ဇန်နဝါရီ အပြောင်းအရွှေ့မှာ လီဗာပူးအသင်း ခံစစ်မှူးမခေါ်တာက ကိုယ်အသင်းရဲ့ လူစာရင်း အင်အားနည်းမှုတင် မဟုတ်ဘဲ ပြိုင်ဘက်တွေကိုလည်း မျှော်လင့်ချက်ပေးသလို ဖြစ်သွားလိမ့်မယ်လို့ ကာရေဂါက ထောက်ပြသွားပါတယ်။

ဂျင်မီ ကာရေဂါက ဒီရာသီ လီဗာပူးရဲ့ စွမ်းဆောင်ရည် မတည်ငြိမ်ခြင်းက ခံစစ်မှာ တည်ငြိမ်တဲ့ လူစာရင်း မထုတ်နိုင်ခြင်းကြောင့်လို့ မြင်ထားသူပါ။ အထူးသဖြင့် ဗန်ဒိုက်နဲ့ ဂိုးမက်စ် ဒဏ်ရာရသွားချိန်မှာ ဖာဘင်ညို တစ်ဦးတည်းက မာတစ်၊ ရိုင်းစ်၊ နက်ဖီးလစ်တို့နဲ့ အလှည့်ကျ တွဲနေရတာက ခံစစ်ကို ထိခိုက်စေတယ်လို့ သူမြင်ပါတယ်။

ကာရေဂါက ” ဒဏ်ရာရနေတဲ့ ဗန်ဒိုက် တစ်ဦးတည်းကြောင့်တင်ကို လီဗာပူးက ဒီရာသီ ၉ မှတ်ကနေ ၁၂ မှတ်လောက် နစ်နာပါတယ်။ ဖာဘင်ညိုက အကောင်းဆုံး ကစားပေးနေပေမယ့် မာတစ်က ဒဏ်ရာရနေတယ်။ အလွယ်ဆုံး နည်းလမ်းအဖြစ် လီဗာပူးက ဗဟိုခံစစ်သမား မခေါ်ဘူးဆိုရင် သိပ်ကို အံ့သြသင့်စရာ ဖြစ်လာပါလိမ့်မယ်။

ခံစစ်သမား ခေါ်ယူဖို့ မလိုအပ်ဘူးဆိုတဲ့ အတွေးအခေါ်ကိုလည်း ကျနော်တော့ နားလည်မှာ မဟုတ်ပါဘူး။ ကလပ်က အနည်းဆုံး ခံစစ်သမား တစ်ဦးကို လိုအပ်ပါတယ်။

မာတစ်က အခုလိုပဲ ကစားလိုက်၊ မကစားလိုက်ဆိုရင် ဖာဘင်ညို ဒဏ်ရာရသွားရင် ရိုင်းစ်၊ နက်ဖီးလစ်လို အတွေ့အကြုံမရှိ ကစားသမားတွေနဲ့ အမြင့်ဆုံးအဆင့်တွေကို ဘယ်လို ကစားမလဲ? ဒါက သိပ်ကြီးတဲ့ စိန်ခေါ်မှု ဖြစ်ပါတယ်။

ဒဏ်ရာပြဿနာတွေကို လီဗာပူး ကိုင်တွယ်ဖြေရှင်းနေပုံက ကောင်းမွန်နေဆဲဖြစ်ပေမယ့် ခံစစ်သမားတစ်ဦး မခေါ်တာက အခြားအသင်းတွေကို မျှော်လင့်ချက်တွေ ဖြစ်လာစေပါလိမ့်မယ်။ အမှတ်ပေးဖလား မကာကွယ်နိုင်ရင် ကလော့ပ်က ကောင်းကောင်းကြီး အနွှာခံရမှာပါ။

လီဗာပူးက အင်္ဂလန်ရဲ့ အကောင်းဆုံး အသင်းပါ ဒါပေမယ့် ငွေမသုံးတာက အခြားသော အသင်းတွေက လီဗာပူးကို လိုက်မီလာဖို့ အိပ်မက်တွေအတွက် တံခါးဖွင့်ပေးသလို ဖြစ်လာပါလိမ့်မယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ဇန္နဝါရီ အေျပာင္းအေရႊ႔မွာ လီဗာပူးအသင္း ခံစစ္မွဴးမေခၚတာက ကိုယ္အသင္းရဲ႕ လူစာရင္း အင္အားနည္းမႈတင္ မဟုတ္ဘဲ ျပိဳင္ဘက္ေတြကိုလည္း ေမွ်ာ္လင့္ခ်က္ေပးသလို ျဖစ္သြားလိမ့္မယ္လို႔ ကာေရဂါက ေထာက္ျပသြားပါတယ္။

ဂ်င္မီ ကာေရဂါက ဒီရာသီ လီဗာပူးရဲ႕ စြမ္းေဆာင္ရည္ မတည္ျငိမ္ျခင္းက ခံစစ္မွာ တည္ျငိမ္တဲ့ လူစာရင္း မထုတ္ႏုိင္ျခင္းေၾကာင့္လို႔ ျမင္ထားသူပါ။ အထူးသျဖင့္ ဗန္ဒိုက္နဲ႔ ဂိုးမက္စ္ ဒဏ္ရာရသြားခ်ိန္မွာ ဖာဘင္ညိဳ တစ္ဦးတည္းက မာတစ္၊ ရိုင္းစ္၊ နက္ဖီးလစ္တို႔နဲ႔ အလွည့္က် တြဲေနရတာက ခံစစ္ကို ထိခိုက္ေစတယ္လို႔ သူျမင္ပါတယ္။

ကာေရဂါက ” ဒဏ္ရာရေနတဲ့ ဗန္ဒိုက္ တစ္ဦးတည္းေၾကာင့္တင္ကို လီဗာပူးက ဒီရာသီ ၉ မွတ္ကေန ၁၂ မွတ္ေလာက္ နစ္နာပါတယ္။ ဖာဘင္ညိဳက အေကာင္းဆံုး ကစားေပးေနေပမယ့္ မာတစ္က ဒဏ္ရာရေနတယ္။ အလြယ္ဆံုး နည္းလမ္းအျဖစ္ လီဗာပူးက ဗဟိုခံစစ္သမား မေခၚဘူးဆိုရင္ သိပ္ကို အံ့ၾသသင့္စရာ ျဖစ္လာပါလိမ့္မယ္။

ခံစစ္သမား ေခၚယူဖို႔ မလိုအပ္ဘူးဆိုတဲ့ အေတြးအေခၚကိုလည္း က်ေနာ္ေတာ့ နားလည္မွာ မဟုတ္ပါဘူး။ ကလပ္က အနည္းဆံုး ခံစစ္သမား တစ္ဦးကို လိုအပ္ပါတယ္။

မာတစ္က အခုလိုပဲ ကစားလိုက္၊ မကစားလိုက္ဆိုရင္ ဖာဘင္ညိဳ ဒဏ္ရာရသြားရင္ ရိုင္းစ္၊ နက္ဖီးလစ္လို အေတြ႔အၾကံဳမရွိ ကစားသမားေတြနဲ႔ အျမင့္ဆံုးအဆင့္ေတြကို ဘယ္လို ကစားမလဲ? ဒါက သိပ္ၾကီးတဲ့ စိန္ေခၚမႈ ျဖစ္ပါတယ္။

ဒဏ္ရာျပႆနာေတြကို လီဗာပူး ကိုင္တြယ္ေျဖရွင္းေနပံုက ေကာင္းမြန္ေနဆဲျဖစ္ေပမယ့္ ခံစစ္သမားတစ္ဦး မေခၚတာက အျခားအသင္းေတြကို ေမွ်ာ္လင့္ခ်က္ေတြ ျဖစ္လာေစပါလိမ့္မယ္။ အမွတ္ေပးဖလား မကာကြယ္ႏုိင္ရင္ ကေလာ့ပ္က ေကာင္းေကာင္းၾကီး အႏႊာခံရမွာပါ။

လီဗာပူးက အဂၤလန္ရဲ႕ အေကာင္းဆံုး အသင္းပါ ဒါေပမယ့္ ေငြမသံုးတာက အျခားေသာ အသင္းေတြက လီဗာပူးကို လိုက္မီလာဖို႔ အိပ္မက္ေတြအတြက္ တံခါးဖြင့္ေပးသလို ျဖစ္လာပါလိမ့္မယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။