သောကြာနေ့တုန်းက လူမှုကွန်ယက်မှာ ဆောက်သမ်တန်ခံစစ်သမားဟောင်း ဖွန်တီရဲ့ မှတ်ချက်အချို့ကနေ စတင်ပြီး လီဗာပူးနဲ့ လိုင်လီခံစစ်သမား ဘော့မန်းတို့ကြား သတင်းတွေက စိတ်ဝင်စားဖွယ် ဖြစ်လာခဲ့ပါပြီ။

ဖွန်တီနဲ့ ဘော့မန်းတို့ဟာ ပြင်သစ်ကလပ် လိုင်လီအသင်းမှာ တွဲဘက် ကစားနေကြတာပါ။ ဖွန်တီက သူ့ရဲ့တွဲဘက်ကို လက်လွတ်ရမယ်ဆိုတဲ့ သတင်းကို ‘ နောက်ထပ် တစ်ယောက်လား.. ကူညီပေးရတာကို အမြဲတမ်း ပျော်ပါတယ် ‘ လို့ မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။ ဖွန်တီရဲ့ တွဲဘက်တွေဖြစ်တဲ့ လိုဗရန်နဲ့ ဗန်ဒိုက်တို့က လီဗာပူးကို ပြောင်းရွှေ့ခဲ့တာဖြစ်တယ်။

ဒီဇင်ဘာတုန်းကပဲ ပြင်သစ်သတင်းဌာနတွေက လီဗာပူးဟာ အသက် ၂၀ အရွယ် ခံစစ်မှူးကို စိတ်ဝင်စားနေတယ်လို့ ဖော်ပြနေကြတယ်။ ဘော့မန်းကို သက်သာတဲ့ ပြောင်းရွှေ့ကြေးဖြင့်ေ ခါ်ယူနိုင်မယ်လို့ သိထားရပြီး ဈေးနှုန်း အတိအကျကတော့ မသိရပါဘူး။

ပြင်သစ်ကလပ်က ဘဏ္ဍာရေးဆိုင်ရာ ပြဿနာတွေ ရှိလာနေစဉ်မှာ လီဗာပူးကလည်း ဗဟိုခံစစ်အတွက် ခံစစ်သမားသစ် ရှာဖွေမှုတွေကို စတင်လာနေတာဖြစ်တယ်။ အေဂျက်ကနေ လိုင်လီကို ပြောင်းလာပြီး ၅ လအကြာမှာပဲ ဘော့မန်းက အင်္ဂလန်လိဂ်ကို ပြောင်းဖို့ လမ်းစ ပေါ်ထွက်လာနေပါတယ်။

နောက်ထပ် ထူးခြားမှုက ဘော့မန်းရဲ့ အေဂျက်စီဖြစ်တဲ့ အမ်စတာဒမ် အခြေစိုက် Muy Manero က လီဗာပူးနဲ့ သူ့ကစားသမားကြား သတင်းထွက်နေတဲ့ အင်စတာဂရမ်ပိုစ့်တွေကို ‘liked’ လုပ်သွားခဲ့တယ်။ ဒါ့အပြင် လီဗာပူးသတင်းထောက်ဖြစ်တဲ့ ဂျိမ်းပီရက်ဇ်ကလည်း ဘော့မန်းနဲ့ ကစားသမားရဲ့ အေးဂျင့်တို့ကို အင်စတာဂရမ်မှာ Follow လုပ်ခဲ့ပါတယ်။

အသက် ၂၀ အရွယ် နယ်သာလန် ယူ-၂၁ အသင်းသားဟာ လီဗာပူး စောင့်ကြည့်နေတဲ့ ဗဟိုခံစစ်မှူးတွေရဲ့ အရည်အချင်းဖြင့် ကိုက်ညီသူဖြစ်တယ်။ သူဟာ ဘယ်ခြေအားသန်သူဖြစ်ပြီး ဘယ်ခြမ်း ဗဟိုခံစစ်နေရာအတွက် ကစားသူလို့လည်း သိရတယ်။ သူရဲ့ အလားအလာအရကော လီဗာပူးမှာ ဗန်ဒိုက်၊ ဝိုက်နယ်ဒမ်။ ပပ်လင်ဒါးတို့ ရှိနေခြင်းက ကစားသမားကို အန်ဖီးမှာ အထိုင်ကျဖို့ မြန်ဆန်စေမယ်ဆိုတဲ့ ယူဆချက်တွေလည်း ရှိနေပါတယ်။

ဒီကိစ္စတွေက သတင်းကြီးတွေအဖြစ်တော့ စတင်လာခြင်း မရှိသေးပါဘူး။ ဒါပေမယ့်လို့ သေးငယ်တဲ့ လှုပ်ရှားမှုတွေ စတင် စုစည်းမိလာနေပြီး လီဗာပူးက ဘော့မန်းအတွက် စတင် လှုပ်ရှားနေကြောင်း သတင်းတွေတော့ ပျံ့နှံ့လာခဲ့ပြီ ဖြစ်ပါတယ်။

ZAWGYI

ေသာၾကာေန႔တုန္းက လူမႈကြန္ယက္မွာ ေဆာက္သမ္တန္ခံစစ္သမားေဟာင္း ဖြန္တီရဲ႕ မွတ္ခ်က္အခ်ိဳ႔ကေန စတင္ျပီး လီဗာပူးနဲ႔ လိုင္လီခံစစ္သမား ေဘာ့မန္းတို႔ၾကား သတင္းေတြက စိတ္ဝင္စားဖြယ္ ျဖစ္လာခဲ့ပါျပီ။

ဖြန္တီနဲ႔ ေဘာ့မန္းတို႔ဟာ ျပင္သစ္ကလပ္ လိုင္လီအသင္းမွာ တြဲဘက္ ကစားေနၾကတာပါ။ ဖြန္တီက သူ႔ရဲ႔တြဲဘက္ကို လက္လြတ္ရမယ္ဆိုတဲ့ သတင္းကို ‘ ေနာက္ထပ္ တစ္ေယာက္လား.. ကူညီေပးရတာကို အျမဲတမ္း ေပ်ာ္ပါတယ္ ‘ လို႔ မွတ္ခ်က္ေပးခဲ့တာျဖစ္ပါတယ္။ ဖြန္တီရဲ႕ တြဲဘက္ေတြျဖစ္တဲ့ လိုဗရန္နဲ႔ ဗန္ဒိုက္တို႔က လီဗာပူးကို ေျပာင္းေရႊ႔ခဲ့တာျဖစ္တယ္။

ဒီဇင္ဘာတုန္းကပဲ ျပင္သစ္သတင္းဌာနေတြက လီဗာပူးဟာ အသက္ ၂၀ အရြယ္ ခံစစ္မွဴးကို စိတ္ဝင္စားေနတယ္လို႔ ေဖာ္ျပေနၾကတယ္။ ေဘာ့မန္းကို သက္သာတဲ့ ေျပာင္းေရႊ႔ေၾကးျဖင့္ေ ခၚယူႏုိင္မယ္လို႔ သိထားရျပီး ေစ်းႏႈန္း အတိအက်ကေတာ့ မသိရပါဘူး။

ျပင္သစ္ကလပ္က ဘ႑ာေရးဆိုင္ရာ ျပႆနာေတြ ရွိလာေနစဥ္မွာ လီဗာပူးကလည္း ဗဟိုခံစစ္အတြက္ ခံစစ္သမားသစ္ ရွာေဖြမႈေတြကို စတင္လာေနတာျဖစ္တယ္။ ေအဂ်က္ကေန လိုင္လီကို ေျပာင္းလာျပီး ၅ လအၾကာမွာပဲ ေဘာ့မန္းက အဂၤလန္လိဂ္ကို ေျပာင္းဖို႔ လမ္းစ ေပၚထြက္လာေနပါတယ္။

ေနာက္ထပ္ ထူးျခားမႈက ေဘာ့မန္းရဲ႕ ေအဂ်က္စီျဖစ္တဲ့ အမ္စတာဒမ္ အေျခစိုက္ Muy Manero က လီဗာပူးနဲ႔ သူ႔ကစားသမားၾကား သတင္းထြက္ေနတဲ့ အင္စတာဂရမ္ပိုစ့္ေတြကို ‘liked’ လုပ္သြားခဲ့တယ္။ ဒါ့အျပင္ လီဗာပူးသတင္းေထာက္ျဖစ္တဲ့ ဂ်ိမ္းပီရက္ဇ္ကလည္း ေဘာ့မန္းနဲ႔ ကစားသမားရဲ႕ ေအးဂ်င့္တို႔ကို အင္စတာဂရမ္မွာ Follow လုပ္ခဲ့ပါတယ္။

အသက္ ၂၀ အရြယ္ နယ္သာလန္ ယူ-၂၁ အသင္းသားဟာ လီဗာပူး ေစာင့္ၾကည့္ေနတဲ့ ဗဟိုခံစစ္မွဴးေတြရဲ႕ အရည္အခ်င္းျဖင့္ ကိုက္ညီသူျဖစ္တယ္။ သူဟာ ဘယ္ေျခအားသန္သူျဖစ္ျပီး ဘယ္ျခမ္း ဗဟိုခံစစ္ေနရာအတြက္ ကစားသူလို႔လည္း သိရတယ္။ သူရဲ႕ အလားအလာအရေကာ လီဗာပူးမွာ ဗန္ဒိုက္၊ ဝိုက္နယ္ဒမ္။ ပပ္လင္ဒါးတို႔ ရွိေနျခင္းက ကစားသမားကို အန္ဖီးမွာ အထိုင္က်ဖို႔ ျမန္ဆန္ေစမယ္ဆိုတဲ့ ယူဆခ်က္ေတြလည္း ရွိေနပါတယ္။

ဒီကိစၥေတြက သတင္းၾကီးေတြအျဖစ္ေတာ့ စတင္လာျခင္း မရွိေသးပါဘူး။ ဒါေပမယ့္လို႔ ေသးငယ္တဲ့ လႈပ္ရွားမႈေတြ စတင္ စုစည္းမိလာေနျပီး လီဗာပူးက ေဘာ့မန္းအတြက္ စတင္ လႈပ္ရွားေနေၾကာင္း သတင္းေတြေတာ့ ပ်ံ႔ႏွံ႔လာခဲ့ျပီ ျဖစ္ပါတယ္။