လီဗာပူး ယူ-၁၈ နည်းပြဟောင်း စတီဗင်ဂျရတ်ဟာ စကော်တလန်ကလပ် ရိန်းဂျားအသင်းကို မန်နေဂျာအဖြစ် ကိုင်တွယ်ပြီးနောက် ထူးချွန်တဲ့ စွမ်းဆောင်ရည်တွေ ပြသလာနေခဲ့ပြီ ဖြစ်ပါတယ်။

၂၀၁၈ တုန်းကတော့ စကော်တလန်မှာ ကျဆင်းနေတဲ့ ကလပ်တစ်သင်းဖြစ်တဲ့ ရိန်းဂျားက မန်နေဂျာသစ်အဖြစ် အတွေ့အကြုံ မရှိတဲ့ စတီဗင်ဂျရတ်ကို တာဝန်ပေးတာက စွန့်စားမှုအဖြစ် မှတ်ချက်ပေးခံခဲ့ရတာပါ။ တစ်ဖက်မှာလည်း လီဗာပူးအဆက်အနွယ်တွေရှိတဲ့ ဂျရတ်ဟာ စကော်တလန်လိဂ်ကို အပြောင်းအလဲတွေ ယူလာပေးမယ်သူလို့ မျှော်လင့်ခံရမှုတွေ ရှိခဲ့ပါတယ်။

ယူရိုပါလိဂ်မှာတောင် ခြေစစ်ပွဲအဆင့်လောက်က ထွက်ခဲ့ရတဲ့ ရိန်းဂျားဟာ စတီဗင်လက်ထက်မှာ ပြည်တွင်းပြင်ပ ပြိုင်ပွဲတွေအတွင်း စကော်တလန်လိဂ်ရဲ့ အတိုးတက်ဆုံး အသင်းဖြစ်လာခဲ့တယ်။ ယူရိုပါလိဂ်မှာ ကွာတားဖိုင်နယ်အဆင့်ထိ တက်ရောက်ခဲ့သလို ဒီရာသီမှာလည်း ၃၂ သင်းအဆင့်ကို ရောက်နေပြီး လာမယ့်ရာသီမှာဆိုရင် ချန်ပီယံလိဂ် ခြေစစ်ပွဲကနေ ပါဝင်ခွင့်ရတော့မှာဖြစ်တယ်။

စကော်တလန်လိဂ်မှာ အိမ်ကွင်း ရာနှုန်းပြည့် နိုင်ပွဲ၊ ဒီရာသီ လိဂ် ၂၂ ပွဲ ကစားပြီး အရံှူးမရှိကာ သွင်းဂိုး ၅၇ ဂိုးနဲ့ ပေးဂိုး ၅ ဂိုးပဲ ရှိထားတာဖြစ်တယ်။ ခံစစ်က clean sheet ကလည်း ၁၈ ကြိမ်ထိ ရထားပါတယ်။

၂၀၁၁ ခုနှစ်နောက်ပိုင်း မည်သည့် ဆုဖလားမှ အနိုင်မရထားတဲ့ ရိန်းဂျားအသင်းအတွက် စတီဗင်ဂျရတ် တည်ဆောက်လာတဲ့ ကစားဟန်ဟာ ရာဖာ ဘင်နီတက်စ်ရဲ့ နည်းစနစ်ပိုင်းနဲ့ မော်ရင်ညိုရဲ့ ကစားဟန်ကို ပေါင်းစပ်ထားတဲ့ ပုံစံဖြစ်တယ်။ တိုက်စစ်ကို အသားပေးတဲ့ ကလော့ပ်ရဲ့ စိတ်လှုပ်ရှားဖွယ် ကစားဟန်မျိုးကိုလည်း မြင်တေါ့ရတယ်။

မာဆေးဆိုဒ် သတင်းဌာနရဲ့ နည်းစနစ်ပိုင်း ဆောင်းပါးရှင် David Hughes က ဆိုရင် ရိန်းဂျားခံစစ်အတွက် စတီဗင်ရဲ့ တည်ဆောက်မှုဟာ ကလော့ပ်ရဲ့ အသွင်ပြောင်းမှုနဲ့ ဆင်တူတယ်လို့ ခိုင်းနှိုင်းထားတယ်။ အသက် ၃၈ နှစ်အရွယ် ဝါရင့် ဂိုးသမားကြီး မက်ဂရီဂေါ်က မိနစ် ၉၀ တစ်ပွဲမှာ ပေးချက် ၂၀ လောက်ထိ လုပ်ပုံက အယ်လီဆန်ရဲ့ လီဗာပူးကစားကွက်အပေါ် ပါဝင်ပေးရမှုနဲ့ တူညီတယ်။

အစွန်သမားတွေကို သူ့ရဲ့ အသုံးပြုမှုမှာလည်း ညာအစွန်က တာဗာနီယာနဲ့ ဘယ်အစွန်က ဘာရီဆစ်တို့ နှစ်ဦးပေါင်း သွင်းဂိုးနဲ့ ဂိုးထောက်ပံ့မှု ၄၃ ကြိမ်ဆိုတာက ထရန့်၊ ရော်ဘတ်ဆန်တို့ရဲ့ ကိန်းဂဏန်းတွေလို သက်ရောက်မှုကြီးတယ်ဆိုတာကို ပြသနေတယ်။

David Hughes ကပဲ စတီဗင်က ၄-၃-၃ နဲ့ ၄-၂-၃-၁ ကို အခြေခံတဲ့ ကစားကွက်ကို တည်ဆောက်နေပြီး ရိန်းဂျားရဲ့ ကစားဟန်ဟာ ဟန်ချက်ညီလှတယ်လို့ ချီးကျူးခဲ့တယ်။

ဒီရာသီမှာ ဂျရတ်ရဲ့ အသင်းက စကော်တလန်လိဂ်ကို အနိုင်ရသင့်သလို ယူရိုပါလိဂ် ပြန်လည် စတင်လာချိန်မှာ မနှစ်ကထက် ပိုဝေးဝေးသွားပြပြီး ချန်ပီယံလိဂ်အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေသင့်ပါတယ်လို့ တိုက်တွန်းခံထားရတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူး ယူ-၁၈ နည္းျပေဟာင္း စတီဗင္ဂ်ရတ္ဟာ စေကာ္တလန္ကလပ္ ရိန္းဂ်ားအသင္းကို မန္ေနဂ်ာအျဖစ္ ကိုင္တြယ္ျပီးေနာက္ ထူးခၽြန္တဲ့ စြမ္းေဆာင္ရည္ေတြ ျပသလာေနခဲ့ျပီ ျဖစ္ပါတယ္။

၂၀၁၈ တုန္းကေတာ့ စေကာ္တလန္မွာ က်ဆင္းေနတဲ့ ကလပ္တစ္သင္းျဖစ္တဲ့ ရိန္းဂ်ားက မန္ေနဂ်ာသစ္အျဖစ္ အေတြ႔အၾကံဳ မရွိတဲ့ စတီဗင္ဂ်ရတ္ကို တာဝန္ေပးတာက စြန္႔စားမႈအျဖစ္ မွတ္ခ်က္ေပးခံခဲ့ရတာပါ။ တစ္ဖက္မွာလည္း လီဗာပူးအဆက္အႏြယ္ေတြရွိတဲ့ ဂ်ရတ္ဟာ စေကာ္တလန္လိဂ္ကို အေျပာင္းအလဲေတြ ယူလာေပးမယ္သူလို႔ ေမွ်ာ္လင့္ခံရမႈေတြ ရွိခဲ့ပါတယ္။

ယူရိုပါလိဂ္မွာေတာင္ ေျခစစ္ပြဲအဆင့္ေလာက္က ထြက္ခဲ့ရတဲ့ ရိန္းဂ်ားဟာ စတီဗင္လက္ထက္မွာ ျပည္တြင္းျပင္ပ ျပိဳင္ပြဲေတြအတြင္း စေကာ္တလန္လိဂ္ရဲ႔ အတိုးတက္ဆံုး အသင္းျဖစ္လာခဲ့တယ္။ ယူရိုပါလိဂ္မွာ ကြာတားဖိုင္နယ္အဆင့္ထိ တက္ေရာက္ခဲ့သလို ဒီရာသီမွာလည္း ၃၂ သင္းအဆင့္ကို ေရာက္ေနျပီး လာမယ့္ရာသီမွာဆိုရင္ ခ်န္ပီယံလိဂ္ ေျခစစ္ပြဲကေန ပါဝင္ခြင့္ရေတာ့မွာျဖစ္တယ္။

စေကာ္တလန္လိဂ္မွာ အိမ္ကြင္း ရာႏႈန္းျပည့္ ႏုိင္ပြဲ၊ ဒီရာသီ လိဂ္ ၂၂ ပြဲ ကစားျပီး အရံွဴးမရွိကာ သြင္းဂိုး ၅၇ ဂိုးနဲ႔ ေပးဂိုး ၅ ဂိုးပဲ ရွိထားတာျဖစ္တယ္။ ခံစစ္က clean sheet ကလည္း ၁၈ ၾကိမ္ထိ ရထားပါတယ္။

၂၀၁၁ ခုႏွစ္ေနာက္ပိုင္း မည္သည့္ ဆုဖလားမွ အႏုိင္မရထားတဲ့ ရိန္းဂ်ားအသင္းအတြက္ စတီဗင္ဂ်ရတ္ တည္ေဆာက္လာတဲ့ ကစားဟန္ဟာ ရာဖာ ဘင္နီတက္စ္ရဲ႕ နည္းစနစ္ပိုင္းနဲ႔ ေမာ္ရင္ညိဳရဲ႕ ကစားဟန္ကို ေပါင္းစပ္ထားတဲ့ ပံုစံျဖစ္တယ္။ တိုက္စစ္ကို အသားေပးတဲ့ ကေလာ့ပ္ရဲ႕ စိတ္လႈပ္ရွားဖြယ္ ကစားဟန္မ်ိဳးကိုလည္း ျမင္ေတါ႔ရတယ္။

မာေဆးဆိုဒ္ သတင္းဌာနရဲ႕ နည္းစနစ္ပိုင္း ေဆာင္းပါးရွင္ David Hughes က ဆိုရင္ ရိန္းဂ်ားခံစစ္အတြက္ စတီဗင္ရဲ႕ တည္ေဆာက္မႈဟာ ကေလာ့ပ္ရဲ႕ အသြင္ေျပာင္းမႈနဲ႔ ဆင္တူတယ္လို႔ ခိုင္းႏိႈင္းထားတယ္။ အသက္ ၃၈ ႏွစ္အရြယ္ ဝါရင့္ ဂိုးသမားၾကီး မက္ဂရီေဂၚက မိနစ္ ၉၀ တစ္ပြဲမွာ ေပးခ်က္ ၂၀ ေလာက္ထိ လုပ္ပံုက အယ္လီဆန္ရဲ႕ လီဗာပူးကစားကြက္အေပၚ ပါဝင္ေပးရမႈနဲ႔ တူညီတယ္။

အစြန္သမားေတြကို သူ႔ရဲ႕ အသံုးျပဳမႈမွာလည္း ညာအစြန္က တာဗာနီယာနဲ႔ ဘယ္အစြန္က ဘာရီဆစ္တို႔ ႏွစ္ဦးေပါင္း သြင္းဂိုးနဲ႔ ဂိုးေထာက္ပံ့မႈ ၄၃ ၾကိမ္ဆိုတာက ထရန္႔၊ ေရာ္ဘတ္ဆန္တို႔ရဲ႕ ကိန္းဂဏန္းေတြလို သက္ေရာက္မႈၾကီးတယ္ဆိုတာကို ျပသေနတယ္။

David Hughes ကပဲ စတီဗင္က ၄-၃-၃ နဲ႔ ၄-၂-၃-၁ ကို အေျခခံတဲ့ ကစားကြက္ကို တည္ေဆာက္ေနျပီး ရိန္းဂ်ားရဲ႕ ကစားဟန္ဟာ ဟန္ခ်က္ညီလွတယ္လို႔ ခ်ီးက်ဴးခဲ့တယ္။

ဒီရာသီမွာ ဂ်ရတ္ရဲ႕ အသင္းက စေကာ္တလန္လိဂ္ကို အႏုိင္ရသင့္သလို ယူရိုပါလိဂ္ ျပန္လည္ စတင္လာခ်ိန္မွာ မႏွစ္ကထက္ ပိုေဝးေဝးသြားျပျပီး ခ်န္ပီယံလိဂ္အတြက္ ၾကိဳတင္ျပင္ဆင္မႈေတြ လုပ္ေနသင့္ပါတယ္လို႔ တိုက္တြန္းခံထားရတာ ျဖစ္ပါတယ္။