ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဗဟိုခံစစ်ဘက်ပိုင်း အင်အားနည်းနေတာအတွက် လူသစ်ခေါ်ယူမလားဆိုပြီး LFC TV က မန်နေဂျာကလော့ပ်ကို မေးမြန်းခဲ့မှုအား အသင်းဝဘ်ဆိုဒ်ကနေ အခုလို ဖော်ပြသွားပါတယ်။

LFC – မာတစ်က ဒဏ်ရာရနေပြီး လီဗာပူး လူစာရင်းရဲ့ အခြေအနေကို ဖြေရှင်းဖို့ ဇန်နဝါရီ အပြောင်းအရွှေ့ကို အသုံးချမလား…

Klopp – လူစာရင်ထဲမှာ ဖြေရှင်းစရာ နည်းလမ်းတွေ ရှိပါတယ်။ ဟုတ်တယ် ကျနေ်ာတို့ ရုန်းကန်နေရဆဲဖြစ်တ်။ ကျနေ်ာတို့ ရထားတဲ့ ဒဏ်ရာ ပြဿနာတွေမှာ များသောအားဖြင့်က ဗဟိုခံစစ်မှူးနဲ့ ပက်သက်တဲ့ ပြဿနာတွေဖြဖစ်တယ်။ ဒါက ရှင်းပါတယ်။ ကစားသမားတွေ ဒဏ်ရာရနေပြီး ခပ်မြန်မြန် ပြန်ကစားရတယ်။ မာတစ်လိုပေါ့။ အဲ့နောက် ဒဏ်ရာ ပြန်ရတာ ဖြစ်ပါတယ်။

ဘယ်လို ပြောရမယ်ဆိုတာ မသိပါဘူး။ ဒါပေမယ့် ရမှတ် ၁ မှတ်ပဲရတဲ့အခါ ဒီကိစ္စတွေက စတင်လာတာပါပဲ။ ဒီဈေးကွက်က သိပ်ခက်ခဲပါတယ်။ ဘယ်လောက်ခက်လဲ ခင်ဗျားတို့လည်း မှန်းဆကြည့်ကြလေ။ ကလပ်တွေ အများကြီးက ငွေမရှိဘူး။ အချို့ကလည်း အသုံးစရိတ်မရှိဘူး။ ဒါပေမယ့် ဒီအခြေအနေအတွက် ငွေကြေးလည်း မလိုပါဘူး။

တစ်ယောက်ယောက်ကို ခေါ်ယူဖို့ လုပ်လိုက်တာက အဓိပ္ပာယ် မရှိပါဘူး။ မှန်ကန်တဲ့ ကိစ္စတွေကို လုပ်တာကပဲ အဓိပ္ပာယ်ရှိတာပါ။ အခုချိန်ထိတော့ ကျနေ်ာတို့ ရှိရမယ့် အနေအထားမှာပဲ ရှိနေတယ်။ နယူးကာဆယ်ပွဲမှာ နက်ဖီးလစ် ကစားသွားတာ ကြိုက်ပါတယ်။ သူလုပ်ပြခဲ့တာတွေကို သဘောကျတယ်။ သူက ထူးချွန်တဲ့ ကောင်လေးဖြစ်ပြီး သူ့ရဲ့ အရည်အချင်းကို သိသလို သူဘာလုပ်ရမယ်ဆိုတာကိုလည်း သိပါတယ်။ သူက အများကြီး အကူအညီဖြစ်ပါတယ်။

ခံစစ်မှာ ၃ ယောက်ပဲရှိတော့ နယူးနဲ့ပွဲမှာ နက် ဝင်ကစားရမယ်ဆိုတာ ရှင်းပါတယ်။ ရိုင်းစ် ကစားရပြီး နက်က ၅ ပတ် ၆ ပတ်လောက် မကစားရမှာမျိုး မဟုတ်ဘူး။ သူ့အတွက်လည်း မှန်မှန်ကန်ကန် လုပ်နိုင်ဖို့ ပွဲကစားမှုတွေနဲ့ ဟန်ချက်မိနေဖို့ လိုပါတယ်။ ကျနေ်ာတို့ ဒီလို ကိစ္စတွေ အပါအဝင် အများကြီး စဉ်းစားရပါတယ်။ နက်က သူ့အလုပ်ကို အကောင်းဆုံး လုပ်ပေးနိုင်ပါတယ်။

ZAWGYI

ဇန္နဝါရီ အေျပာင္းအေရႊ႔မွာ ဗဟိုခံစစ္ဘက္ပိုင္း အင္အားနည္းေနတာအတြက္ လူသစ္ေခၚယူမလားဆိုျပီး LFC TV က မန္ေနဂ်ာကေလာ့ပ္ကို ေမးျမန္းခဲ့မႈအား အသင္းဝဘ္ဆိုဒ္ကေန အခုလို ေဖာ္ျပသြားပါတယ္။

LFC – မာတစ္က ဒဏ္ရာရေနျပီး လီဗာပူး လူစာရင္းရဲ႕ အေျခအေနကို ေျဖရွင္းဖို႔ ဇန္နဝါရီ အေျပာင္းအေရႊ႔ကို အသံုးခ်မလား…

Klopp – လူစာရင္ထဲမွာ ေျဖရွင္းစရာ နည္းလမ္းေတြ ရွိပါတယ္။ ဟုတ္တယ္ က်ေန္ာတို႔ ရုန္းကန္ေနရဆဲျဖစ္တ္။ က်ေန္ာတို႔ ရထားတဲ့ ဒဏ္ရာ ျပႆနာေတြမွာ မ်ားေသာအားျဖင့္က ဗဟိုခံစစ္မွဴးနဲ႔ ပက္သက္တဲ့ ျပႆနာေတြျဖဖစ္တယ္။ ဒါက ရွင္းပါတယ္။ ကစားသမားေတြ ဒဏ္ရာရေနျပီး ခပ္ျမန္ျမန္ ျပန္ကစားရတယ္။ မာတစ္လိုေပါ့။ အဲ့ေနာက္ ဒဏ္ရာ ျပန္ရတာ ျဖစ္ပါတယ္။

ဘယ္လို ေျပာရမယ္ဆိုတာ မသိပါဘူး။ ဒါေပမယ့္ ရမွတ္ ၁ မွတ္ပဲရတဲ့အခါ ဒီကိစၥေတြက စတင္လာတာပါပဲ။ ဒီေစ်းကြက္က သိပ္ခက္ခဲပါတယ္။ ဘယ္ေလာက္ခက္လဲ ခင္ဗ်ားတို႔လည္း မွန္းဆၾကည့္ၾကေလ။ ကလပ္ေတြ အမ်ားၾကီးက ေငြမရွိဘူး။ အခ်ိဳ႔ကလည္း အသံုးစရိတ္မရွိဘူး။ ဒါေပမယ့္ ဒီအေျခအေနအတြက္ ေငြေၾကးလည္း မလိုပါဘူး။

တစ္ေယာက္ေယာက္ကို ေခၚယူဖို႔ လုပ္လုိက္တာက အဓိပၸာယ္ မရွိပါဘူး။ မွန္ကန္တဲ့ ကိစၥေတြကို လုပ္တာကပဲ အဓိပၸာယ္ရွိတာပါ။ အခုခ်ိန္ထိေတာ့ က်ေန္ာတို႔ ရွိရမယ့္ အေနအထားမွာပဲ ရွိေနတယ္။ နယူးကာဆယ္ပြဲမွာ နက္ဖီးလစ္ ကစားသြားတာ ၾကိဳက္ပါတယ္။ သူလုပ္ျပခဲ့တာေတြကို သေဘာက်တယ္။ သူက ထူးခၽြန္တဲ့ ေကာင္ေလးျဖစ္ျပီး သူ႔ရဲ႕ အရည္အခ်င္းကို သိသလို သူဘာလုပ္ရမယ္ဆိုတာကိုလည္း သိပါတယ္။ သူက အမ်ားၾကီး အကူအညီျဖစ္ပါတယ္။

ခံစစ္မွာ ၃ ေယာက္ပဲရွိေတာ့ နယူးနဲ႔ပြဲမွာ နက္ ဝင္ကစားရမယ္ဆိုတာ ရွင္းပါတယ္။ ရိုင္းစ္ ကစားရျပီး နက္က ၅ ပတ္ ၆ ပတ္ေလာက္ မကစားရမွာမ်ိဳး မဟုတ္ဘူး။ သူ႔အတြက္လည္း မွန္မွန္ကန္ကန္ လုပ္ႏုိင္ဖို႔ ပြဲကစားမႈေတြနဲ႔ ဟန္ခ်က္မိေနဖို႔ လိုပါတယ္။ က်ေန္ာတို႔ ဒီလို ကိစၥေတြ အပါအဝင္ အမ်ားၾကီး စဥ္းစားရပါတယ္။ နက္က သူ႔အလုပ္ကို အေကာင္းဆံုး လုပ္ေပးႏုိင္ပါတယ္။