လီဗာပူးအသင်းဟာ လာလီဂါကလပ် ဆဲလ်တာအသင်းမှ ၁၆ နှစ်သား ခံစစ်သမား Stefan Bajcetic ကို ခေါ်ယူမှု ပြီးမြောက်ခဲ့ပြီဖြစ်ကြောင်း The Athletic က ဖော်ပြပါတယ်။

ကစားသမားကို ခေါ်ယူဖို့ လီဗာပူးနဲ့ ယူနိုက်တက်တို့ အပြိုင် ကြိုးစားခဲ့ပေမယ့် ၂၀၁၉ တည်းက ကစားသမားကို ကင်းထောက်နေတဲ့ လီဗာပူးကပဲ ယူရို ၂ သိန်းခွဲနဲ့အတူ ခေါ်ယူနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီဇင်ဘာ မကုန်ခင်လေးမှာပဲ လီဗာပူးက ဘာမင်ဂမ် ဘယ်အစွန်လူ ကော်လမ် စကန်လွန်ကိုလည်း ပေါင် ၄ သိန်းပေးပြီး ခေါ်ယူထားခဲ့ပြီဖြစ်တယ်။

Bajcetic ကို ခေါ်ယူဖို့အတွက် လီဗာပူးက ခပ်မြန်မြန် ကြိုးစားခဲ့တာက ဇန်နဝါရီလ ၁ ရက်နေ့မှာ Brexit ကြောင့် အပြောင်းအရွှေ့ဆိုင်ရာ အပြောင်းအလဲသစ်တွေ စတင်လာတော့မှာကြောင့် ဖြစ်ပါတယ်။

Bajcetic ဟာ ဗဟိုခံစစ်မှူးနေရာ ကစားသူဖြစ်ပြီး သူ့ကို လီဗာပူးကင်းထောက်တွေက ၂၀၁၉ ခုနှစ်မှာ စတင် စောင့်ကြည့်ခဲ့ပါတယ်။ သူ့ရဲ့ တိုးတက်မှုက လီဗာပူးကင်းထောက်တွေရဲ့ သက်မှတ်ချက်နဲ့ ကိုက်ညီခဲ့တာကြောင့် အခုလို ခေါ်ယူဖို့ ကြိုးစားခဲ့ခြင်းဖြစ်တယ်။

လူငယ် နှစ်ဦးလုံးက အကယ်ဒမီကို သွားရောက် ပူးပေါင်းရမှာဖြစ်ကာ မာဆေးဆိုဒ်မှာ အသားကျလာဖို့ အချိန်တစ်ခုကို ပေးသွားမယ်လို့ သိရတယ်။ ရာသီအကုန်မှာတော့ သူတို့ကို ဘယ်အသင်းတွေမှာ ကစားစေမလဲဆိုတာကို ဆုံးဖြတ်ပါလိမ့်မယ်။

လီဗာပူးဟာ လူငယ်ခံစစ်သမား Bajcetic ကို ရဖို့အတွက် ကစားသမားရဲ့ မိသားစု၊ အေးဂျင့်တို့နဲ့အတူ ကစားသမားကိုပါ သေချာလေး ဆွေးနွေး စကားပြောခဲ့ပါတယ်။ ဒီ ခေါ်ယူမှုအတွက် ယူ-၂၃ အသင်းနဲ့ အကယ်ဒမီ ဒါရိုက်တာတို့က ဦးဆောင် ပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ လာလီဂါကလပ္ ဆဲလ္တာအသင္းမွ ၁၆ ႏွစ္သား ခံစစ္သမား Stefan Bajcetic ကို ေခၚယူမႈ ျပီးေျမာက္ခဲ့ျပီျဖစ္ေၾကာင္း The Athletic က ေဖာ္ျပပါတယ္။

ကစားသမားကို ေခၚယူဖို႔ လီဗာပူးနဲ႔ ယူႏုိက္တက္တို႔ အျပိဳင္ ၾကိဳးစားခဲ့ေပမယ့္ ၂၀၁၉ တည္းက ကစားသမားကို ကင္းေထာက္ေနတဲ့ လီဗာပူးကပဲ ယူရို ၂ သိန္းခြဲနဲ႔အတူ ေခၚယူႏုိင္ခဲ့ျခင္း ျဖစ္ပါတယ္။ ဒီဇင္ဘာ မကုန္ခင္ေလးမွာပဲ လီဗာပူးက ဘာမင္ဂမ္ ဘယ္အစြန္လူ ေကာ္လမ္ စကန္လြန္ကိုလည္း ေပါင္ ၄ သိန္းေပးျပီး ေခၚယူထားခဲ့ျပီျဖစ္တယ္။

Bajcetic ကို ေခၚယူဖို႔အတြက္ လီဗာပူးက ခပ္ျမန္ျမန္ ၾကိဳးစားခဲ့တာက ဇန္နဝါရီလ ၁ ရက္ေန႔မွာ Brexit ေၾကာင့္ အေျပာင္းအေရႊ႔ဆိုင္ရာ အေျပာင္းအလဲသစ္ေတြ စတင္လာေတာ့မွာေၾကာင့္ ျဖစ္ပါတယ္။

Bajcetic ဟာ ဗဟိုခံစစ္မွဴးေနရာ ကစားသူျဖစ္ျပီး သူ႔ကို လီဗာပူးကင္းေထာက္ေတြက ၂၀၁၉ ခုႏွစ္မွာ စတင္ ေစာင့္ၾကည့္ခဲ့ပါတယ္။ သူ႔ရဲ႕ တိုးတက္မႈက လီဗာပူးကင္းေထာက္ေတြရဲ႕ သက္မွတ္ခ်က္နဲ႔ ကိုက္ညီခဲ့တာေၾကာင့္ အခုလို ေခၚယူဖို႔ ၾကိဳးစားခဲ့ျခင္းျဖစ္တယ္။

လူငယ္ ႏွစ္ဦးလံုးက အကယ္ဒမီကို သြားေရာက္ ပူးေပါင္းရမွာျဖစ္ကာ မာေဆးဆိုဒ္မွာ အသားက်လာဖို႔ အခ်ိန္တစ္ခုကို ေပးသြားမယ္လို႔ သိရတယ္။ ရာသီအကုန္မွာေတာ့ သူတို႔ကို ဘယ္အသင္းေတြမွာ ကစားေစမလဲဆိုတာကို ဆံုးျဖတ္ပါလိမ့္မယ္။

လီဗာပူးဟာ လူငယ္ခံစစ္သမား Bajcetic ကို ရဖို႔အတြက္ ကစားသမားရဲ႕ မိသားစု၊ ေအးဂ်င့္တို႔နဲ႔အတူ ကစားသမားကိုပါ ေသခ်ာေလး ေဆြးေႏြး စကားေျပာခဲ့ပါတယ္။ ဒီ ေခၚယူမႈအတြက္ ယူ-၂၃ အသင္းနဲ႔ အကယ္ဒမီ ဒါရိုက္တာတို႔က ဦးေဆာင္ ပါဝင္ခ့ဲၾကတယ္လို႔ သိရပါတယ္။