ပရီးမီးယားလိဂ် ပွဲစဉ် ၁၇ မှာတော့ လီဗာပူးအသင်းဟာ အဝေးကွင်းပွဲအဖြစ် ဆောက်သမ်တန်တို့ရဲ့ စိန့်မေရီ ကွင်းထံသွားပြီး ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

နှစ်သင်းလုံးဟာ နောက်ဆုံးပွဲတွေမှာ ဂိုးပေါက်တွေ ပျောက်နေခဲ့တာဖြစ်တယ်။ ရမှတ်တွေ ဖြတ်ရမယ့် အနေအထားမှာ လီဗာပူးက သရေပွဲတွေ ရင်ဆိုင်နေရတာက စိတ်ပျက်စရာဖြစ်လာခဲ့တယ်။ ဒါပေမယ့်လို့ ဒီပွဲမှာ သီယာဂို ပါဝင်လာနိုင်တာက အပြောင်းအလဲ ဖြစ်စေမယ်လို့ အိုဝင်က မြင်နေပါတယ်။

ပွဲနဲ့ပက်သက်လို့ အိုဝင်က ” လီဗာပူးက နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ ၂ ပွဲမှာ ရမှတ် ၄ မှတ် လျော့နည်းပြီး ဒီပွဲကို ယှဉ်ပြိုင်လာရမှာ ဖြစ်ပါတယ်။ ဆောက်သမ်တန်ကလည်း ဂိုးမရှိ သရေပွဲတွေ ဆက်နေပြီး နှစ်သင်းလုံးက နောက်ဆုံးပွဲတွေမှာ ဝ-၀ ရလဒ်တွေ ထွက်ပေါ်ထားတာဖြစ်တယ်။

နယူးကာဆယ်နဲ့ပွဲမှာ သီယာဂို ပြန်ကစားလာနိုင်တာကို မြင်ရတာက သိပ်ကောင်းပါတယ်။ သူက သိပ်ကောင်းတဲ့ ကစားသမားဖြစ်ပြီး ပိုပိုပြီး ကောင်းလာနေတဲ့ ကစားသမား ဖြစ်ပါတယ်။

လီဗာပူးက ဒီပွဲမှာ အနိုင်ရဖို့ လုံလောက်မှုရှိတယ်လို့ ထင်ပါတယ်။ ဒီအခြေအနေမှာ ဆောက်သမ်တန်က ဂိုးတွေ သွင်းယူနိုင်ခြင်း မရှိဘူး။ လီဗာပူးကပဲ သက်သောင့်သက်သာနဲ့ အနိုင်ရသွားမယ်လို့ မြင်ပါတယ် ” ဆိုပြီး သုံးသပ်ခဲ့တာဖြစ်တယ်။

ဆောက်သမ်တန်နဲ့ လီဗာပူးပွဲအတွက် အိုဝင်ရဲ့ ခန့်မှန်းရလဒ်ကတော့ လီဗာပူးက ၃-၁ ဖြင့် အနိုင်ရမယ်လို့ ဖြစ်ပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ ပြဲစဥ္ ၁၇ မွာေတာ့ လီဗာပူးအသင္းဟာ အေဝးကြင္းပြဲအျဖစ္ ေဆာက္သမ္တန္တို႔ရဲ႕ စိန္႔ေမရီ ကြင္းထံသြားျပီး ယွဥ္ျပိဳင္ရမွာ ျဖစ္ပါတယ္။

ႏွစ္သင္းလံုးဟာ ေနာက္ဆံုးပြဲေတြမွာ ဂိုးေပါက္ေတြ ေပ်ာက္ေနခဲ့တာျဖစ္တယ္။ ရမွတ္ေတြ ျဖတ္ရမယ့္ အေနအထားမွာ လီဗာပူးက သေရပြဲေတြ ရင္ဆိုင္ေနရတာက စိတ္ပ်က္စရာျဖစ္လာခဲ့တယ္။ ဒါေပမယ့္လို႔ ဒီပြဲမွာ သီယာဂို ပါဝင္လာႏုိင္တာက အေျပာင္းအလဲ ျဖစ္ေစမယ္လို႔ အိုဝင္က ျမင္ေနပါတယ္။

ပြဲနဲ႔ပက္သက္လို႔ အိုဝင္က ” လီဗာပူးက ေနာက္ဆံုး ယွဥ္ျပိဳင္ထားတဲ့ ၂ ပြဲမွာ ရမွတ္ ၄ မွတ္ ေလ်ာ့နည္းျပီး ဒီပြဲကို ယွဥ္ျပိဳင္လာရမွာ ျဖစ္ပါတယ္။ ေဆာက္သမ္တန္ကလည္း ဂိုးမရွိ သေရပြဲေတြ ဆက္ေနျပီး ႏွစ္သင္းလံုးက ေနာက္ဆံုးပြဲေတြမွာ ၀-၀ ရလဒ္ေတြ ထြက္ေပၚထားတာျဖစ္တယ္။

နယူးကာဆယ္နဲ႔ပြဲမွာ သီယာဂို ျပန္ကစားလာႏုိင္တာကို ျမင္ရတာက သိပ္ေကာင္းပါတယ္။ သူက သိပ္ေကာင္းတဲ့ ကစားသမားျဖစ္ျပီး ပိုပိုျပီး ေကာင္းလာေနတဲ့ ကစားသမား ျဖစ္ပါတယ္။

လီဗာပူးက ဒီပြဲမွာ အႏုိင္ရဖို႔ လံုေလာက္မႈရွိတယ္လို႔ ထင္ပါတယ္။ ဒီအေျခအေနမွာ ေဆာက္သမ္တန္က ဂိုးေတြ သြင္းယူႏုိင္ျခင္း မရွိဘူး။ လီဗာပူးကပဲ သက္ေသာင့္သက္သာနဲ႔ အႏုိင္ရသြားမယ္လို႔ ျမင္ပါတယ္ ” ဆိုျပီး သံုးသပ္ခဲ့တာျဖစ္တယ္။

ေဆာက္သမ္တန္နဲ႔ လီဗာပူးပြဲအတြက္ အိုဝင္ရဲ႕ ခန္႔မွန္းရလဒ္ကေတာ့ လီဗာပူးက ၃-၁ ျဖင့္ အႏုိင္ရမယ္လို႔ ျဖစ္ပါတယ္။