လီဗာပူးရဲ့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် အောင်မြင်မှု အသင်းခေါင်းဆောင် ဂျော်ဒန်ဟန်ဒါဆန်က ကလပ်ဟာ ၂၀၁၂ မှာ သူ့ကို ဖူလ်ဟမ်ထံ ရောင်းဖို့ကြိုးစားခဲ့တုန်းက အနာဂတ်ဟာ မှောင်ရီဝေဝါးလွန်းခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

ဟန်ဒါဆန်ဟာ အန်ဖီးမှာ အမြဲတမ်း အထင်ကြီးစရာ ကောင်းတဲ့ စွမ်းဆောင်ရှင် မဟုတ်ခဲ့ပဲ မန်နေဂျာဟောင်း ဘရန်ဒန်ရော်ဂျာက ဒမ့်ဆေးနဲ့ သူ့ကို အလဲအလှယ်လုပ်ဖို့ အလိုရှိခဲ့တာပါ။ ဟန်ဒါဆန်က အဲ့ဒီ့အပြောင်းအရွှေ့ကို ငြင်းပယ်ခဲ့ပြီး နောက်ဆုံးမှာ မာဆေးဆိုဒ်ရဲ့ သူရဲကောင်းတစ်ယောက် ဖြစ်လာခဲ့ပေမယ့် သူအသင်းပြောင်းခဲ့မယ်ဆိုရင် ဒီအရာတွေက သိပ်ကိုခြားနားတဲ့ ပုံစံနဲ့ ဖြစ်သွားနိုင်ခြေ ရှိခဲ့တာပါ။

“ကျွန်တော် သေချာမှတ်မိနေသေးတယ်။ အဲ့ဒါက ခက်ခဲတဲ့ အခိုက်အတန့် ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ အန်ဖီးမှာ Hearts နဲ့ ယူရိုပါလိဂ် ဝင်ခွင့် ပွဲကစားဖို့အတွက် ပြင်ဆင်နေခဲ့တာပါ။ ကျွန်တော်တို့ ဟိုတယ်မှာ ပုံမှန်လိုပဲ တွေ့ဆုံခဲ့ပြီး ကျွန်တော့်တံခါးကို တစ်ယောက်ယောက်က လာခေါက်ပြီးတော့ နည်းပြက ကျွန်တော်တို့ကို စကားပြောချင်နေတယ်လို့ လာပြောတယ်။

ဘရန်ဒန်ရော်ဂျာနဲ့ ဒီအတိုင်းပဲ စကားပြောဖြစ်ခဲ့တယ်။ အဲ့ဒါက ကျွန်တော်မလိုချင်တဲ့ အခွင့်အရေး ဖြစ်ခဲ့ပါတယ်။ ကျွန်တော်က ကလပ်အတွက် အများကြီး ပေးဆပ်ကစားနိုင်သေးတယ်လို့ ခံစားခဲ့ရသေးပေမယ့် အဲ့ဒီ့အချိန်က ကျနော်ရဲ့ ဘဝက အမှောင်ကျသလို ဖြစ်ခဲ့ပါတယ်”လို့ ဟန်ဒါဆန်က ဆိုပါတယ်။

၂၀၁၅-၂၀၁၆ မှာ ကလော့ပ် ရောက်ရှိလာတဲ့အချိန် ဟန်ဒါဆန်အတွက် ဘယ်အရာကမှ ပိုလွယ်ကူလာခဲ့ခြင်း မရှိသလို ၎င်းဟာ ဒဏ်ရာပြဿနာတွေကြောင့် ပရီးမီးယားလိဂ် ၁၉ ပွဲကို လွဲချော်ခဲ့တာဖြစ်ပါတယ်။

ယာဂင်ကလော့ပ် လက်ထက်မှာ ဟန်ဒါဆန်ဟာ လီဗာပူးရဲ့ ခေါင်းဆောင်အဖြစ် ပိုမို တည်ငြိမ်လာခဲ့ပြီး အသင်းရဲ့ လေးစားခံ စီနီယာတစ်ဦး ဖြစ်လာခဲ့တယ်။ ခြေစွမ်းမှာတော့ လီဗာပူးပရိသတ်တိုင်း နှစ်သက်တဲ့ ကစားသမား မဟုတ်ပေမယ့်လည်း သူ့ရဲ့ အနစ်နာခံမှုနဲ့ အသင်းဖော်တွေအတွက် တစ်ကိုယ်ကောင်းစိတ် ကင်းမဲ့လွန်းမှုကြောင့် အသင်းပရိသတ်တိုင်း လေးစားမှုပေးရသူ ဖြစ်လာခဲ့တယ်။

“ မန်နေဂျာကလော့ပ် ပထမဆုံး ရောက်လာတဲ့အချိန် ကျွန်တော့်အတွက် ခက်ခဲခဲ့တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က ဒဏ်ရာရနေခဲ့တာပါ။ ဒါကြောင့် ဒဏ်ရာတွေပဲ ဆက်တိုက်ခံစားခဲ့ရတာကြောင့် ကျွန်တော့်ရဲ့ ပုံစံအစစ်အမှန်နဲ့ ရစ်သမ် ပြန်ရဖို့ အချိန်ယူခဲ့ရတယ်။ အဲ့ဒီ့နောက်တော့ ခံစစ်ကို ပိုမိုအားပြုတဲ့ နေရာမှာ စတင်ကစားခဲ့ရတယ်။

ကလော့ပ်ရဲ့ ကျေးဇူးကြောင့်ပါပဲ။ ဘာလို့လဲဆိုတော့ လူတော်တော်များများက ကျွန်တော် အဲ့နေရာမှာ ကစားနိုင်တယ်လို့ မထင်ကြဘူးလေ။ ကျွန်တော် ကောင်းကောင်းမကစားနိုင်ခဲ့တဲ့ အချိန်တွေလဲ ရှိခဲ့ပါတယ်။ အဲဒီ့နောက် ကျွန်တော်က လုံလောက်တဲ့ ကောင်းမွန်မှုရှိရဲ့လားဆိုတာ မေးခွန်းထုတ်လာတယ်။ ဒါပေမယ့် ကျွန်တော်က နည်းပြရဲ့ ယုံကြည်မှုကို ရခဲ့ပြီးတော့ ဆက်ကြိုးစားလုပ်ခဲ့ပြီး ရင့်ကျက်လာခဲ့တယ်။

အဲ့လိုအခွင့်အရေးရတဲ့အတွက် သိပ်ကိုကျေးဇူးတင်ပါတယ်။ အဲ့ဒါကြောင့် ကျွန်တော့်ရဲ့ တိုက်စစ် ခံစစ် အရည်အသွေးတွေက တိုးတက်လာခဲ့တယ်၊ ဖာဘင်ဟိုလို ကွင်းလယ်ခံစစ် ကစားသမား ရောက်လာတော့ ကျွန်တော့်အတွက် ကောင်းတဲ့အရာဖြစ်ခဲ့တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က နည်းနည်း တိုက်စစ်ကို လိုက်နိုင်တယ်လေ။ ဒါကြောင့် နည်းပြနဲ့ စကားပြောတဲ့အခါတွေမှာ ကျွန်တော် သိပ်ကို ပွင့်လင်းခဲ့တယ်။

မန်နေဂျာက ကျွန်တော်တို့ကို အဲ့နေရာမှာ ချက်ချင်း ပေးကစားမှ ာမဟုတ်ဘူးလို့တော့ သိပါတယ်။ သိပ်မကြာခင်မှာပဲ ဆောက်သမ်တန်နဲ့ပွဲမှာ ကျွန်တော် အရန်ခုံ ထိုင်ခဲ့ပြီးတော့ တိုက်စစ်ကစားသမားတစ်ယောက်အနေနဲ့ လူစားဝင်ကစားခဲ့ပြီး ဂိုးသွင်းခဲ့တယ်။ အဲ့နောက်ပိုင်း ပိုပြီးတော့တောင် ရင့်ကျက်လာတာပဲ။

မနှစ်က အဆုံးသတ်မှာတော့ ကျွန်တော့် နံပါတ် ၈ အနေနဲ့ ပိုကစားခဲ့ရပေမယ့် ဒဏ်ရာပြဿနာတွေနဲ့ ဒီနှစ်မှာ ခံစစ်ကိုပို ကူညီပေးခဲ့ရတယ်။ ကျွန်တော်က တိုက်စစ်ရော ခံစစ်အတွက်ပါ ကူညီပေးနိုင်တယ်လို့ ထင်ပါတယ်”လို့ ဟန်ဒါဆန်က ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။

ZAWGYI

လီဗာပူးရဲ႕ ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္ ေအာင္ျမင္မႈ အသင္းေခါင္းေဆာင္ ေဂ်ာ္ဒန္ဟန္ဒါဆန္က ကလပ္ဟာ ၂၀၁၂ မွာ သူ႔ကို ဖူလ္ဟမ္ထံ ေရာင္းဖို႔ႀကိဳးစားခဲ့တုန္းက အနာဂတ္ဟာ ေမွာင္ရီေဝဝါးလြန္းခဲ့တယ္လို႔ ဖြင့္ဟခဲ့ပါတယ္။

ဟန္ဒါဆန္ဟာ အန္ဖီးမွာ အၿမဲတမ္း အထင္ႀကီးစရာ ေကာင္းတဲ့ စြမ္းေဆာင္ရွင္ မဟုတ္ခဲ့ပဲ မန္ေနဂ်ာေဟာင္း ဘရန္ဒန္ေရာ္ဂ်ာက ဒမ့္ေဆးနဲ႔ သူ႔ကို အလဲအလွယ္လုပ္ဖို႔ အလိုရွိခဲ့တာပါ။ ဟန္ဒါဆန္က အဲ့ဒီ့အေျပာင္းအေ႐ႊ႕ကို ျငင္းပယ္ခဲ့ၿပီး ေနာက္ဆုံးမွာ မာေဆးဆိုဒ္ရဲ႕ သူရဲေကာင္းတစ္ေယာက္ ျဖစ္လာခဲ့ေပမယ့္ သူအသင္းေျပာင္းခဲ့မယ္ဆိုရင္ ဒီအရာေတြက သိပ္ကိုျခားနားတဲ့ ပုံစံနဲ႔ ျဖစ္သြားႏိုင္ေျခ ရွိခဲ့တာပါ။

“ကြၽန္ေတာ္ ေသခ်ာမွတ္မိေနေသးတယ္။ အဲ့ဒါက ခက္ခဲတဲ့ အခိုက္အတန္႔ ျဖစ္ခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ အန္ဖီးမွာ Hearts နဲ႔ ယူ႐ိုပါလိဂ္ ဝင္ခြင့္ ပြဲကစားဖို႔အတြက္ ျပင္ဆင္ေနခဲ့တာပါ။ ကြၽန္ေတာ္တို႔ ဟိုတယ္မွာ ပုံမွန္လိုပဲ ေတြ႕ဆုံခဲ့ၿပီး ကြၽန္ေတာ့္တံခါးကို တစ္ေယာက္ေယာက္က လာေခါက္ၿပီးေတာ့ နည္းျပက ကြၽန္ေတာ္တို႔ကို စကားေျပာခ်င္ေနတယ္လို႔ လာေျပာတယ္။

ဘရန္ဒန္ေရာ္ဂ်ာနဲ႔ ဒီအတိုင္းပဲ စကားေျပာျဖစ္ခဲ့တယ္။ အဲ့ဒါက ကြၽန္ေတာ္မလိုခ်င္တဲ့ အခြင့္အေရး ျဖစ္ခဲ့ပါတယ္။ ကြၽန္ေတာ္က ကလပ္အတြက္ အမ်ားႀကီး ေပးဆပ္ကစားႏိုင္ေသးတယ္လို႔ ခံစားခဲ့ရေသးေပမယ့္ အဲ့ဒီ့အခ်ိန္က က်ေနာ္ရဲ႕ ဘဝက အေမွာင္က်သလို ျဖစ္ခဲ့ပါတယ္”လို႔ ဟန္ဒါဆန္က ဆိုပါတယ္။

၂၀၁၅-၂၀၁၆ မွာ ကေလာ့ပ္ ေရာက္ရွိလာတဲ့အခ်ိန္ ဟန္ဒါဆန္အတြက္ ဘယ္အရာကမွ ပိုလြယ္ကူလာခဲ့ျခင္း မရွိသလို ၎ဟာ ဒဏ္ရာျပႆနာေတြေၾကာင့္ ပရီးမီးယားလိဂ္ ၁၉ ပြဲကို လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။

ယာဂင္ကေလာ့ပ္ လက္ထက္မွာ ဟန္ဒါဆန္ဟာ လီဗာပူးရဲ႕ ေခါင္းေဆာင္အျဖစ္ ပိုမို တည္ျငိမ္လာခဲ့ျပီး အသင္းရဲ႕ ေလးစားခံ စီနီယာတစ္ဦး ျဖစ္လာခဲ့တယ္။ ေျခစြမ္းမွာေတာ့ လီဗာပူးပရိသတ္တိုင္း ႏွစ္သက္တဲ့ ကစားသမား မဟုတ္ေပမယ့္လည္း သူ႔ရဲ႕ အနစ္နာခံမႈနဲ႔ အသင္းေဖာ္ေတြအတြက္ တစ္ကိုယ္ေကာင္းစိတ္ ကင္းမဲ့လြန္းမႈေၾကာင့္ အသင္းပရိသတ္တိုင္း ေလးစားမႈေပးရသူ ျဖစ္လာခဲ့တယ္။

“ မန္ေနဂ်ာကေလာ့ပ္ ပထမဆံုး ေရာက္လာတဲ့အခ်ိန္ ကြၽန္ေတာ့္အတြက္ ခက္ခဲခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္က ဒဏ္ရာရေနခဲ့တာပါ။ ဒါေၾကာင့္ ဒဏ္ရာေတြပဲ ဆက္တိုက္ခံစားခဲ့ရတာေၾကာင့္ ကြၽန္ေတာ့္ရဲ႕ ပုံစံအစစ္အမွန္နဲ႔ ရစ္သမ္ ျပန္ရဖို႔ အခ်ိန္ယူခဲ့ရတယ္။ အဲ့ဒီ့ေနာက္ေတာ့ ခံစစ္ကို ပိုမိုအားျပဳတဲ့ ေနရာမွာ စတင္ကစားခဲ့ရတယ္။

ကေလာ့ပ္ရဲ႕ ေက်းဇူးေၾကာင့္ပါပဲ။ ဘာလို႔လဲဆိုေတာ့ လူေတာ္ေတာ္မ်ားမ်ားက ကြၽန္ေတာ္ အဲ့ေနရာမွာ ကစားႏိုင္တယ္လို႔ မထင္ၾကဘူးေလ။ ကြၽန္ေတာ္ ေကာင္းေကာင္းမကစားႏိုင္ခဲ့တဲ့ အခ်ိန္ေတြလဲ ရွိခဲ့ပါတယ္။ အဲဒီ့ေနာက္ ကြၽန္ေတာ္က လုံေလာက္တဲ့ ေကာင္းမြန္မႈရွိရဲ႕လားဆိုတာ ေမးခြန္းထုတ္လာတယ္။ ဒါေပမယ့္ ကြၽန္ေတာ္က နည္းျပရဲ႕ ယုံၾကည္မႈကို ရခဲ့ၿပီးေတာ့ ဆက္ႀကိဳးစားလုပ္ခဲ့ၿပီး ရင့္က်က္လာခဲ့တယ္။

အဲ့လိုအခြင့္အေရးရတဲ့အတြက္ သိပ္ကိုေက်းဇူးတင္ပါတယ္။ အဲ့ဒါေၾကာင့္ ကြၽန္ေတာ့္ရဲ႕ တိုက္စစ္ ခံစစ္ အရည္အေသြးေတြက တိုးတက္လာခဲ့တယ္၊ ဖာဘင္ဟိုလို ကြင္းလယ္ခံစစ္ ကစားသမား ေရာက္လာေတာ့ ကြၽန္ေတာ့္အတြက္ ေကာင္းတဲ့အရာျဖစ္ခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္က နည္းနည္း တိုက္စစ္ကို လိုက္ႏိုင္တယ္ေလ။ ဒါေၾကာင့္ နည္းျပနဲ႔ စကားေျပာတဲ့အခါေတြမွာ ကြၽန္ေတာ္ သိပ္ကို ပြင့္လင္းခဲ့တယ္။

မန္ေနဂ်ာက ကြၽန္ေတာ္တို႔ကို အဲ့ေနရာမွာ ခ်က္ခ်င္း ေပးကစားမွ ာမဟုတ္ဘူးလို႔ေတာ့ သိပါတယ္။ သိပ္မၾကာခင္မွာပဲ ေဆာက္သမ္တန္နဲ႔ပြဲမွာ ကြၽန္ေတာ္ အရန္ခုံ ထိုင္ခဲ့ၿပီးေတာ့ တိုက္စစ္ကစားသမားတစ္ေယာက္အေနနဲ႔ လူစားဝင္ကစားခဲ့ၿပီး ဂိုးသြင္းခဲ့တယ္။ အဲ့ေနာက္ပိုင္း ပိုၿပီးေတာ့ေတာင္ ရင့္က်က္လာတာပဲ။

မႏွစ္က အဆုံးသတ္မွာေတာ့ ကြၽန္ေတာ့္ နံပါတ္ ၈ အေနနဲ႔ ပိုကစားခဲ့ရေပမယ့္ ဒဏ္ရာျပႆနာေတြနဲ႔ ဒီႏွစ္မွာ ခံစစ္ကိုပို ကူညီေပးခဲ့ရတယ္။ ကြၽန္ေတာ္က တိုက္စစ္ေရာ ခံစစ္အတြက္ပါ ကူညီေပးႏိုင္တယ္လို႔ ထင္ပါတယ္”လို႔ ဟန္ဒါဆန္က ေျပာဆိုခဲ့တာပဲျဖစ္ပါတယ္။