ဆောက်သမ်တန်ပွဲမှာ သီယာဂိုကို ပွဲထွက်လူစာရင်းနေရာက ထုတ်သုံးမလား အမေးကို အတိအကျ အဖြေပေးဖို့ ကလော့ပ်က ငြင်းဆန်ခဲ့ပါတယ်။

နယူးကာဆယ်ပွဲမှာ စပိန်လက်ရွေးစင်က မိနစ် ၂၀ ကြာ ပါဝင်သွားနိုင်တာကို ကလော့ပ်က ကျေနပ်နေတယ်။ သူ့ရဲ့ ဒဏ်ရာ အခြေအနေ တုန့်ပြန်မှုကို ကြည့်ရမှာဖြစ်ပြီး အကောင်းမြင်နိုင်နေဆဲ အနေအထားလို့ မန်နေဂျာကြီးက ဆိုပါတယ်။ ဒါပေမယ့် ဆောက်သမ်တန်ပွဲမှာ သီယာဂို မပါရင် လီဗာပူးက မအောင်နိုင်ဘူးဆိုတဲ့ အမြင်တွေကိုတော့ မနှစ်သက်ကြောင်းကို ကလော့ပ်က ထုတ်ပြောခဲ့တယ်။

ယာဂင်က ” ကံမကောင်းစွာဘဲ သူ့အကြောင်းကို အများကြီး မသိသေးပါဘူး။ လအနည်းငယ်ဘဲ တွဲအလုပ်လုပ်ရသေးတာပါ။ ဒီတော့ မေးခွန်းအတွက် အဖြေပေးရမယ်ဆိုရင် အတိအကျကြီး ပြောဖို့ မသိသေးပါဘူး။ နယူးကာဆယ်ပွဲမှာ မိနစ် ၂၀ စာ သူပါဝင်သွားတာက သိပ်ကို ကောင်းမွန်တယ်လို့ ကျနော် ပြောရပါမယ်။

သူက အသင်းနဲ့ လေ့ကျင့်ချိန် ၂ ချိန်ပဲ ပါဝင်ထားရသေးတာ ဖြစ်ပါတယ်။ တစ်ချိန်ကဆိုရင် အိမ်ဖြည့်သဘော ပါခဲ့တာပါ။ ဒီတော့ တစ်ကြိမ်ပဲ လေ့ကျင့်ထားတယ်လို့တောင် ပြောလို့ ရပါတယ်။ ဒါပေမယ့် နယူးကာဆယ်နဲ့ပွဲမှာ ပါဝင်သွားတာက ကျနေ်ာတို့အတွက် အခွင့်အရေးကို ပေးပါတယ်။ အဓိကအားဖြင့် သူ ဖန်တီးမှုတွေ လုပ်နိုင်ခဲ့ပြီး အဲ့တာကပဲ သူ့ရဲ့ အကောင်းဆုံး စွမ်းရည်ဖြစ်ပါတယ်။

ကျနေ်ာတို့ ကြည့်ရမှာပါ။ ဆောက်သမ်တန်ပွဲမှာ သူပါဝင်ဖို့ အခွင့်အရေးရှိပါတယ်။ အရင်ပွဲမှာ မိနစ် ၂၀ ကစားခဲ့တာဆိုတော့ အခွင့်အရေး ရှိပါတယ်။ ဒါပေမယ့် ပွဲနေ့ မတိုင်ခင်တော့ သူ့ရဲ့ တုန့်ပြန်မှုကို သိဦးမှာ မဟုတ်ပါဘူး။ သူကစားနိုင်မလား၊ မကစားနိုင်ဘူးလား မသိသေးဘူး။ သူ့ကြွက်သား အခြေအနေတွေကို မသိသေးဘူး။ သူကတော့ ပွဲကစားခွင့်ရတာကို ပျော်နေပါတယ်။

သီယာဂိုအကြောင်း ပြောရတာ ပြဿနာ မဟုတ်ပါဘူး။ ဒါပေမယ့် အခြား အသင်းဖော်တွေကလည်း သူတို့အလုပ်ကို အကောင်းဆုံး လုပ်နေတာ ဖြစ်ပါတယ်။ သီယာဂို မပါုင် နောက်ပွဲမှာ ကျနေ်ာတို့ မရှင်သန်နိုင်မယ့် အခြေအနေလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ကြံ့ခိုင်မှုကောင်းနေတဲ့ သူပါလာမှာမျိုးက ကောင်းပါတယ်။ ကျနော် သဘောကျပါတယ် ” လို့ ဖြေဆိုပေးခဲ့ပါတယ်။

ZAWGYI

ေဆာက္သမ္တန္ပြဲမွာ သီယာဂိုကို ပြဲထြက္လူစာရင္းေနရာက ထုတ္သံုးမလား အေမးကို အတိအက် အေျဖေပးဖို႔ ကေလာ့ပ္က ျငင္းဆန္ခဲ့ပါတယ္။

နယူးကာဆယ္ပြဲမွာ စပိန္လက္ေရြးစင္က မိနစ္ ၂၀ ၾကာ ပါဝင္သြားႏုိင္တာကို ကေလာ့ပ္က ေက်နပ္ေနတယ္။ သူ႔ရဲ႕ ဒဏ္ရာ အေျခအေန တုန္႔ျပန္မႈကို ၾကည့္ရမွာျဖစ္ျပီး အေကာင္းျမင္ႏုိင္ေနဆဲ အေနအထားလို႔ မန္ေနဂ်ာၾကီးက ဆိုပါတယ္။ ဒါေပမယ့္ ေဆာက္သမ္တန္ပြဲမွာ သီယာဂို မပါရင္ လီဗာပူးက မေအာင္ႏုိင္ဘူးဆိုတဲ့ အျမင္ေတြကိုေတာ့ မႏွစ္သက္ေၾကာင္းကို ကေလာ့ပ္က ထုတ္ေျပာခဲ့တယ္။

ယာဂင္က ” ကံမေကာင္းစြာဘဲ သူ႔အေၾကာင္းကို အမ်ားၾကီး မသိေသးပါဘူး။ လအနည္းငယ္ဘဲ တြဲအလုပ္လုပ္ရေသးတာပါ။ ဒီေတာ့ ေမးခြန္းအတြက္ အေျဖေပးရမယ္ဆိုရင္ အတိအက်ၾကီး ေျပာဖို႔ မသိေသးပါဘူး။ နယူးကာဆယ္ပြဲမွာ မိနစ္ ၂၀ စာ သူပါဝင္သြားတာက သိပ္ကို ေကာင္းမြန္တယ္လို႔ က်ေနာ္ ေျပာရပါမယ္။

သူက အသင္းနဲ႔ ေလ့က်င့္ခ်ိန္ ၂ ခ်ိန္ပဲ ပါဝင္ထားရေသးတာ ျဖစ္ပါတယ္။ တစ္ခ်ိန္ကဆိုရင္ အိမ္ျဖည့္သေဘာ ပါခဲ့တာပါ။ ဒီေတာ့ တစ္ၾကိမ္ပဲ ေလ့က်င့္ထားတယ္လို႔ေတာင္ ေျပာလို႔ ရပါတယ္။ ဒါေပမယ့္ နယူးကာဆယ္နဲ႔ပြဲမွာ ပါဝင္သြားတာက က်ေန္ာတို႔အတြက္ အခြင့္အေရးကို ေပးပါတယ္။ အဓိကအားျဖင့္ သူ ဖန္တီးမႈေတြ လုပ္ႏုိင္ခဲ့ျပီး အဲ့တာကပဲ သူ႔ရဲ႕ အေကာင္းဆံုး စြမ္းရည္ျဖစ္ပါတယ္။

က်ေန္ာတို႔ ၾကည့္ရမွာပါ။ ေဆာက္သမ္တန္ပြဲမွာ သူပါဝင္ဖို႔ အခြင့္အေရးရွိပါတယ္။ အရင္ပြဲမွာ မိနစ္ ၂၀ ကစားခဲ့တာဆိုေတာ့ အခြင့္အေရး ရွိပါတယ္။ ဒါေပမယ့္ ပြဲေန႔ မတိုင္ခင္ေတာ့ သူ႔ရဲ႕ တုန္႔ျပန္မႈကို သိဦးမွာ မဟုတ္ပါဘူး။ သူကစားႏုိင္မလား၊ မကစားႏုိင္ဘူးလား မသိေသးဘူး။ သူ႔ၾကြက္သား အေျခအေနေတြကို မသိေသးဘူး။ သူကေတာ့ ပြဲကစားခြင့္ရတာကို ေပ်ာ္ေနပါတယ္။

သီယာဂိုအေၾကာင္း ေျပာရတာ ျပႆနာ မဟုတ္ပါဘူး။ ဒါေပမယ့္ အျခား အသင္းေဖာ္ေတြကလည္း သူတို႔အလုပ္ကို အေကာင္းဆံုး လုပ္ေနတာ ျဖစ္ပါတယ္။ သီယာဂို မပါဳင္ ေနာက္ပြဲမွာ က်ေန္ာတို႔ မရွင္သန္ႏုိင္မယ့္ အေျခအေနလည္း မဟုတ္ပါဘူး။ ဒါေပမယ့္ ၾကံ႕ခိုင္မႈေကာင္းေနတဲ့ သူပါလာမွာမ်ိဳးက ေကာင္းပါတယ္။ က်ေနာ္ သေဘာက်ပါတယ္ ” လို႔ ေျဖဆိုေပးခဲ့ပါတယ္။