စပါးမန်နေဂျာ မော်ရင်ညိုက ဒီရာသီမှာ သူ့အသင်းက ပုံစံကောင်း၊ စိတ်ဓါတ်ကောင်းတွေ ရနေပေမယ့် ဒီနောက်ပိုင်း ရလဒ်တွေ ဆက်တိုက် ကျဆင်းသွားရတာက လီဗာပူးအသင်းကို ရင်ဆိုင်ခဲ့ရတဲ့ ရလဒ်ကြောင့်လို့ ဝန်ခံလိုက်ပါတယ်။

စပါးဟာ အမှတ်ပေးဇယား ထိပ်ဆုံးကို ရယူထားနိုင်ခဲ့ပေမယ့် ဒီဇင်ဘာလ ၁၆ ရက်တုန်းက အန်ဖီးမှာ လီဗာပူးကို ယှဉ်ပြိုင်ပြီး ၂-၁ ဖြင့် အရေးနိမ့်ခဲ့တယ်။ ဖာမင်နိုရဲ့ နောက်ကျသွင်းဂိုးက ၎င်းတို့ကို အရေးနိမ့်စေခဲ့သလို အဆိုပါနောက်ပိုင်း လက်စတာနဲ့ ဝုဗ်တို့ကိုလည်း အနိုင်မရခဲ့ဘဲ နောက်ဆုံး ၃ ပွဲမှာ ရမှတ် ၁ မှတ်ပဲရပြီး အမှတ်ပေးဇယား အဆင့် ၇ ထိ ဆင်းသွားခဲ့ပါတယ်။

လီဗာပူးကို ရင်ဆိုင်ခဲ့ရတာက သူ့အသင်းအတွက် ဘယ်လောက် ထိခိုက်ခဲ့သလဲဆိုတာနဲ့ ပက်သက်လို့ မော်ရင်ညိုက ရှင်းပြပါသေးတယ်။

” ရလဒ်တွေ မကောင်းတော့ခြင်းရဲ့ အစက လီဗာပူးကို ရင်ဆိုင်ကစားပြီး အရေးနိမ့်တာက စတင်တာပါပဲ။ ကျနေ်ာတို့ အနိုင်ရဖို့ သိပ်ကို နီးစပ်ခဲ့သလို အဲ့လိုပွဲမျိုးမှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်အရ ကျနေ်ာတို့ ဘယ်တော့မှ အရေးမနိမ့်ဖူးပါဘူး။

ဘောလုံးဆိုတာက စိတ်ဓါတ်ပိုင်းကလည်း အရေးကြီးပါတယ်။ ပွဲရဲ့ အခိုက်အတန့် အားလုံးကိုတော့ မထိန်းချုပ်နိုင်ပါဘူး။ ဒါပေမယ့် ကျနေ်ာတို့ ပုံစံကောင်းတွေ ပြန်ရမယ့် အခိုက်အတန့်ကို ပြန်ရှာရပါမယ်။ အဲ့သည် အခိုက်အတန့်အတွက် ဂိုးတွေသွင်းပြီး ပွဲတွေကို အနိုင်ရဖို့ လိုပါတယ် ” လို့ မော်ရင်ညိုက မှတ်ချက်ပေးခဲ့တာဖြစ်တယ်။

ဒီရာသီမှာ ပရီးမီးယားလိဂ်ကလပ်တွေက တည်ငြိမ်တဲ့ စွမ်းဆောင်ရည်တွေ မပြသနိုင်ပါဘူး။ လက်ရှိ ချန်ပီယံ လီဗာပူးအတွက်ကလည်း နောက်ပိုင်းပွဲတွေမှာ သရေရလဒ်တွေများနေပြီး လာမယ့် ဆောက်သမ်တန်ပွဲမှာတော့ အနိုင်သုံးမှတ် သေချာပေါက် ရယူဖို့ လိုအပ်မှာဖြစ်ပါတယ်။

ZAWGYI

စပါးမန္ေနဂ်ာ ေမာ္ရင္ညိဳက ဒီရာသီမွာ သူ႔အသင္းက ပံုစံေကာင္း၊ စိတ္ဓါတ္ေကာင္းေတြ ရေနေပမယ့္ ဒီေနာက္ပိုင္း ရလဒ္ေတြ ဆက္တိုက္ က်ဆင္းသြားရတာက လီဗာပူးအသင္းကို ရင္ဆိုင္ခဲ့ရတဲ့ ရလဒ္ေၾကာင့္လို႔ ဝန္ခံလိုက္ပါတယ္။

စပါးဟာ အမွတ္ေပးဇယား ထိပ္ဆံုးကို ရယူထားႏုိင္ခဲ့ေပမယ့္ ဒီဇင္ဘာလ ၁၆ ရက္တုန္းက အန္ဖီးမွာ လီဗာပူးကို ယွဥ္ျပိဳင္ျပီး ၂-၁ ျဖင့္ အေရးနိမ့္ခဲ့တယ္။ ဖာမင္ႏိုရဲ႕ ေနာက္က်သြင္းဂိုးက ၄င္းတို႔ကို အေရးနိမ့္ေစခဲ့သလို အဆိုပါေနာက္ပိုင္း လက္စတာနဲ႔ ဝုဗ္တို႔ကိုလည္း အႏုိင္မရခဲ့ဘဲ ေနာက္ဆံုး ၃ ပြဲမွာ ရမွတ္ ၁ မွတ္ပဲရျပီး အမွတ္ေပးဇယား အဆင့္ ၇ ထိ ဆင္းသြားခဲ့ပါတယ္။

လီဗာပူးကို ရင္ဆိုင္ခဲ့ရတာက သူ႔အသင္းအတြက္ ဘယ္ေလာက္ ထိခိုက္ခဲ့သလဲဆိုတာနဲ႔ ပက္သက္လို႔ ေမာ္ရင္ညိဳက ရွင္းျပပါေသးတယ္။

” ရလဒ္ေတြ မေကာင္းေတာ့ျခင္းရဲ႕ အစက လီဗာပူးကို ရင္ဆိုင္ကစားျပီး အေရးနိမ့္တာက စတင္တာပါပဲ။ က်ေန္ာတို႔ အႏုိင္ရဖို႔ သိပ္ကို နီးစပ္ခဲ့သလို အဲ့လိုပြဲမ်ိဳးမွာ ျပသခဲ့တဲ့ စြမ္းေဆာင္ရည္အရ က်ေန္ာတို႔ ဘယ္ေတာ့မွ အေရးမနိမ့္ဖူးပါဘူး။

ေဘာလံုးဆိုတာက စိတ္ဓါတ္ပိုင္းကလည္း အေရးၾကီးပါတယ္။ ပြဲရဲ႕ အခိုက္အတန္႔ အားလံုးကိုေတာ့ မထိန္းခ်ဳပ္ႏုိင္ပါဘူး။ ဒါေပမယ့္ က်ေန္ာတို႔ ပံုစံေကာင္းေတြ ျပန္ရမယ့္ အခိုက္အတန္႔ကို ျပန္ရွာရပါမယ္။ အဲ့သည္ အခိုက္အတန္႔အတြက္ ဂိုးေတြသြင္းျပီး ပြဲေတြကို အႏုိင္ရဖို႔ လိုပါတယ္ ” လို႔ ေမာ္ရင္ညိဳက မွတ္ခ်က္ေပးခဲ့တာျဖစ္တယ္။

ဒီရာသီမွာ ပရီးမီးယားလိဂ္ကလပ္ေတြက တည္ျငိမ္တဲ့ စြမ္းေဆာင္ရည္ေတြ မျပသႏုိင္ပါဘူး။ လက္ရွိ ခ်န္ပီယံ လီဗာပူးအတြက္ကလည္း ေနာက္ပိုင္းပြဲေတြမွာ သေရရလဒ္ေတြမ်ားေနျပီး လာမယ့္ ေဆာက္သမ္တန္ပြဲမွာေတာ့ အႏိုင္သံုးမွတ္ ေသခ်ာေပါက္ ရယူဖို႔ လိုအပ္မွာျဖစ္ပါတယ္။