FA ဖလားကိုပါ အနိုင်ရခဲ့တဲ့ မန်စီးတီးဟာ အင်္ဂလန်သမိုင်းမှာ ပြည်တွင်းဖလားသုံးလုံးကို တစ်ရာသီအတွင်း အနိုင်ရတဲ့ ပထမဆုံးသော ပြည်တွင်းအသင်း ဖြစ်လာခဲ့ပါတယ်။

မန်စီးတီးဟာ ရှားပါးတဲ့ အောင်မြင်ကို ရယူနိုင်ခဲ့ခြင်း ဖြစ်ပေမယ့်လည်း အင်္ဂလန်မီဒီယာတွေက မန်စီးတီးကို ဂရုတစိုက် ဂုဏ်ပြုမပေးကြတဲ့အပြင် ပြိုင်ဘက် မန်ယူလောက်လည်း သတင်းဖော်ပြမှုတွေ မလုပ်ခဲ့ပါဘူး။ မန်စီးတီး မန်နေဂျာ ဂွာဒီယိုလာက သူ့အသင်းကို မီဒီယာတွေ အဖက်မလုပ်တာအတွက် စိတ်ပျက်နေပါတယ်။

ဂွာဒီယိုလာက ” ဗြိတိန်ရဲ့ နာမည်ကြီးဝဘ်ဆိုဒ်ဖြစ်တဲ့ ဒေးလီးမေလ်းအတွက်က ကျနော်တို့ထက် မန်ယူက ပိုပြီး အရေးပါနေတယ်။ ကျနော်တို့ အမှတ်ပေးဖလား အနိုင်ရအပြီး နောက်တစ်ရက်မှာ သူတို့တင်တဲ့ ခေါင်းကြီးသတင်းက မန်စီးတီး ချန်ပီယံဖြစ်တဲ့အကြောင်းထက် ပေါ့ဘာရဲ့ အသင်းပရိသတ်တွေနဲ့ စကားများတဲ့အကြောင်းဖြစ်နေတယ် ” လို့ မှတ်ချက်ပေး ပြောဆိုခဲ့တာပါ။

အင်္ဂလန်မီဒီယာတွေကတော့ မန်စီးတီးရဲ့ အောင်မြင်မှုထက် မန်ယူအသင်းရဲ့ အပြောင်းအရွှေ့ သတင်းနဲ့ ရှေ့ဆက်လုပ်ရှားမယ့် သတင်းတွေကိုပဲ ဆက်တိုက် ဖော်ပြနေခဲ့တာဖြစ်တယ်။

FA ဖလားမှာ မန်စီးတီး ဗိုလ်ဆွဲတာကြောင့် မန်ယူဟာ ယူရိုပါလိဂ်ဖလားကို တိုက်ရိုက်ဝင်ခွင့် ရခဲ့ပြီဖြစ်ပြီး ရာသီကြို ပြင်ဆင်မှုတွေကိုလည်း စီစဉ်ထားတဲ့အတိုင်းပဲ ပုံမှန် လုပ်နိုင်တော့မှာ ဖြစ်ပါတယ်။