ဒီယေဂို ဂျိုတာက သူဟာ ဒူးဒဏ်ရာကနေ သက်သာလာဖို့ အစွမ်းကုန် ကြိုးစားနေပြီး ခပ်မြန်မြန်လေး ပြန်လာနိုင်ဖို့ ဦးတည်ချက်ထားနေကြောင်း ဖွင့်ဟသွားပါတယ်။

ဒီရာသီမှာ ဂျိုတာ ရှိလာတဲ့ လီဗာပူးတိုက်စစ်က ပိုမို ထက်မြက်လာပြီး စွမ်းဆောင်ရည် ပိုကောင်းလာတာပါ။ နေရာတစ်နေရာအတွက် ပြိုင်ဆိုင်မှု ပြင်းထန်လာတဲ့နောက် တိုက်စစ်သမားတွေက ပိုမို အာရုံစိုက် ကစားလာကြတယ်။ ဒီလို အနေအထားမှာ ဂျိုတာ ဒူးဒဏ်ရာရသွားတာက လီဗာပူးအတွက် ထိခိုက်မှုပါ ဖြစ်လာခဲ့ပါတယ်။

ဒဏ်ရာကနေ ပြန်သက်သာလာဖို့ ကြိုးစားနေခြင်းနဲ့ ပက်သက်ပြီး ဂျိုတာက ” ဒူးဒဏ်ရာတွေဆိုတာက အမြဲတမ်း ဂရုစိုက်ရပြီး အစောတလျင် လုပ်လို့မရတဲ့ ကိစ္စ ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော် အဆင်ပြေပါတယ်။ ဖြစ်နိုင်သလောက် အမြန်ဆုံး ကွင်းထဲ ပြန်လာမှာပါ။

ကျနော် ပြန်ပြီး ကြံ့ခိုင်လာတာနဲ့ တစ်ပြိုင်နက် လေ့ကျင့်ရေးတိုင်းမှာ အစွမ်းကုန် ကြိုးစားသွားမှာ ဖြစ်ပါတယ်။ ပွဲတွေ ကစားနိုင်ဖို့အတွက် အခွင့်အရေးရဖို့လည်း ကျနော် ကြိုးစားသွားပါမယ် ” ဆိုပြီး အသင်းပရိသတ်တွေကို ရည်ရွယ်တဲ့ အကြောင်းကြားစာ ပို့လာခဲ့တယ်။

နွေတုန်းက ပေါင် ၄၁ သန်းဖြင့် လီဗာပူးကို ပြောင်းလာခဲ့တဲ့ ဂျိုတာက ကလပ်ရဲ့ လွှမ်းမိုးမှု အကြီးဆုံး ကစားသမားတွေထဲက တစ်ဦး ဖြစ်လိုနေပါတယ်။ သူက အသင်းမှာ ဖြစ်နိုင်သလောက် အချိန်အကြာကြီး ဆက်နေလိုတယ်ဆိုတာကိုလည်း ထုတ်ပြောခဲ့တယ်။

ဂျိုတာက ” ပေါ်တူဂီမှာတော့ အခက်ခဲဆုံးကိစ္စက အရောက်သွားဖို့ မဟုတ်ဘဲ ဆက်နေဖို့ဖြစ်တယ်လို့ ပြောကြတယ်။ ဒီတော့ ဒါက ကျနော်ရဲ့ ပစ်မှတ်ပါပဲ။ အခုချိန်မှာ ကျနော်က လီဗာပူးကို ပြောင်းရွှေ့ထားခဲ့ပြီ။ အသင်းမှာ လွှမ်းမိုးမှုအကြီးဆုံးသူ ဖြစ်လာဖို့အတွက် ကြိုးစားလိုပါတယ်။ အဲ့အတွက်ပဲ နေ့တိုင်းမှာ ကြိုးစားနေပါတယ် ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။

ZAWGYI

ဒီေယဂို ဂ်ိဳတာက သူဟာ ဒူးဒဏ္ရာကေန သက္သာလာဖို႔ အစြမး္ကုန္ ၾကိဳးစားေနျပီး ခပ္ျမန္ျမန္ေလး ျပန္လာႏုိင္ဖို႔ ဦးတည္ခ်က္ထားေနေၾကာင္း ဖြင့္ဟသြားပါတယ္။

ဒီရာသီမွာ ဂ်ိဳတာ ရွိလာတဲ့ လီဗာပူးတိုက္စစ္က ပိုမို ထက္ျမက္လာျပီး စြမ္းေဆာင္ရည္ ပိုေကာင္းလာတာပါ။ ေနရာတစ္ေနရာအတြက္ ျပိဳင္ဆိုင္မႈ ျပင္းထန္လာတဲ့ေနာက္ တိုက္စစ္သမားေတြက ပိုမို အာရံုစိုက္ ကစားလာၾကတယ္။ ဒီလို အေနအထားမွာ ဂ်ိဳတာ ဒူးဒဏ္ရာရသြားတာက လီဗာပူးအတြက္ ထိခိုက္မႈပါ ျဖစ္လာခဲ့ပါတယ္။

ဒဏ္ရာကေန ျပန္သက္သာလာဖို႔ ၾကိဳးစားေနျခင္းနဲ႔ ပက္သက္ျပီး ဂ်ိဳတာက ” ဒူးဒဏ္ရာေတြဆိုတာက အျမဲတမ္း ဂရုစိုက္ရျပီး အေစာတလ်င္ လုပ္လို႔မရတဲ့ ကိစၥ ျဖစ္ပါတယ္။ ဒါေပမယ့္ က်ေနာ္ အဆင္ေျပပါတယ္။ ျဖစ္ႏုိင္သေလာက္ အျမန္ဆံုး ကြင္းထဲ ျပန္လာမွာပါ။

က်ေနာ္ ျပန္ျပီး ၾကံ႕ခိုင္လာတာနဲ႔ တစ္ျပိဳင္နက္ ေလ့က်င့္ေရးတိုင္းမွာ အစြမ္းကုန္ ၾကိဳးစားသြားမွာ ျဖစ္ပါတယ္။ ပြဲေတြ ကစားႏုိင္ဖို႔အတြက္ အခြင့္အေရးရဖို႔လည္း က်ေနာ္ ၾကိဳးစားသြားပါမယ္ ” ဆိုျပီး အသင္းပရိသတ္ေတြကို ရည္ရြယ္တဲ့ အေၾကာင္းၾကားစာ ပို႔လာခဲ့တယ္။

ေႏြတုန္းက ေပါင္ ၄၁ သန္းျဖင့္ လီဗာပူးကို ေျပာင္းလာခဲ့တဲ့ ဂ်ိဳတာက ကလပ္ရဲ႕ လႊမ္းမိုးမႈ အၾကီးဆံုး ကစားသမားေတြထဲက တစ္ဦး ျဖစ္လိုေနပါတယ္။ သူက အသင္းမွာ ျဖစ္ႏုိင္သေလာက္ အခ်ိန္အၾကာၾကီး ဆက္ေနလိုတယ္ဆိုတာကိုလည္း ထုတ္ေျပာခဲ့တယ္။

ဂ်ိဳတာက ” ေပၚတူဂီမွာေတာ့ အခက္ခဲဆံုးကိစၥက အေရာက္သြားဖုိ႔ မဟုတ္ဘဲ ဆက္ေနဖို႔ျဖစ္တယ္လို႔ ေျပာၾကတယ္။ ဒီေတာ့ ဒါက က်ေနာ္ရဲ႕ ပစ္မွတ္ပါပဲ။ အခုခ်ိန္မွာ က်ေနာ္က လီဗာပူးကို ေျပာင္းေရႊ႔ထားခဲ့ျပီ။ အသင္းမွာ လႊမ္းမိုးမႈအၾကီးဆံုးသူ ျဖစ္လာဖို႔အတြက္ ၾကိဳးစားလိုပါတယ္။ အဲ့အတြက္ပဲ ေန႔တိုင္းမွာ ၾကိဳးစားေနပါတယ္ ” လို႔ ဆိုသြားခဲ့တာျဖစ္ပါတယ္။