အာဆင်နယ်အသင်းဟာ ကလပ်အသင်းရဲ့ ခံစစ်ကို အင်အားဖြည့်ဖို့ရာ ရိုးမားအသင်းမှနောက်ခံလူ ကိုတက်စ်မာနိုလတ်စ်ကို ပေါင် ၃၁ သန်းပေး၍ စတင်ကမ်းလှမ်းသွားမမယ်လို့ သိရပါတယ်။

ဂရိခံစစ်မှူးဟာ ရိုးမားအသင်းတွင် ၂၀၁၄ ခုနှစ်မှစတင်ကာ ကစားပေးနေသူဖြစ်ပြီး ဥရောပအသင်းကြီးများစွာကလည်း သူ့ကိုခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။

ရိုးမားနဲ့ မာနိုလတ်စ်တို့၏ စာချုပ်သဘောတူညီချက်အရ ရိုးမားအသင်းအနေဖြင့် အဆင့် ၁ မှ ၄ အတွင်းမ၀င်ရင် အသင်းကနေ ထွက်ခွာလို့က ထွက်ခွာခွင့်ပြုရမှာဖြစ်ပြီး စာချုပ်လျော်ကြေးအရ မာနိုလတ်စ်ကို ပေါင် ၃၁ သန်းပေးပြီး ခေါ်ယူခွင့် ရှိနေတာပါ။

ကစားသမားကို ခေါ်ဖို့က အာဆင်နယ်အပြင် ချယ်လ်ဆီးနှင့် မန်ချက်စတာယူနိုက်တက်တို့ကလည်း စိတ်ဝင်စားနေပါတယ်။ အာဆင်နယ်ဘက်က နွေမှာ အသုံးစရိတ်ကြီးတွေ ရဖို့ဆိုရင် ယူရိုပါလိဂ်မှာ ချယ်ဆီးကိုအနိုင်ယူပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ လိုအပ်နေဆဲပါ။

မာနိုလတ်စ်ဟာ ရိုးမားမှာ ၂၀၂၂ ခုနှစ်အထိ စာချုပ်ရှိနေပြီး လက်ရှိမှာတော့ မာနိုလတ်စ်သည် ခြေကျင်းဝတ်ဒဏ်ရာကြောင့် အနားယူနေရဆဲဖြစ်သည်။