လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်မှာ မဟာပြိုင်ဘက်ကြီး ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ အမှတ်ချင်း တူလာပြီး ဖလားယူဖို့ အပြိုင်ကြဲရတော့မယ့် အနေအထား အပေါ် လီဗာပူးအသင်းသားဟောင်း ဒန်နီမာဖီက ကျေနပ်နေပါတယ်။

ယူနိုက်တက်ဟာ ဆာအဲလက်စ် ဖာဂူဆန် ထွက်ခွာပြီးနောက်ပြီး ကျရိပ်ပြသွားပြီး လီဗာပူး၊ မန်စီးတီးနဲ့ ချယ်ဆီးတို့က တရိပ်ရိပ် တက်သွားခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ဟာ ဆိုးရှား နည်းပြ ဖြစ်လာပြီးနောက် တည်ငြိမ်စ ပြုလာပြီး ဒီရာသီ အမှတ်ပေးဇယားမှာ လီဗာပူးနဲ့ အမှတ်တူ ဒုတိယ နေရာထိ တက်လှမ်းလာပါတယ်။

မာဖီကတော့ လီဗာပူးနဲ့ ယူနိုက်တက်တို့ဟာ ခေါင်းစေ ခြေဆုံး ယှဉ်ပြိုင် သွားရတော့မှာ ဖြစ်ပြီး အကြီးမားဆုံး ပြိုင်ဘက်တွေ ယှဉ်ပြိုင်မှုက ကြည့်ကောင်းတော့မယ်လို့ ကျေနပ်နေပါတယ်။ လိဂ်မှာ လီဗာပူးအတွက် အကြီးဆုံး ပြိုင်ဘက် ဖြစ်လာမှာက ယူနိုက်တက်ပဲ လို့လည်း မာဖီက ယုံကြည်နေပါတယ်။

” ကျနော့် စိတ်ရင်း အတိုင်း ဆိုရင်တော့ မန်ချက်စတာ ယူနိုက်တက် အခြေအနေ ကောင်းလာဖို့ မလိုလားပါဘူး။ ဒါပေမယ့် သူတို့ အမှတ်ပေးဖလား ချန်ပီယံ လမ်းကြောင်းထဲ ဝင်လာတာ အသိအမှတ် ပြုရပါမယ်။ အခုဆို လီဗာပူးနဲ့ အမှတ်တူ ပူးတွဲ ပထမ ဖြစ်နေပြီး ပြိုင်ဆိုင်မှု ကောင်းတွေ့တော့မှာပါ။

ဒီတလောနှစ်တွေ အတွင်း လိဂ်မှာ အဓိက ပြိုင်တာက လီဗာပူးနဲ့ မန်စီးတီး ဖြစ်ခဲ့တယ်။ ဒါပေမယ့် ဒီပြိုင်ဆိုင်မှုက ဒီနိုင်ငံမှာ အကြီးဆုံး ကလပ် အသင်း နှစ်သင်း ဖြစ်တဲ့ လီဗာပူးနဲ့ ယူနိုက်တက်တို့ အကြိတ်အနယ် ပြိုင်ဆိုင်မှုနဲ့ ယှဉ်ရင် ဘာမှကို မဟုတ်ပါဘူး။ ” လို့ မာဖီက ပြောဆိုခဲ့တာဖြစ်ပါတယ်။

လီဗာပူးနဲ့ ယူနိုက်တက်ဟာ သမိုင်းတစ်လျှောက် ပြိုင်ဆိုင်မှုတွေ ပြင်းထန်ခဲ့ကြပြီး အင်္ဂလန်ရဲ့ အအောင်မြင်ဆုံး အသင်းအဖြစ်တော့ လီဗာပူးက ဦးဆောင်နေတာပါ။ လီဗာပူးရဲ့ ချန်ပီယံလိဂ် ဖလား ၆ လုံးက ယူနိုက်တက် အောင်မြင်ထားတာရဲ့ ၂ ဆ ဖြစ်ပေမယ့် လိဂ်ဖလားမှာ လီဗာပူးထက် တစ်ကြိမ်ပိုသာထားတာကပဲ မန်ချက်စတာသားတွေရဲ့ ပြောမပြီးတဲ့ အမွန်းတင်စရာ ကိစ္စဖြစ်နေခဲ့တာပါ။

ဒီရာသီမှာ လီဗာပူးနဲ့ ယူနိုက်တက်တို့ အမှတ်ပေးဖလားကို ယှဉ်ပြိုင်ရမယ်ဆိုရင်တော့ နှစ်သင်းလုံးနဲ့ ကလပ်တွေရဲ့ ပရိသတ်တွေ ဘဝင်ခိုက်မယ့် ဘောလုံးရာသီ ဖြစ်လာဖို့ ရှိလာနေတာ ဖြစ်ပါတယ်။

Zawgyi – လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္မွာ မဟာျပိဳင္ဘက္ၾကီး ျဖစ္တဲ့ မန္ခ်က္စတာ ယူနိုက္တက္နဲ႕ အမွတ္ခ်င္း တူလာျပီး ဖလားယူဖို႔ အျပိဳင္ၾကဲရေတာ့မယ့္ အေနအထား အေပၚ လီဗာပူးအသင္းသားေဟာင္း ဒန္နီမာဖီက ေက်နပ္ေနပါတယ္။

ယူနိုက္တက္ဟာ ဆာအဲလက္စ္ ဖာဂူဆန္ ထြက္ခြာျပီးေနာက္ျပီး က်ရိပ္ျပသြားျပီး လီဗာပူး၊ မန္စီးတီးနဲ႕ ခ်ယ္ဆီးတို႔က တရိပ္ရိပ္ တက္သြားခဲ့ပါတယ္။ ဒါေပမယ့္ ယူနိုက္တက္ဟာ ဆိုးရွား နည္းျပ ျဖစ္လာျပီးေနာက္ တည္ျငိမ္စ ျပဳလာျပီး ဒီရာသီ အမွတ္ေပးဇယားမွာ လီဗာပူးနဲ႕ အမွတ္တူ ဒုတိယ ေနရာထိ တက္လွမ္းလာပါတယ္။

မာဖီကေတာ့ လီဗာပူးနဲ႕ ယူနိုက္တက္တို႔ဟာ ေခါင္းေစ ေျခဆံုး ယွဥ္ျပိဳင္ သြားရေတာ့မွာ ျဖစ္ျပီး အၾကီးမားဆံုး ျပိဳင္ဘက္ေတြ ယွဥ္ျပိဳင္မႈက ၾကည့္ေကာင္းေတာ့မယ္လို႔ ေက်နပ္ေနပါတယ္။ လိဂ္မွာ လီဗာပူးအတြက္ အၾကီးဆံုး ျပိဳင္ဘက္ ျဖစ္လာမွာက ယူနိုက္တက္ပဲ လို႔လည္း မာဖီက ယံုၾကည္ေနပါတယ္။

” က်ေနာ့္ စိတ္ရင္း အတိုင္း ဆိုရင္ေတာ့ မန္ခ်က္စတာ ယူနိုက္တက္ အေျခအေန ေကာင္းလာဖို႔ မလိုလားပါဘူး။ ဒါေပမယ့္ သူတို႔ အမွတ္ေပးဖလား ခ်န္ပီယံ လမ္းေၾကာင္းထဲ ၀င္လာတာ အသိအမွတ္ ျပဳရပါမယ္။ အခုဆို လီဗာပူးနဲ႕ အမွတ္တူ ပူးတြဲ ပထမ ျဖစ္ေနျပီး ျပိဳင္ဆိုင္မႈ ေကာင္းေတြ႔ေတာ့မွာပါ။

ဒီတေလာႏွစ္ေတြ အတြင္း လိဂ္မွာ အဓိက ျပိဳင္တာက လီဗာပူးနဲ႕ မန္စီးတီး ျဖစ္ခဲ့တယ္။ ဒါေပမယ့္ ဒီျပိဳင္ဆိုင္မႈက ဒီနုိင္ငံမွာ အၾကီးဆံုး ကလပ္ အသင္း နွစ္သင္း ျဖစ္တဲ့ လီဗာပူးနဲ႕ ယူနိုက္တက္တို႔ အၾကိတ္အနယ္ ျပိဳင္ဆိုင္မႈနဲ႕ ယွဥ္ရင္ ဘာမွကို မဟုတ္ပါဘူး။ ” လို႔ မာဖီက ေျပာဆိုခဲ့တာျဖစ္ပါတယ္။

လီဗာပူးနဲ႔ ယူႏုိက္တက္ဟာ သမိုင္းတစ္ေလွ်ာက္ ျပိဳင္ဆိုင္မႈေတြ ျပင္းထန္ခဲ့ၾကျပီး အဂၤလန္ရဲ႕ အေအာင္ျမင္ဆံုး အသင္းအျဖစ္ေတာ့ လီဗာပူးက ဦးေဆာင္ေနတာပါ။ လီဗာပူးရဲ႕ ခ်န္ပီယံလိဂ္ ဖလား ၆ လံုးက ယူႏုိက္တက္ ေအာင္ျမင္ထားတာရဲ႕ ၂ ဆ ျဖစ္ေပမယ့္ လိဂ္ဖလားမွာ လီဗာပူးထက္ တစ္ၾကိမ္ပိုသာထားတာကပဲ မန္ခ်က္စတာသားေတြရဲ႕ ေျပာမျပီးတဲ့ အမြန္းတင္စရာ ကိစၥျဖစ္ေနခဲ့တာပါ။

ဒီရာသီမွာ လီဗာပူးနဲ႔ ယူႏုိက္တက္တို႔ အမွတ္ေပးဖလားကို ယွဥ္ျပိဳင္ရမယ္ဆိုရင္ေတာ့ ႏွစ္သင္းလံုးနဲ႔ ကလပ္ေတြရဲ႕ ပရိသတ္ေတြ ဘဝင္ခိုက္မယ့္ ေဘာလံုးရာသီ ျဖစ္လာဖို႔ ရွိလာေနတာ ျဖစ္ပါတယ္။