စကော်တလန် ဘောလုံးလောကမှာ အားကစားသုံးသပ်သူအဖြစ် အလုပ်လုပ်နေတဲ့ လီဗာပူးကစားသမားဟောင်း ဒွန်ဟက်ချင်ဆန်က ဒီတလောမှာ ဆာလက်ရဲ့ ခြေစွမ်းတွေ ကျဆင်းနေတယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။

ဆာလက်က အကောင်းဆုံး ပုံစံတွေမှာ ရှိမနေသလို သူ့ရဲ့ ကစားဟန်က လီဗာပူးတိုက်စစ်အတွက် အကူအညီ မဖြစ်ဘူးလို့ ထောက်ပြလာတာပါ။ လီဗာပူးကစားသမားဟောင်း အများအပြားက ဦးတည်ချက်လွဲသလို ဖြစ်နေတဲ့ ဆာလက်နဲ့ ပက်သက်လို့ ထောက်ပြမှုတွေ လုပ်နေပြီး ကစားသမားကို တည်ငြိမ်တဲ့ ခြေစွမ်းတွေ ပြန်လည် ပြသဖို့ တိုက်တွန်းလာနေကြတယ်။

ဒွန် ဟက်ချင်ဆန်က “ မိုက ကမ္ဘာအဆင့် ကစားသမားပါ။ ဒါပေမယ့် သူ့ရဲ့ လက်တလော ကစားမှုတွေကို ကြည့်ရတာက ပရိသတ်တွေကို စိတ်ပျက်စေပါလိမ့်မယ်။ သူက အဆုံးသတ်ပိုင်းတင် လိုအပ်ချက် ရှိနေတာ မဟုတ်ပါဘူး။

ဒါက ရိုးရှင်းလွန်းတဲ့ ကိစ္စတွေပါ။ သူက ၁၀ ကိုက်လောက်ကိုတောင် မှန်ကန်အောင် ဘောလုံး မပေးနိုင်ဘူးဖြစ်နေတယ်။ သူ့ကိုကြည့်ရတာ လျော့တိလျော့ရဲ့နဲ့ ပေါ့ပေါ့ဆဆ လုပ်သလိုဖြစ်နေတယ်။

တစ်ခါတလေ လီဗာပူး အရှိန်ကောင်းရနေရင် သူက အနှောက်အယှက်ပေးသလို ဖြစ်တတ်တယ်။ ဘောလုံးကို ဘေးထုတ်လိုက်သလို ဖြစ်နေပြီး လီဗာပူးက ကစားကွက်ကို အစကနေ ပြန်စရပါလေရော။ ရီးရဲလ်၊ ဘာကာတို့နဲ့ သတင်းတွေက သူ့အပေါ် သက်ရောက်မှု နည်းနည်းရှိတာ ဖြစ်ရင်ဖြစ်မှာပေါ့။ ဒီတလော သူ့ခြေစွမ်း ပျက်နေပါတယ် ” လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးရဲ့ ဂိုးသွင်းအများဆုံး တိုက်စစ်သမား အနေနဲ့ ပြင်ပဖိအားတွေကို ကိုင်တွယ်နိုင်ဖို့နဲ့ ရုန်းထွက်နိုင်ဖို့ လိုနေပြီး သူ့ရဲ့ ပုံမှန်ခြေစွမ်းတွေ ပြန်လည် ပြသဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

ZAWGYI

စေကာ္တလန္ ေဘာလံုးေလာကမွာ အားကစားသံုးသပ္သူအျဖစ္ အလုပ္လုပ္ေနတဲ့ လီဗာပူးကစားသမားေဟာင္း ဒြန္ဟက္ခ်င္ဆန္က ဒီတေလာမွာ ဆာလက္ရဲ႕ ေျခစြမ္းေတြ က်ဆင္းေနတယ္လို႔ မွတ္ခ်က္ေပးလိုက္ပါတယ္။

ဆာလက္က အေကာင္းဆံုး ပံုစံေတြမွာ ရွိမေနသလို သူ႔ရဲ႕ ကစားဟန္က လီဗာပူးတိုက္စစ္အတြက္ အကူအညီ မျဖစ္ဘူးလို႔ ေထာက္ျပလာတာပါ။ လီဗာပူးကစားသမားေဟာင္း အမ်ားအျပားက ဦးတည္ခ်က္လြဲသလို ျဖစ္ေနတဲ့ ဆာလက္နဲ႔ ပက္သက္လို႔ ေထာက္ျပမႈေတြ လုပ္ေနျပီး ကစားသမားကို တည္ျငိမ္တဲ့ ေျခစြမ္းေတြ ျပန္လည္ ျပသဖို႔ တိုက္တြန္းလာေနၾကတယ္။

ဒြန္ ဟက္ခ်င္ဆန္က “ မိုက ကမၻာအဆင့္ ကစားသမားပါ။ ဒါေပမယ့္ သူ႔ရဲ႕ လက္တေလာ ကစားမႈေတြကို ၾကည့္ရတာက ပရိသတ္ေတြကို စိတ္ပ်က္ေစပါလိမ့္မယ္။ သူက အဆံုးသတ္ပိုင္းတင္ လိုအပ္ခ်က္ ရွိေနတာ မဟုတ္ပါဘူး။

ဒါက ရိုးရွင္းလြန္းတဲ့ ကိစၥေတြပါ။ သူက ၁၀ ကိုက္ေလာက္ကိုေတာင္ မွန္ကန္ေအာင္ ေဘာလံုး မေပးႏုိင္ဘူးျဖစ္ေနတယ္။ သူ႔ကိုၾကည့္ရတာ ေလ်ာ့တိေလ်ာ့ရဲ႕နဲ႔ ေပါ့ေပါ့ဆဆ လုပ္သလိုျဖစ္ေနတယ္။

တစ္ခါတေလ လီဗာပူး အရွိန္ေကာင္းရေနရင္ သူက အေႏွာက္အယွက္ေပးသလို ျဖစ္တတ္တယ္။ ေဘာလံုးကို ေဘးထုတ္လိုက္သလို ျဖစ္ေနျပီး လီဗာပူးက ကစားကြက္ကို အစကေန ျပန္စရပါေလေရာ။ ရီးရဲလ္၊ ဘာကာတို႔နဲ႔ သတင္းေတြက သူ႔အေပၚ သက္ေရာက္မႈ နည္းနည္းရွိတာ ျဖစ္ရင္ျဖစ္မွာေပါ့။ ဒီတေလာ သူ႔ေျခစြမ္း ပ်က္ေနပါတယ္ ” လို႔ မွတ္ခ်က္ေပးခဲ့တာ ျဖစ္ပါတယ္။

လီဗာပူးရဲ႕ ဂိုးသြင္းအမ်ားဆံုး တိုက္စစ္သမား အေနနဲ႔ ျပင္ပဖိအားေတြကို ကိုင္တြယ္ႏုိင္ဖို႔နဲ႔ ရုန္းထြက္ႏုိင္ဖို႔ လိုေနျပီး သူ႔ရဲ႕ ပံုမွန္ေျခစြမ္းေတြ ျပန္လည္ ျပသဖို႔ လိုအပ္ေနတာ ျဖစ္ပါတယ္။