ဒီရက်ပိုင်းမှာ လီဗာပူးနဲ့ ဘော့မန်းကြား အပြောင်းအရွှေ့ ကိစ္စတွေ ခပ်လှုပ်လှုပ် ဖြစ်လာနေပေမယ့် အခြေအနေက သတင်းတွေ ထွက်နေသလို အားတက်စရာ အနေအထားအဆင့်မှာ ရှိမနေဘူးလို့ သိရပါတယ်။

ဘော့မန်းရဲ့ အေးဂျင့်က သူ့ကစားသမားနဲ့ လီဗာပူးကြား အပြောင်းအရွှေ့ သတင်းထွက်နေခြင်းကို Liked လုပ်ခဲ့ခြင်း အပါအဝင် လှုပ်ရှားမှုတွေ အများကြီး ရှိလာခဲ့တာပါ။ လီဗာပူးရဲ့ နာမည်ကျော် သတင်းထောက်ကြီး ဂျိမ်းပီရက်ဇ် ကိုယ်တိုင်က ဘော့မန်းရဲ့ အင်စတာဂရမ်အကောင့်ကို Follow လုပ်ခဲ့တာကလည်း သတင်းတွေကို ပိုများပြားလာစေခဲ့တယ်။

ဒါပေမယ့်လို့ ဒီကိစ္စနဲ့ ပက်သက်လို့ ဂျိမ်းပီရက်ဇ် ကိုယ်တိုင်က ထုတ်ပြောလာခဲ့ပြီဖြစ်ကာ ဘေးတီးပေးတဲ့ ကိစ္စတွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဂျိမ်းပီရက်ဇ်က ” ဘော့မန်းအတွက် အပြောင်းအရွှေ့ကိစ္စကို စကားပြောနေတာမျိုး မရှိပါဘူး။ လီဗာပူးက သူ့ကို ခေါ်ယူဖို့အတွက် စဉ်းစားနေခြင်းတောင် မရှိပါဘူး။ အသံထွက်နေတာတွေအရ လိုင်လီခံစစ်သမားရဲ့ တန်ကြေးကို မြင့်တင်ပေးဖို့နဲ့ ဘော့မန်းကို လူတွေ စိတ်ဝင်စားလာဖို့အတွက် တစ်ယောက်ယောက်က စတင် ကြိုးစားနေပုံ ရပါတယ် ” လို့ ထုတ်ပြောခဲ့ပါတယ်။

လိုင်လီအသင်းဘက်က ဒီလို လုပ်တတ်တာက ဘော့မန်းနဲ့တင် ပထမဆုံးတော့ မဟုတ်ပါဘူး။ နွေတုန်းကလည်း လိုင်လီတိုက်စစ်သမား အိုဆင်ဟမ်ရဲ့ အပြောင်းအရွှေ့ ကိစ္စမှာ ကစားသမားရဲ့ အေးဂျင့်နဲ့ ပြင်သစ်ကလပ်ဘက်က လီဗာပူးထံ ပြောင်းဖို့ စကားပြောနေတယ်ဆိုပြီး သတင်းလွှင့်ကာ သူ့ကစားသမားရဲ့ တန်ကြေးကို မြင့်တက်လာအောင် ကြိုးစားခဲ့ဖူးတယ်။

အဲ့နောက်ပိုင်းမှာ အိုဆင်ဟမ်ရဲ့ အပြောင်းအရွှေ့က ယူရို သန်း ၈၀ ဝန်းကျင်လောက်နဲ့ အရောင်းအဝယ် ဖြစ်သွားခဲ့ပါတယ်။ ဘော့မန်းကိစ္စမှာလည်း လိုင်လီဘက်က သူတို့ကစားသမားကို အင်္ဂလန်ချန်ပီယံဘက်က စိတ်ဝင်စားနေပါတယ်ဆိုပြီး မီဒီယာတွေရဲ့ စောင့်ကြည့်ခံရဖို့ ကြိုးစားနေခြင်းလို့ ပီရက်ဇ်က ထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။

ZAWGYI

ဒီရက္ပိုင္းမွာ လီဗာပူးနဲ႔ ေဘာ့မန္းၾကား အေျပာင္းအေရႊ႔ ကိစၥေတြ ခပ္လႈပ္လႈပ္ ျဖစ္လာေနေပမယ့္ အေျခအေနက သတင္းေတြ ထြက္ေနသလို အားတက္စရာ အေနအထားအဆင့္မွာ ရွိမေနဘူးလို႔ သိရပါတယ္။

ေဘာ့မန္းရဲ႕ ေအးဂ်င့္က သူ႔ကစားသမားနဲ႔ လီဗာပူးၾကား အေျပာင္းအေရႊ႔ သတင္းထြက္ေနျခင္းကို Liked လုပ္ခဲ့ျခင္း အပါအဝင္ လႈပ္ရွားမႈေတြ အမ်ားၾကီး ရွိလာခဲ့တာပါ။ လီဗာပူးရဲ႕ နာမည္ေက်ာ္ သတင္းေထာက္ၾကီး ဂ်ိမ္းပီရက္ဇ္ ကိုယ္တိုင္က ေဘာ့မန္းရဲ႕ အင္စတာဂရမ္အေကာင့္ကို Follow လုပ္ခဲ့တာကလည္း သတင္းေတြကို ပိုမ်ားျပားလာေစခဲ့တယ္။

ဒါေပမယ့္လို႔ ဒီကိစၥနဲ႔ ပက္သက္လို႔ ဂ်ိမ္းပီရက္ဇ္ ကိုယ္တိုင္က ထုတ္ေျပာလာခဲ့ျပီျဖစ္ကာ ေဘးတီးေပးတဲ့ ကိစၥေတြသာ ျဖစ္တယ္လို႔ ဆိုပါတယ္။

ဂ်ိမ္းပီရက္ဇ္က ” ေဘာ့မန္းအတြက္ အေျပာင္းအေရႊ႔ကိစၥကို စကားေျပာေနတာမ်ိဳး မရွိပါဘူး။ လီဗာပူးက သူ႔ကို ေခၚယူဖို႔အတြက္ စဥ္းစားေနျခင္းေတာင္ မရွိပါဘူး။ အသံထြက္ေနတာေတြအရ လိုင္လီခံစစ္သမားရဲ႕ တန္ေၾကးကို ျမင့္တင္ေပးဖို႔နဲ႔ ေဘာ့မန္းကို လူေတြ စိတ္ဝင္စားလာဖို႔အတြက္ တစ္ေယာက္ေယာက္က စတင္ ၾကိဳးစားေနပံု ရပါတယ္ ” လို႔ ထုတ္ေျပာခဲ့ပါတယ္။

လိုင္လီအသင္းဘက္က ဒီလို လုပ္တတ္တာက ေဘာ့မန္းနဲ႔တင္ ပထမဆံုးေတာ့ မဟုတ္ပါဘူး။ ေႏြတုန္းကလည္း လိုင္လီတိုက္စစ္သမား အိုဆင္ဟမ္ရဲ႕ အေျပာင္းအေရႊ႔ ကိစၥမွာ ကစားသမားရဲ႕ ေအးဂ်င့္နဲ႔ ျပင္သစ္ကလပ္ဘက္က လီဗာပူးထံ ေျပာင္းဖို႔ စကားေျပာေနတယ္ဆိုျပီး သတင္းလႊင့္ကာ သူ႔ကစားသမားရဲ႕ တန္ေၾကးကို ျမင့္တက္လာေအာင္ ၾကိဳးစားခဲ့ဖူးတယ္။

အဲ့ေနာက္ပိုင္းမွာ အိုဆင္ဟမ္ရဲ႕ အေျပာင္းအေရႊ႔က ယူရို သန္း ၈၀ ဝန္းက်င္ေလာက္နဲ႔ အေရာင္းအဝယ္ ျဖစ္သြားခဲ့ပါတယ္။ ေဘာ့မန္းကိစၥမွာလည္း လိုင္လီဘက္က သူတို႔ကစားသမားကို အဂၤလန္ခ်န္ပီယံဘက္က စိတ္ဝင္စားေနပါတယ္ဆိုျပီး မီဒီယာေတြရဲ႕ ေစာင့္ၾကည့္ခံရဖို႔ ၾကိဳးစားေနျခင္းလို႔ ပီရက္ဇ္က ထုတ္ေဖာ္ခဲ့တာျဖစ္ပါတယ္။