Liverpool’s XI vs. Southampton

နှစ်ပွဲဆက်တိုက် သရေကျထားပြီးတဲ့နောက် ဒီပွဲမှာတော့ လီဗာပူးက အနိုင်သုံးမှတ်ကို သေချာပေါက် ကြိုးစားသွားရမှာ ဖြစ်ပါတယ်။ ယူနိုက်တက်နဲ့ ရမှတ်တူ အနေအထား ဖြစ်လာသလို စပါး၊ လက်စတာတို့ကလည်း ရလဒ်တွေ ပြန်ကောင်းလာခြင်းကြောင့် လီဗာပူးက ရမှတ်ယူမှုတွေမှာ ပိုမို တိုးတက်လာဖို့ လိုပါမယ်။

ဒီပွဲအတွက် သတင်းကောင်းကတော့ ကွင်းလယ်တစ်နေရာအတွက် သီယာဂို ပြန်ပါလာဖို့ မျှော်လင့်ထားနိုင်ပြီ ဖြစ်ပါတယ်။ သီယာဂို မတိုင်ခင်တည်းက ချိန်ဘာလိန်က ပြန်သက်သာလာပြီး အရန်ခုံမှာ မြင်လာရတယ်။ ရှာကွီရီနဲ့ မီလ်နာတို့ကလည်း ပြန်ကစားနိုင်နေပြီဖြစ်ပါတယ်။

လက်ရှိ အသင်းမှာ မေးခွန်းထုတ်စရာ နေရာတွေအဖြစ် ဗဟိုခံစစ်မှူး တစ်နေရာအတွက် ရိုင်းစ်နဲ့ နက်ဖီးလစ်တို့နှစ်ဦးမှာ ဘယ်သူ့ကို သုံးမလဲဖြစ်ပြီး ကွင်းလယ်တစ်နေရာအတွက် သီယာဂိုကို ထည့်သုံးမလားဆိုတဲ့ အခြေအနေဖြစ်တယ်။ မာတစ်ရဲ့ ဒဏ်ရာက ၃ ပတ် နားရမယ်လို့ သိထားရတာကြောင့် ဒီပွဲမှာတော့ မပါနိုင်သေးပါဘူး။

အယ်လီဆန်၊ ဖာဘင်ညို၊ ထရန့်နဲ့ ရော်ဘတ်ဆန် အပါအဝင် ကျန်တဲ့ အစွန်နေရာတွေ၊ ကွင်းလယ်နေရာတွေနဲ့ တိုက်စစ် သုံးဦးတန်းကတော့ မပြောင်းလဲတဲ့ ပွဲထုတ်မှုကိုပဲ မြင်ရဦးမှာ ဖြစ်ပါတယ်။

နယူးကာဆယ်နဲ့ပွဲမှာ နက်ဖီလစ် ရုန်းကန်ခဲ့ရတဲ့နောက် ဒီပွဲမှာတော့ ရိုင်းစ်ကို ပြောင်းလဲ နေရာပေးမယ်လို့ ယူဆရတယ်။ ဖာဘင်ညိုနဲ့ တွဲဘက် ဗဟိုခံစစ်မှူးတို့က ဒန်နီအင့်အပြင် တည်ကန်ဘောတွေကနေ ပေးပို့မှုတွေ လုပ်လာမယ့် ဝက်ပရောက်စ်ရဲ့ ဖြတ်တင်ဘောတွေကို ထိန်းချုပ်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။

ဆောက်သမ်တန်ပွဲအတွက် ကွင်းလယ်မှာ သီယာဂိုနဲ့ ဝိုက်နယ်ဒမ်တို့ ပါဝင်လာနိုင်တယ်။ သီယာဂိုကို ပွဲထွက်လူစာရင်းမှာ ထုတ်မသုံးသေးဘူးဆိုရင် ချိန်ဘာလိန်ကလည်း အဆင်သင့်ဖြစ်နေမယ်လို့ ယူဆရပါတယ်။ သီယာဂို၊ ချိန်ဘာလိန်၊ ရှာကွီရီလို ဒဏ်ရာရ ကစားသမားတွေရဲ့ ပြန်သက်သာလာမှုက ဘယ်လောက် အတိုင်းအတာထိ ကောင်းနေသလဲက ခန့်မှန်းရ ခက်နေဆဲ ဖြစ်ပါတယ်။

သွင်းဂိုးအတွက်တော့ မာနေး၊ ဆာလက်၊ ဖာမင်နိုတို့ရဲ့ တိုက်စစ်ကို အားကိုးရမှာဖြစ်တယ်။ ပြီးခဲ့တဲ့ ပွဲတွေမှာ အသင်းနိုင်ပွဲရဖို့ ကူညီပေးနိုင်ခဲ့ခြင်း မရှိဘဲ သွင်းဂိုး ၁ ဂိုးပဲ ရထားတဲ့ တိုက်စစ်သမား သုံးဦး ဒီပွဲမှာ ဂိုးပေါက် ရှာတွေ့မှု များစေဖို့လည်း မျှော်လင့်နေကြမှာ ဖြစ်ပါတယ်။

Alisson; Trent, R. Williams, Fabinho, Robertson; Henderson, Thiago, Wijnaldum; Salah, Mane, Firmino

ZAWGYI

Liverpool’s XI vs. Southampton

ႏွစ္ပြဲဆက္တိုက္ သေရက်ထားျပီးတဲ့ေနာက္ ဒီပြဲမွာေတာ့ လီဗာပူးက အႏုိင္သံုးမွတ္ကို ေသခ်ာေပါက္ ၾကိဳးစားသြားရမွာ ျဖစ္ပါတယ္။ ယူႏုိက္တက္နဲ႔ ရမွတ္တူ အေနအထား ျဖစ္လာသလို စပါး၊ လက္စတာတို႔ကလည္း ရလဒ္ေတြ ျပန္ေကာင္းလာျခင္းေၾကာင့္ လီဗာပူးက ရမွတ္ယူမႈေတြမွာ ပိုမို တိုးတက္လာဖို႔ လိုပါမယ္။

ဒီပြဲအတြက္ သတင္းေကာင္းကေတာ့ ကြင္းလယ္တစ္ေနရာအတြက္ သီယာဂို ျပန္ပါလာဖို႔ ေမွ်ာ္လင့္ထားႏုိင္ျပီ ျဖစ္ပါတယ္။ သီယာဂို မတိုင္ခင္တည္းက ခ်ိန္ဘာလိန္က ျပန္သက္သာလာျပီး အရန္ခံုမွာ ျမင္လာရတယ္။ ရွာကီြရီနဲ႔ မီလ္နာတို႔ကလည္း ျပန္ကစားႏုိင္ေနျပီျဖစ္ပါတယ္။

လက္ရွိ အသင္းမွာ ေမးခြန္းထုတ္စရာ ေနရာေတြအျဖစ္ ဗဟိုခံစစ္မွဴး တစ္ေနရာအတြက္ ရိုင္းစ္နဲ႔ နက္ဖီးလစ္တို႔ႏွစ္ဦးမွာ ဘယ္သူ႔ကို သံုးမလဲျဖစ္ျပီး ကြင္းလယ္တစ္ေနရာအတြက္ သီယာဂိုကို ထည့္သံုးမလားဆိုတဲ့ အေျခအေနျဖစ္တယ္။ မာတစ္ရဲ႕ ဒဏ္ရာက ၃ ပတ္ နားရမယ္လို႔ သိထားရတာေၾကာင့္ ဒီပြဲမွာေတာ့ မပါႏုိင္ေသးပါဘူး။

အယ္လီဆန္၊ ဖာဘင္ညိဳ၊ ထရန္႔နဲ႔ ေရာ္ဘတ္ဆန္ အပါအဝင္ က်န္တဲ့ အစြန္ေနရာေတြ၊ ကြင္းလယ္ေနရာေတြနဲ႔ တိုက္စစ္ သံုးဦးတန္းကေတာ့ မေျပာင္းလဲတဲ့ ပြဲထုတ္မႈကိုပဲ ျမင္ရဦးမွာ ျဖစ္ပါတယ္။

နယူးကာဆယ္နဲ႔ပြဲမွာ နက္ဖီလစ္ ရုန္းကန္ခဲ့ရတဲ့ေနာက္ ဒီပြဲမွာေတာ့ ရိုင္းစ္ကို ေျပာင္းလဲ ေနရာေပးမယ္လို႔ ယူဆရတယ္။ ဖာဘင္ညိဳနဲ႔ တြဲဘက္ ဗဟိုခံစစ္မွဴးတို႔က ဒန္နီအင့္အျပင္ တည္ကန္ေဘာေတြကေန ေပးပို႔မႈေတြ လုပ္လာမယ့္ ဝက္ပေရာက္စ္ရဲ႕ ျဖတ္တင္ေဘာေတြကို ထိန္းခ်ဳပ္ဖို႔ ၾကိဳးစားရမွာ ျဖစ္ပါတယ္။

ေဆာက္သမ္တန္ပြဲအတြက္ ကြင္းလယ္မွာ သီယာဂိုနဲ႔ ဝိုက္နယ္ဒမ္တို႔ ပါဝင္လာႏုိင္တယ္။ သီယာဂိုကို ပြဲထြက္လူစာရင္းမွာ ထုတ္မသံုးေသးဘူးဆိုရင္ ခ်ိန္ဘာလိန္ကလည္း အဆင္သင့္ျဖစ္ေနမယ္လို႔ ယူဆရပါတယ္။ သီယာဂို၊ ခ်ိန္ဘာလိန္၊ ရွာကီြရီလို ဒဏ္ရာရ ကစားသမားေတြရဲ႕ ျပန္သက္သာလာမႈက ဘယ္ေလာက္ အတိုင္းအတာထိ ေကာင္းေနသလဲက ခန္႔မွန္းရ ခက္ေနဆဲ ျဖစ္ပါတယ္။

သြင္းဂိုးအတြက္ေတာ့ မာေနး၊ ဆာလက္၊ ဖာမင္ႏိုတို႔ရဲ႕ တိုက္စစ္ကို အားကိုးရမွာျဖစ္တယ္။ ျပီးခဲ့တဲ့ ပြဲေတြမွာ အသင္းႏုိင္ပြဲရဖို႔ ကူညီေပးႏုိင္ခဲ့ျခင္း မရွိဘဲ သြင္းဂိုး ၁ ဂိုးပဲ ရထားတဲ့ တိုက္စစ္သမား သံုးဦး ဒီပြဲမွာ ဂိုးေပါက္ ရွာေတြ႔မႈ မ်ားေစဖို႔လည္း ေမွ်ာ္လင့္ေနၾကမွာ ျဖစ္ပါတယ္။

Alisson; Trent, R. Williams, Fabinho, Robertson; Henderson, Thiago, Wijnaldum; Salah, Mane, Firmino