ဗန်ဒိုက်ရဲ့ တိုးတက်မှုတွေက အားရကျေနပ်စရာ ကောင်းပေမယ့်လည်း နယ်သာလန်သား ခံစစ်သမားက အချိန်အကြာကြီး ယူရဦးမှာပါလို့ မန်နေဂျာကလော့ပ်က အတည်ပြုပါတယ်။

ဒီကနေ့မှာပဲ အသင်းဝဘ်ဆိုဒ်ကနေ ဒီရက်ပိုင်းတွေအတွင်း လေ့ကျင့်ရေး ဗီဒီယိုတွေ တင်ပေးမှုတွေ လုပ်နေတဲ့ ဗန်ဒိုက် အခြေအနေကို ကလော့ပ်က သတင်းပေးလာတာပါ။ အောက်တိုဘာလမှာ ဒူးဒဏ်ရာရသွားပြီးနောက် ကာလရှည် အနားယူနေရတဲ့ ဗန်ဒိုက်ရဲ့ အခြေအနေက တိုးတက်မှု ရှိနေတာကိုတော့ ကလော့ပ်က ဝန်ခံပါတယ်။

ကလော့ပ်က “ ကောင်းတယ်၊ အရမ်းကောင်းတယ်။ ဗန်ဒိုက်အကြောင်း ပြောရလို့လည်း ကျနော်အတွက် ပြဿနာ မရှိပါဘူး။ အရမ်းကောင်းပေမယ့် သူ အဝေးကြီး ဆက်သွားရဦးမှာပါ။ ဒီလို ဒဏ်ရာမျိုးက အချိန်အကြာကြီး ယူရပါတယ်။

ရိုးရိုးသားသား ပြောရရင် သူ့ရဲ့ ဗီဒီယိုတွေကို မြင်နေတာအတွက် ကျနော် ပျော်မိပါတယ်။ ဘာလို့လည်းဆိုတော့ အဲ့တာက သူ့ရဲ့ တိုးတက်မှုကို ပြသနေတာ ဖြစ်လို့ပါပဲ။ ဒါပေမယ့် ကျနေ်ာတို့ အချိန်အများကြီး ယူရဦးမှာပါ။ အခြေအနေက အဲ့လိုပါပဲ။

ကျနော်လည်း တစ်ခုခု ထူးခြားတာကို ပြောပြလိုပါတယ်။ ဒါပေမယ့် ကံမကောင်းစွာပဲ ဒါက အမှန်တရားပါပဲ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ဗန်ဒိုက်ဟာ ဒူးဘိုင်းက လေ့ကျင့်ရေးစင်တာတစ်ခုကို ရောက်နေခြင်းဖြစ်ပြီး အဲ့မှာပဲ အထူး ကျွမ်းကျင်သူတွေနဲ့ ကုသမှု ခံယူနေတာဖြစ်တယ်။ ဘယ်လောက်ကြာ လေ့ကျင့်မလဲဆိုတာ မသိရပေမယ့် ဒူးဘိုင်းကို သူရောက်နေခဲ့တာ ၁ လဝန်းကျင် ရှိနေပြီလို့ ယူဆရပါတယ်။

ZAWGYI

ဗန္ဒိုက္ရဲ႕ တိုးတက္မႈေတြက အားရေက်နပ္စရာ ေကာင္းေပမယ့္လည္း နယ္သာလန္သား ခံစစ္သမားက အခ်ိန္အၾကာၾကီး ယူရဦးမွာပါလို႔ မန္ေနဂ်ာကေလာ့ပ္က အတည္ျပဳပါတယ္။

ဒီကေန႔မွာပဲ အသင္းဝဘ္ဆိုဒ္ကေန ဒီရက္ပိုင္းေတြအတြင္း ေလ့က်င့္ေရး ဗီဒီယိုေတြ တင္ေပးမႈေတြ လုပ္ေနတဲ့ ဗန္ဒိုက္ အေျခအေနကို ကေလာ့ပ္က သတင္းေပးလာတာပါ။ ေအာက္တိုဘာလမွာ ဒူးဒဏ္ရာရသြားျပီးေနာက္ ကာလရွည္ အနားယူေနရတဲ့ ဗန္ဒိုက္ရဲ႕ အေျခအေနက တိုးတက္မႈ ရွိေနတာကိုေတာ့ ကေလာ့ပ္က ဝန္ခံပါတယ္။

ကေလာ့ပ္က “ ေကာင္းတယ္၊ အရမ္းေကာင္းတယ္။ ဗန္ဒိုက္အေၾကာင္း ေျပာရလို႔လည္း က်ေနာ္အတြက္ ျပႆနာ မရွိပါဘူး။ အရမ္းေကာင္းေပမယ့္ သူ အေဝးၾကီး ဆက္သြားရဦးမွာပါ။ ဒီလို ဒဏ္ရာမ်ိဳးက အခ်ိန္အၾကာၾကီး ယူရပါတယ္။

ရိုးရိုးသားသား ေျပာရရင္ သူ႔ရဲ႕ ဗီဒီယိုေတြကို ျမင္ေနတာအတြက္ က်ေနာ္ ေပ်ာ္မိပါတယ္။ ဘာလို႔လည္းဆိုေတာ့ အဲ့တာက သူ႔ရဲ႕ တိုးတက္မႈကို ျပသေနတာ ျဖစ္လို႔ပါပဲ။ ဒါေပမယ့္ က်ေန္ာတို႔ အခ်ိန္အမ်ားၾကီး ယူရဦးမွာပါ။ အေျခအေနက အဲ့လိုပါပဲ။

က်ေနာ္လည္း တစ္ခုခု ထူးျခားတာကို ေျပာျပလိုပါတယ္။ ဒါေပမယ့္ ကံမေကာင္းစြာပဲ ဒါက အမွန္တရားပါပဲ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

ဗန္ဒိုက္ဟာ ဒူးဘိုင္းက ေလ့က်င့္ေရးစင္တာတစ္ခုကို ေရာက္ေနျခင္းျဖစ္ျပီး အဲ့မွာပဲ အထူး ကၽြမ္းက်င္သူေတြနဲ႔ ကုသမႈ ခံယူေနတာျဖစ္တယ္။ ဘယ္ေလာက္ၾကာ ေလ့က်င့္မလဲဆိုတာ မသိရေပမယ့္ ဒူးဘိုင္းကို သူေရာက္ေနခဲ့တာ ၁ လဝန္းက်င္ ရွိေနျပီလို႔ ယူဆရပါတယ္။