နယ်သာလန်မန်နေဂျာ ဒီဘိုးဝါးဟာ လက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင် ဗာဂျယ် ဗန်ဒိုက်နဲ့ FaceTime ကနေ ဆွေးနွေးစကားပြောမှု လုပ်ခဲ့ပါတယ်။

ဒူးဘိုင်းမှာ ဒဏ်ရာကနေ ပြန်သက်သာလာဖို့ လေ့ကျင့်နေတဲ့ ဗန်ဒိုက်ဟာ တိုးတက်မှုနှုန်း မြန်ဆန်နေတယ်လို့ သိရပြီး အချိန် ဘယ်လောက် ကြာဦးမယ်တော့ မသိရသေးပါဘူး။ အောက်တိုဘာမှာ ဒဏ်ရာရခဲ့တဲ့ ဗန်ဒိုက်ရဲ့ ဒူးဒဏ်ရာက ခွဲစိတ်မှုကနေ ကွင်းထဲ ပြန်ဝင်ဖို့ ၆ လလောက် ကြာမြင်နိုင်တယ် ခန့်မှန်းထားကြတယ်။

နယ်သာလန်မန်နေဂျာက “ အင်အားတွေ အများကြီးနဲ့အတူ သူ အတာ်လေး အလုပ်များနေပါတယ်။ သူအခု လုပ်နေသလိုမျိုးက ကျနော်တုန်းကဆိုရင် ရေကူးကန်ထဲမှာ လေ့ကျင့်ရေး လုပ်နေနိုင်တုန်းပဲ ရှိပါသေးတယ်။ (ဗန်ဒိုက် သက်သာမှု မြန်လာခြင်းကို ထောက်ပြခြင်း)

အကယ်လို့ ဗာဂျယ်ရဲ့ အခြေအနေက နောက်ပြန်ဆုတ်တာ မဖြစ်ဘဲ မျှော်လင့်ထားတာထက် နည်းနည်းမြန်မြန်လေး ရှေ့တိုးနိုင်မယ်ဆိုရင် သူက ဇွန်လ ၁၃ ရက်နေ့ ယူကရိန်းနဲ့ ရင်ဆိုင်ကစားရမယ့် ယူရိုအဖွင့်ပွဲကိုတောင် မီနိုင်ပါတယ်။

ဗာဂျက်က နယ်သာလန်အသင်းအတွက် ကွင်းတွင်း၊ ကွင်းပြင် အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ် ” ဆိုပြီး နယ်သာလန် သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဗန်ဒိုက်က လီဗာပူးအသင်းရဲ့ ရာသီသိမ်းပွဲတွေကို မီနိုင်တယ်လို့ ခန့်မှန်းထားရတယ်။ ဒီဘိုးဝါးကတော့ ဗန်ဒိုက်ဟာ ပုံမှန် ပြန်သက်သာရမယ့် လုပ်ငန်းစဉ်တွေထက် ရှေ့ပိုရောက်နေကြောင်း ထုတ်ပြောခဲ့တာဖြစ်ပြီး ဒီကိစ္စက အလုပ်ဖြစ်ဖို့ မျှော်လင့်ရမှာ ဖြစ်ပါတယ်။

ZAWGYI

နယ္သာလန္မန္ေနဂ်ာ ဒီဘိုးဝါးဟာ လက္ေရြးစင္အသင္းရဲ႕ အသင္းေခါင္းေဆာင္ ဗာဂ်ယ္ ဗန္ဒိုက္နဲ႔ FaceTime ကေန ေဆြးေႏြးစကားေျပာမႈ လုပ္ခဲ့ပါတယ္။

ဒူးဘိုင္းမွာ ဒဏ္ရာကေန ျပန္သက္သာလာဖို႔ ေလ့က်င့္ေနတဲ့ ဗန္ဒိုက္ဟာ တိုးတက္မႈႏႈန္း ျမန္ဆန္ေနတယ္လို႔ သိရျပီး အခ်ိန္ ဘယ္ေလာက္ ၾကာဦးမယ္ေတာ့ မသိရေသးပါဘူး။ ေအာက္တိုဘာမွာ ဒဏ္ရာရခဲ့တဲ့ ဗန္ဒိုက္ရဲ႕ ဒူးဒဏ္ရာက ခြဲစိတ္မႈကေန ကြင္းထဲ ျပန္ဝင္ဖို႔ ၆ လေလာက္ ၾကာျမင္ႏုိင္တယ္ ခန္႔မွန္းထားၾကတယ္။

နယ္သာလန္မန္ေနဂ်ာက “ အင္အားေတြ အမ်ားၾကီးနဲ႔အတူ သူ အတာ္ေလး အလုပ္မ်ားေနပါတယ္။ သူအခု လုပ္ေနသလိုမ်ိဳးက က်ေနာ္တုန္းကဆိုရင္ ေရကူးကန္ထဲမွာ ေလ့က်င့္ေရး လုပ္ေနႏုိင္တုန္းပဲ ရွိပါေသးတယ္။ (ဗန္ဒိုက္ သက္သာမႈ ျမန္လာျခင္းကို ေထာက္ျပျခင္း)

အကယ္လို႔ ဗာဂ်ယ္ရဲ႕ အေျခအေနက ေနာက္ျပန္ဆုတ္တာ မျဖစ္ဘဲ ေမွ်ာ္လင့္ထားတာထက္ နည္းနည္းျမန္ျမန္ေလး ေရွ႔တိုးႏုိင္မယ္ဆိုရင္ သူက ဇြန္လ ၁၃ ရက္ေန႔ ယူကရိန္းနဲ႔ ရင္ဆိုင္ကစားရမယ့္ ယူရိုအဖြင့္ပြဲကိုေတာင္ မီႏုိင္ပါတယ္။

ဗာဂ်က္က နယ္သာလန္အသင္းအတြက္ ကြင္းတြင္း၊ ကြင္းျပင္ အေရးပါတဲ့ ကစားသမားတစ္ဦး ျဖစ္ပါတယ္ ” ဆိုျပီး နယ္သာလန္ သတင္းဌာနနဲ႔ အင္တာဗ်ဴးမွာ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ဗန္ဒိုက္က လီဗာပူးအသင္းရဲ႕ ရာသီသိမ္းပြဲေတြကို မီႏိုင္တယ္လို႔ ခန္႔မွန္းထားရတယ္။ ဒီဘိုးဝါးကေတာ့ ဗန္ဒိုက္ဟာ ပံုမွန္ ျပန္သက္သာရမယ့္ လုပ္ငန္းစဥ္ေတြထက္ ေရွ႔ပိုေရာက္ေနေၾကာင္း ထုတ္ေျပာခဲ့တာျဖစ္ျပီး ဒီကိစၥက အလုပ္ျဖစ္ဖို႔ ေမွ်ာ္လင့္ရမွာ ျဖစ္ပါတယ္။