လီဗာပူးအသင်းဟာ ဇန်နဝါရီ ဈေးကွက်မှာတော့ ကလပ်ရဲ့ အင်အားကို တိုးချဲ့ဖို့ ကစားသမား ခေါ်ယူမှုတွေ ပြုလုပ်မယ် မျှော်လင့်နေရဆဲပါ။ အထူးသဖြင့် လီဗာပူး ခံစစ်ပိုင်းဟာ ကာလရှည် ဒဏ်ရာ ပြသနာတွေ ရင်ဆိုင်နေရတာကြောင့် ယာဂင်ကလော့ပ် အနေနဲ့ အနှေးနဲ့ အမြန်ဆိုသလို ဗဟို ခံစစ်ကောင်းတွေ ခေါ်ယူနိုင်ဖို့ လိုအပ်နေပါတယ်။

မာတစ်ရဲ့ နောက်ဆုံး ရထားတဲ့ ဒဏ်ရာက သီတင်းပတ်တွေ အတော်ကြာဦးမှာ ဖြစ်တာကြောင့် လက်ကျန် ခံစစ်သမားတွေနဲ့ ရာသီဝက် ခရီး ကို ဘယ်လို သွားကြမလဲ ဆိုတာ မေးခွန်းထုတ်မှုတွေ ရှိနေကြပါပြီ။ အခြား စီနီယာ ဗဟိုခံစစ် နှစ်ဦး ဖြစ်တဲ့ ဗန်ဒိုက်နဲ့ ဂျိုး ဂိုမက်ဇ်ကလည်း ရာသီကုန်ထိ နီးပါး အနားယူ ကုသရဦးမှာပါ။

လီဗာပူးရဲ့ ဒဏ်ရာ အပူမီးတွေကို ဘယ်လို ကစားသမားတွေက လျှော့ချပေးနိုင်မလဲ ဆိုတာနဲ့ ပစ်မှတ် ကစားသမားကောင်းတွေကို Mirror သတင်းဌာနက အခုလို စုစည်း ဖော်ပြထားပါတယ်။

၁) Ozan Kabak

ရှော်လ်ကေး ခံစစ်မှူး အိုဇန် ကာဘက်က လီဗာပူးရဲ့ ထိပ်တန်း ပစ်မှတ် ကစားသမား တစ်ဦး ဖြစ်ပြီး ဒီတလော လတွေ အတွင်း လီဗာပူးနဲ့ ပိုပြီး အသံထွက်လာနေပါတယ်။ ကာဘက်က လီဗာပူး ရေဒါထဲမှာ ပြီးခဲ့တဲ့ နွေတည်းက ရှိခဲ့တာ ဖြစ်ပေမယ့် ကလော့ပ်က သူ့လက်ရှိ ခံစစ်သမားတွေနဲ့ လုံလောက်တယ် ယူဆတာကြောင့် နောက်ဆုတ်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၀ အရွယ် ခံစစ်မှူးကို လီဗာပူးက စိတ်ဝင်စားဟန် ပြသဆဲ ဖြစ်ပြီး ၎င်းကလည်း ဘွန်ဒစ်လီဂါမှာ ရှောလ်ကေးနဲ့ အတူ ကောင်းမွန်စွာ စွမ်းဆောင်ပြထားပါတယ်။ ဂျာမန်ကလပ် အနေနဲ့ ဘဏ္ဍာရေး အခက်အခဲတွေ ရှိနေတာကြောင့် လူငယ် ခံစစ်မှူးကို ပေါင် ၂၂သန်းခွဲလောက် ရရင် လက်လွှတ်ဖွယ် ရှိပါတယ်။

လီဗာပူး အနေနဲ့ ဇန်နဝါရီမှာ ငွေ အများကြီး မသုံးလိုဘဲ နွေမှာ သုံးဖို့ ချန်ထားလိုသေးတာကြောင့် ကာဘတ်ကို ခေါ်ယူဖြစ်ရင်လည်း အိုရီဂီနဲ့ အလဲအထပ် ဖြစ်နိုင်ကြောင်း သတင်းလည်း ထွက်နေပါတယ်။ အလဲအထပ်ကို ရှော်လ်ကေး လက်ခံနိုင်မလားက မသေချာသေးသလို ကာဘက် အတွက် အေစီမီလန်ကလည်း အဓိက ခေါ်ယူမယ့် ပြိုင်ဘက် အဖြစ် ရှိနေပါတယ်။

၂) Gleison Bremer

တိုရီနိုရဲ့ ဘရာဇီးသား ဗဟိုခံစစ်မှူး ဘရီမာက လီဗာပူး နောက်ထပ် သေချာစောင့်ကြည့်နေတဲ့ ပစ်မှတ် ကစားသမား တစ်ဦး ဖြစ်ပါတယ်။ အသက် ၂၃ နှစ် အရွယ် ကစားသမားဟာ စီးရီးအေမှာ ပြီးခဲ့တဲ့ နှစ်ရာသီလုံး ဒေါင်ဒေါင်မြည် ခြေစွမ်းကောင်း ပြသထားပါတယ်။ ဘရီမာကို အလိုရှိနေတာကတော့ လီဗာပူးအပြင် ပရီးမီးယားလိဂ်မှ ဖူလ်ဟမ်၊ အဲဗာတန်တို့လည်း ပါဝင်နေပါတယ်။

၃) Perr Schuurs

အေဂျက်ရဲ့ တောက်ပလာတဲ့ ကြယ်ပွင့်လေး ဖြစ်ပြီး ဒီလစ် လက်သစ်လို့ တင်စားခံနေရတဲ့ အသက် ၂၁ နှစ် အရွယ် ခံစစ်မှူး ဖြစ်ပါတယ်။ ၎င်းဟာ ဒီလစ် နည်းတူ အရပ်ရှည် သန်သန်မာမာ ကစားသမား ဖြစ်ပြီး ခံစစ်မှာ ကောင်းစွာ ကာကွယ်နိုင်သူပါ။ ဒါပေမယ့် Schuurs ဟာ အကြမ်းထည် ကစားသမားလေးသာ ဖြစ်သေးပြီး ပို အစွမ်းပြနိုင်ဖို့ ထပ်မံ သင်ယူစရာတွေ ရှိနေပါသေးတယ်။

၄) Sven Botman

ဘော့မန်းကလည်း Schuurs နည်းတူ အေဂျက် အကယ်ဒမီထွက် ကစားသမား ဖြစ်ပါတယ်။ ဒါပေမယ့် အခုတော့ အသင်း ပြောင်းရွှေ့ပြီး ဖြစ်ကာ အသက် ၂၀ အရွယ် ကစားသမားက လိုင်လီထံ ပေါင် ၉ သန်းနဲ့ ရောက်ရှိထားတာပါ။ လောလောဆယ်မှာတော့ လိုင်လီက နယ်သာလန်သားကို ရောင်းချဖို့ အစီအစဉ် မရှိပေမယ့် ကလပ်အသင်းရဲ့ ငွေကြေး အခက်အခဲကလည်း ရှိနေပါတယ်။

ဘော့မန်း တန်ကြေး ကို ပေါင် ၄၅ သန်း လို့ ဆိုထားပေမယ့် မြန်မြန် ငွေဖော်ဖို့ တဝက်လောက်နဲ့ ကမ်းလှမ်းရင် အပြောင်းအရွှေ့ ဖြစ်လာဖွယ် ရှိပါတယ်။ ဘော့မန်း အေးဂျင့်ကိုတော့ နိုဝင်ဘာလထဲမှာ လီဗာပူးနဲ့ အင်တာမီလန်တို့က ဆက်သွယ် မေးမြန်းထားကြပါတယ်။

၅) Milan Skriniar

လီဗာပူးအသင်းဟာ စခရီနီယာ လို ကစားသမားကို သူတို့ လူစာရင်းမှာ သိပ်ကို ထည့်သွင်းချင်ပါလိမ့်မယ်။ ဒါပေမယ့် ၎င်းကို ဇန်နဝါရီမှာ ခေါ်နိုင်ဖို့ကလည်း တော်တော်ကို ခက်ခဲမှာပါ။ ဆလိုဗက်ကီးယား သား အတွက် အင်တာမီလန် အသင်းက ပေါင် ၅၄ သန်း အလို ရှိနေပြီး မိုက်ကယ် အက်ဝပ် ရွှေ့ကွက်တွေနဲ့ ဖြစ်အောင် စည်းရုံးညှိနှိုင်းနိုင်ပါ့မလား စောင့်ကြည့်ရဖို့ ရှိပါတယ်။

Zawgyi – လီဗာပူးအသင္းဟာ ဇန္န၀ါရီ ေစ်းကြက္မွာေတာ့ ကလပ္ရဲ႕ အင္အားကို တိုးခ်ဲ႕ဖို႔ ကစားသမား ေခၚယူမႈေတြ ျပဳလုပ္မယ္ ေမွ်ာ္လင့္ေနရဆဲပါ။ အထူးသျဖင့္ လီဗာပူး ခံစစ္ပိုင္းဟာ ကာလရွည္ ဒဏ္ရာ ျပသနာေတြ ရင္ဆိုင္ေနရတာေၾကာင့္ ယာဂင္ကေလာ့ပ္ အေနနဲ႕ အေနွးနဲ႕ အျမန္ဆိုသလို ဗဟို ခံစစ္ေကာင္းေတြ ေခၚယူနိုင္ဖို႔ လိုအပ္ေနပါတယ္။

မာတစ္ရဲ႕ ေနာက္ဆံုး ရထားတဲ့ ဒဏ္ရာက သီတင္းပတ္ေတြ အေတာ္ၾကာဦးမွာ ျဖစ္တာေၾကာင့္ လက္က်န္ ခံစစ္သမားေတြနဲ႕ ရာသီ၀က္ ခရီး ကို ဘယ္လုိ သြားၾကမလဲ ဆိုတာ ေမးခြန္းထုတ္မႈေတြ ရွိေနၾကပါျပီ။ အျခား စီနီယာ ဗဟုိခံစစ္ နွစ္ဦး ျဖစ္တဲ့ ဗန္ဒိုက္နဲ႕ ဂ်ိဳး ဂိုမက္ဇ္ကလည္း ရာသီကုန္ထိ နီးပါး အနားယူ ကုသရဦးမွာပါ။

လီဗာပူးရဲ႕ ဒဏ္ရာ အပူမီးေတြကို ဘယ္လို ကစားသမားေတြက ေလွ်ာ့ခ်ေပးနုိင္မလဲ ဆိုတာနဲ႕ ပစ္မွတ္ ကစားသမားေကာင္းေတြကို Mirror သတင္းဌာနက အခုလို စုစည္း ေဖာ္ျပထားပါတယ္။

၁) Ozan Kabak

ေရွာ္လ္ေကး ခံစစ္မွဴး အိုဇန္ ကာဘက္က လီဗာပူးရဲ႕ ထိပ္တန္း ပစ္မွတ္ ကစားသမား တစ္ဦး ျဖစ္ျပီး ဒီတေလာ လေတြ အတြင္း လီဗာပူးနဲ႕ ပိုျပီး အသံထြက္လာေနပါတယ္။ ကာဘက္က လီဗာပူး ေရဒါထဲမွာ ျပီးခဲ့တဲ့ ေႏြတည္းက ရွိခဲ့တာ ျဖစ္ေပမယ့္ ကေလာ့ပ္က သူ႔လက္ရွိ ခံစစ္သမားေတြနဲ႕ လံုေလာက္တယ္ ယူဆတာေၾကာင့္ ေနာက္ဆုတ္ခဲ့တာ ျဖစ္ပါတယ္။

အသက္ ၂၀ အရြယ္ ခံစစ္မွဴးကို လီဗာပူးက စိတ္၀င္စားဟန္ ျပသဆဲ ျဖစ္ျပီး ၄င္းကလည္း ဘြန္ဒစ္လီဂါမွာ ေရွာလ္ေကးနဲ႕ အတူ ေကာင္းမြန္စြာ စြမ္းေဆာင္ျပထားပါတယ္။ ဂ်ာမန္ကလပ္ အေနနဲ႕ ဘ႑ာေရး အခက္အခဲေတြ ရွိေနတာေၾကာင့္ လူငယ္ ခံစစ္မွဴးကို ေပါင္ ၂၂သန္းခြဲေလာက္ ရရင္ လက္လႊတ္ဖြယ္ ရွိပါတယ္။

လီဗာပူး အေနနဲ႕ ဇန္န၀ါရီမွာ ေငြ အမ်ားၾကီး မသံုးလိုဘဲ ေႏြမွာ သံုးဖို႔ ခ်န္ထားလိုေသးတာေၾကာင့္ ကာဘတ္ကို ေခၚယူျဖစ္ရင္လည္း အိုရီဂီနဲ႕ အလဲအထပ္ ျဖစ္နုိင္ေၾကာင္း သတင္းလည္း ထြက္ေနပါတယ္။ အလဲအထပ္ကို ေရွာ္လ္ေကး လက္ခံနုိင္မလားက မေသခ်ာေသးသလုိ ကာဘက္ အတြက္ ေအစီမီလန္ကလည္း အဓိက ေခၚယူမယ့္ ျပိဳင္ဘက္ အျဖစ္ ရွိေနပါတယ္။

၂) Gleison Bremer

တိုရီနိုရဲ႕ ဘရာဇီးသား ဗဟိုခံစစ္မွဴး ဘရီမာက လီဗာပူး ေနာက္ထပ္ ေသခ်ာေစာင့္ၾကည့္ေနတဲ့ ပစ္မွတ္ ကစားသမား တစ္ဦး ျဖစ္ပါတယ္။ အသက္ ၂၃ နွစ္ အရြယ္ ကစားသမားဟာ စီးရီးေအမွာ ျပီးခဲ့တဲ့ နွစ္ရာသီလံုး ေဒါင္ေဒါင္ျမည္ ေျခစြမ္းေကာင္း ျပသထားပါတယ္။ ဘရီမာကို အလိုရွိေနတာကေတာ့ လီဗာပူးအျပင္ ပရီးမီးယားလိဂ္မွ ဖူလ္ဟမ္၊ အဲဗာတန္တို႔လည္း ပါ၀င္ေနပါတယ္။

၃) Perr Schuurs

ေအဂ်က္ရဲ႕ ေတာက္ပလာတဲ့ ၾကယ္ပြင့္ေလး ျဖစ္ျပီး ဒီလစ္ လက္သစ္လို႔ တင္စားခံေနရတဲ့ အသက္ ၂၁ နွစ္ အရြယ္ ခံစစ္မွဴး ျဖစ္ပါတယ္။ ၄င္းဟာ ဒီလစ္ နည္းတူ အရပ္ရွည္ သန္သန္မာမာ ကစားသမား ျဖစ္ျပီး ခံစစ္မွာ ေကာင္းစြာ ကာကြယ္နုိင္သူပါ။ ဒါေပမယ့္ Schuurs ဟာ အၾကမ္းထည္ ကစားသမားေလးသာ ျဖစ္ေသးျပီး ပို အစြမ္းျပနိုင္ဖို႔ ထပ္မံ သင္ယူစရာေတြ ရွိေနပါေသးတယ္။

၄) Sven Botman

ေဘာ့မန္းကလည္း Schuurs နည္းတူ ေအဂ်က္ အကယ္ဒမီထြက္ ကစားသမား ျဖစ္ပါတယ္။ ဒါေပမယ့္ အခုေတာ့ အသင္း ေျပာင္းေရႊ႕ျပီး ျဖစ္ကာ အသက္ ၂၀ အရြယ္ ကစားသမားက လိုင္လီထံ ေပါင္ ၉ သန္းနဲ႕ ေရာက္ရွိထားတာပါ။ ေလာေလာဆယ္မွာေတာ့ လိုင္လီက နယ္သာလန္သားကို ေရာင္းခ်ဖို႔ အစီအစဥ္ မရွိေပမယ့္ ကလပ္အသင္းရဲ႕ ေငြေၾကး အခက္အခဲကလည္း ရွိေနပါတယ္။

ေဘာ့မန္း တန္ေၾကး ကို ေပါင္ ၄၅ သန္း လို႔ ဆိုထားေပမယ့္ ျမန္ျမန္ ေငြေဖာ္ဖို႔ တ၀က္ေလာက္နဲ႕ ကမ္းလွမ္းရင္ အေျပာင္းအေရႊ႕ ျဖစ္လာဖြယ္ ရွိပါတယ္။ ေဘာ့မန္း ေအးဂ်င့္ကိုေတာ့ နုိ၀င္ဘာလထဲမွာ လီဗာပူးနဲ႕ အင္တာမီလန္တို႔က ဆက္သြယ္ ေမးျမန္းထားၾကပါတယ္။

၅) Milan Skriniar

လီဗာပူးအသင္းဟာ စခရီနီယာ လို ကစားသမားကို သူတို႔ လူစာရင္းမွာ သိပ္ကို ထည့္သြင္းခ်င္ပါလိမ့္မယ္။ ဒါေပမယ့္ ၄င္းကို ဇန္န၀ါရီမွာ ေခၚနိုင္ဖို႔ကလည္း ေတာ္ေတာ္ကို ခက္ခဲမွာပါ။ ဆလိုဗက္ကီးယား သား အတြက္ အင္တာမီလန္ အသင္းက ေပါင္ ၅၄ သန္း အလို ရွိေနျပီး မိုက္ကယ္ အက္၀ပ္ ေရႊ႕ကြက္ေတြနဲ႕ ျဖစ္ေအာင္ စည္းရံုးညွိႏိႈင္းနုိင္ပါ့မလား ေစာင့္ၾကည့္ရဖို႔ ရွိပါတယ္။