လီဗာပူးက ဆောက်သမ်တန်ကို သွားရမယ့် ခရီးမှာ ဘယ်လို လူစာရင်း ထုတ်မယ်ဆိုတာကို ကြိုတင် မှန်းဆလို့ မရနိုင်သေးပေမယ့် နှစ်သင်းလုံးက အဓိက ခံစစ်သမားတွေကို လက်လွတ်ရမှာ ဖြစ်ပါတယ်။

မန်နေဂျာ ဟက်ဆန်ဟက်ရဲ့ အသင်းက ဒီရာသီမှာ ထူးချွန်တဲ့ ပုံစံတွေကို ပြသနေပေမယ့်လည်း မန်စီးတီးကို ၁-၀ ဖြင့် အရေးနိမ့်ပြီး နောက်ပိုင်းပွဲတွေမှာ ဖူလ်ဟမ်နဲ့ ဝက်ဟမ်းတို့ကို သရေပဲ ကစားနိုင်ခဲ့တယ်။ ဆောက်သမ်တန်မှာလည်း ထိခိုက်မှုတွေ ရှိနေကြောင်းကို လီဗာပူးအခြေစိုက် သတင်းဌာနက လုပ်တဲ့ Anfield podcast မှာ ဆွေးနွေးသွားပါတယ်။

ဆောက်သမ်တန်ကလည်း လီဗာပူးလိုပဲ အဓိက ခံစစ်သမားကို လက်လွတ်ထားရတာပါ။ ဒါဟာ သူတို့အတွက် နည်းစနစ်ပိုင်းမှာ အားနည်းချက်ဖြစ်လာနေတယ်လို့ ထောက်ပြခဲ့တယ်။

အဆိုပါ podcast မှာတော့ ” ဆောက်သမ်တန်ရဲ့ ကိန်းဂဏန်းတွေက ကျဆင်းနေပြီး သူတို့က ဇယားအလယ်က အသင်းဖြစ်လာနေတယ်။ ဗာစတီဂတ်နဲ့ ဒန်နီအင့်တို့ကို တစ်ပြိုင်တည်း ဆုံးရံှူးချိန်မှာ သူတို့က အားဖြည့်စရာ ကစားသမားတွေ အများကြီး မရှိပါဘူး။

သူတို့ နှစ်ဦးက ဆောက်သမ်တန်ရဲ့ တိုက်စစ်ကစားဟန်တွေမှာ အထောက်အကူဖြစ်နေသူတွေပါ။ ဗာစတီဂတ်ရဲ့ ဖြတ်တင်ပေးပို့မှုတွေက ဗန်ဒိုက်နဲ့ တူညီတဲ့ နည်းလမ်းတွေ အတိုင်းပါပဲ။ အဲ့တာက ပေးချက်တစ်ချက်တည်းနဲ့ အဆုံးသတ်ပိုင်း ဇုန်ကို ရောက်အောင် ပေးနိုင်ကြတယ်။ အဲ့တာက ခပ်မြင့်မြင့် ဖိအားပေးမှုကနေ လွတ်မြောက်နိုင်တဲ့ နည်းလမ်းပါပဲ။ ဝတ်ပရောက်စီရဲ့ တည်ကန်ဘောတွေကနေလည်း အသာစီးယူမှုတွေ ရှိလာနိုင်တယ်။

ဗာစတီဂတ်က ၆ ပေ ၆ လက်မလောက် မြင်ပြီး တည်ကန်ဘောတွေကနေ ခြိမ်းခြောက်နိုင်တယ်။ သူ့နေရာမှာ အစားဝင်လာတဲ့ ဂျက်စတီဖန်က ဗာစတီဂတ်ရဲ့ အဆင့်မှာ ရှိမနေပါဘူး ” လို့ သုံးသပ်ခဲ့တာဖြစ်တယ်။

ဒီပွဲမှာတော့ ဆောက်သမ်တန်ရဲ့ အဓိက တိုက်စစ်သမားဖြစ်သူ ဒန်နီအင့် ပါဝင်လာမှာပါ။ လီဗာပူး တိုက်စစ်သမားဟောင်းက ဟက်ဆန်ဟက်ရဲ့ အသင်းမှာ အဓိက ကစားသမား ဖြစ်နေခဲ့ပြီဖြစ်ပြီး အသင်းဖော်ဟောင်းတွေကို ပြန်လည် ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးက ေဆာက္သမ္တန္ကို သြားရမယ့္ ခရီးမွာ ဘယ္လို လူစာရင္း ထုတ္မယ္ဆိုတာကို ၾကိဳတင္ မွန္းဆလို႔ မရႏုိင္ေသးေပမယ့္ ႏွစ္သင္းလံုးက အဓိက ခံစစ္သမားေတြကို လက္လြတ္ရမွာ ျဖစ္ပါတယ္။

မန္ေနဂ်ာ ဟက္ဆန္ဟက္ရဲ႕ အသင္းက ဒီရာသီမွာ ထူးခၽြန္တဲ့ ပံုစံေတြကို ျပသေနေပမယ့္လည္း မန္စီးတီးကို ၁-၀ ျဖင့္ အေရးနိမ့္ျပီး ေနာက္ပိုင္းပြဲေတြမွာ ဖူလ္ဟမ္နဲ႔ ဝက္ဟမ္းတို႔ကို သေရပဲ ကစားႏုိင္ခဲ့တယ္။ ေဆာက္သမ္တန္မွာလည္း ထိခိုက္မႈေတြ ရွိေနေၾကာင္းကို လီဗာပူးအေျခစိုက္ သတင္းဌာနက လုပ္တဲ့ Anfield podcast မွာ ေဆြးေႏြးသြားပါတယ္။

ေဆာက္သမ္တန္ကလည္း လီဗာပူးလိုပဲ အဓိက ခံစစ္သမားကို လက္လြတ္ထားရတာပါ။ ဒါဟာ သူတို႔အတြက္ နည္းစနစ္ပိုင္းမွာ အားနည္းခ်က္ျဖစ္လာေနတယ္လို႔ ေထာက္ျပခဲ့တယ္။

အဆိုပါ podcast မွာေတာ့ ” ေဆာက္သမ္တန္ရဲ႕ ကိန္းဂဏန္းေတြက က်ဆင္းေနျပီး သူတို႔က ဇယားအလယ္က အသင္းျဖစ္လာေနတယ္။ ဗာစတီဂတ္နဲ႔ ဒန္နီအင့္တို႔ကို တစ္ျပိဳင္တည္း ဆံုးရံွဴးခ်ိန္မွာ သူတုိ႔က အားျဖည့္စရာ ကစားသမားေတြ အမ်ားၾကီး မရွိပါဘူး။

သူတို႔ ႏွစ္ဦးက ေဆာက္သမ္တန္ရဲ႕ တိုက္စစ္ကစားဟန္ေတြမွာ အေထာက္အကူျဖစ္ေနသူေတြပါ။ ဗာစတီဂတ္ရဲ႕ ျဖတ္တင္ေပးပို႔မႈေတြက ဗန္ဒိုက္နဲ႔ တူညီတဲ့ နည္းလမ္းေတြ အတိုင္းပါပဲ။ အဲ့တာက ေပးခ်က္တစ္ခ်က္တည္းနဲ႔ အဆံုးသတ္ပိုင္း ဇုန္ကို ေရာက္ေအာင္ ေပးႏုိင္ၾကတယ္။ အဲ့တာက ခပ္ျမင့္ျမင့္ ဖိအားေပးမႈကေန လြတ္ေျမာက္ႏုိင္တဲ့ နည္းလမ္းပါပဲ။ ဝတ္ပေရာက္စီရဲ႕ တည္ကန္ေဘာေတြကေနလည္း အသာစီးယူမႈေတြ ရွိလာႏုိင္တယ္။

ဗာစတီဂတ္က ၆ ေပ ၆ လက္မေလာက္ ျမင္ျပီး တည္ကန္ေဘာေတြကေန ျခိမ္းေျခာက္ႏုိင္တယ္။ သူ႔ေနရာမွာ အစားဝင္လာတဲ့ ဂ်က္စတီဖန္က ဗာစတီဂတ္ရဲ႕ အဆင့္မွာ ရွိမေနပါဘူး ” လို႔ သံုးသပ္ခဲ့တာျဖစ္တယ္။

ဒီပြဲမွာေတာ့ ေဆာက္သမ္တန္ရဲ႕ အဓိက တိုက္စစ္သမားျဖစ္သူ ဒန္နီအင့္ ပါဝင္လာမွာပါ။ လီဗာပူး တိုက္စစ္သမားေဟာင္းက ဟက္ဆန္ဟက္ရဲ႕ အသင္းမွာ အဓိက ကစားသမား ျဖစ္ေနခဲ့ျပီျဖစ္ျပီး အသင္းေဖာ္ေဟာင္းေတြကို ျပန္လည္ ရင္ဆိုင္ရမွာျဖစ္ပါတယ္။