြယ္ရွိတယ္။ လူငယ္အသင္းကေန တိုးထြက္မလာႏိုင္တဲ့ ခံစစ္သမား ဗန္ဒန္ဘယ္ရာကလည္း အငွားထြက္မႈကေန စီနီယာအေတြ႔အၾကံဳ ရွာေဖြရဖြယ္ ရွိပါတယ္။