ယူကရိန်းကလပ် ရှက်တာအသင်းမှ အသက် ၂၀ အရွယ် ဘရာဇီးကြယ်ပွင့် Tete က အနာဂတ်မှာ သူ အသင်းပြောင်းတဲ့အခါ ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ လီဗာပူး၊ ယူနိုက်တက်နဲ့ လာလီဂါကလပ် ဘာစီလိုနာလို အသင်းတွေမှာ ကစားလိုတယ်လို့ ထုတ်ပြောလာပါတယ်။

ရီးရဲလ်မက်ဒရစ်ကို အနိုင်ရခဲ့စဉ် ရှက်တာဒိုးနက်အတွက် သွင်းဂိုး ရယူပေးခဲ့တဲ့ ကွင်းလယ်လူဟာ ယူကရိန်းကလပ်နဲ့ စာချုပ်ရှိနေဆဲပါ။ သူက အနာဂတ်မှာ အသင်းပြောင်းတဲ့အခါ အင်္ဂလန်ကို ပြောင်းဖို့ကို ပိုမို ဦးစားပေး ရွေးချယ်လိုနေပါတယ်။

Tete က ” လီဗာပူး၊ ယူနိုက်တက်တို့အတွက် ကစားပေးရဖို့ ကျနော် အိပ်မက်မက်ထားပါတယ်။ ဒါပေမယ့် ရှက်တာအတွက်ပဲ အာရုံစိုက်နေတယ်။ စာချုပ်မှာ နှစ်အနည်းငယ်လည်း ကျန်နေပါသေးတယ်။ အသင်းအတွက် အစွမ်းကုန် ကြိုးစားပေးသွားဦးမှာ ဖြစ်ပါတယ် ” ဆိုပြီး ဘရာဇီး သတင်းဌာနကို ပြောပါတယ်။

ဘရာဇီးကလပ် ဂရီမီရိုအသင်းရဲ့ ကွင်းလယ်လူဟောင်းကတော့ ရှက်တာမှာ သူ့ရဲ့ တိုးတက်လာမှုကို လက်ရွေးစင်ဘက်က မြင်ဖို့လည်း မျှော်လင့်နေတယ်။ သူအကောင်းဆုံး လုပ်နေတာက လက်ရွေးစင်မှာ နေရာရဖို့နဲ့ အနာဂတ်မှာ အင်္ဂလန်လိဂ်ကို ပြောင်းခွင့်အတွက် ခြေလှမ်းတွေ ဖြစ်လာစေဖို့လည်း ဦးတည်ချက်တွေ ရှိထားပါတယ်။

ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ လီဗာပူးနဲ့ ယူနိုက်တက် အသင်းတွေမှာ ကစားရဖို့ ရည်ရွယ်တာက နှစ်သင်း ပရိသတ်တွေအတွက် ထူးခြားတဲ့ ကိစ္စ ဖြစ်နိုင်ပေမယ့် သူကတော့ မန်နေဂျာကောင်းတွေနဲ့ ဆုဖလားတွေကို အောင်မြင်မှု ရယူနိုင်မယ့် အသင်းကောင်းတွေဖြစ်လို့ ပြောင်းလိုတာလို့ ပြောပါတယ်။

Tete က ” ဥရောပမှာ ကျနော် ပြောင်းကစားလိုတဲ့ ကလပ် ၃ သင်းရှိပါတယ်။ လီဗာပူး၊ ဘာစီလိုနာနဲ့ ယူနိုက်တက်တို့ ဖြစ်ပါတယ်။ ထူးချွန်တဲ့ မန်နေဂျာတွေနဲ့ အင်အားတောင့်တင်းတဲ့ ကလပ်တွေဖြစ်ပြီး ဆုဖလားတွေလည်း အများကြီး ယူထားကြတယ်။

ကစားသမား အနေနဲ့ ဆုဖလားတွေကို အနိုင်ရဖို့ အိပ်မက် ရှိထားပါတယ်။ ဒီကလပ်တွေက ဆုဖလား အောင်မြင်ဖို့အတွက် ရွေးချယ်စရာတွေဖြစ်တယ်။ လီဗာပူးနဲ့ ယူနိုက်တက်က ပြိုင်ဘက်တွေဆိုတာ ကျနော် သိပါတယ်။ ဒါပေမယ့် ဒီအခြေအနေမှာ တစ်သင်းကို ရွေးရမယ်ဆိုရင် ကျနော် အမြင်ရှိရှိနဲ့ ရွေးမှာပါ။

ပရီးမီးယားလိဂ်က သိပ်ကောင်းတဲ့ ပြိုင်ပွဲဖြစ်ပါတယ်။ သူတို့ သိပ်ကောင်းတဲ့ အရှိန်တွေနဲ့ ကစားကြပြီး မန်နေဂျာကောင်းတွေနဲ့ အသင်းကောင်းတွေလည်း အများကြီး ရှိပါတယ်။ ဖန်တီးမှုတွေလည်း ပိုလုပ်ကြသလို အဲ့တာက ဥရောပရဲ့ အကြီးကျယ်ဆုံး လိဂ်တွေနဲ့ ခြားနားမှုပါပဲ။ ” လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

ZAWGYI

ယူကရိန္းကလပ္ ရွက္တာအသင္းမွ အသက္ ၂၀ အရြယ္ ဘရာဇီးၾကယ္ပြင့္ Tete က အနာဂတ္မွာ သူ အသင္းေျပာင္းတဲ့အခါ ပရီးမီးယားလိဂ္ကလပ္ေတြျဖစ္တဲ့ လီဗာပူး၊ ယူႏုိက္တက္နဲ႔ လာလီဂါကလပ္ ဘာစီလိုနာလို အသင္းေတြမွာ ကစားလိုတယ္လို႔ ထုတ္ေျပာလာပါတယ္။

ရီးရဲလ္မက္ဒရစ္ကို အႏုိင္ရခဲ့စဥ္ ရွက္တာဒိုးနက္အတြက္ သြင္းဂိုး ရယူေပးခဲ့တဲ့ ကြင္းလယ္လူဟာ ယူကရိန္းကလပ္နဲ႔ စာခ်ဳပ္ရွိေနဆဲပါ။ သူက အနာဂတ္မွာ အသင္းေျပာင္းတဲ့အခါ အဂၤလန္ကို ေျပာင္းဖို႔ကို ပိုမို ဦးစားေပး ေရြးခ်ယ္လိုေနပါတယ္။

Tete က ” လီဗာပူး၊ ယူႏုိက္တက္တို႔အတြက္ ကစားေပးရဖို႔ က်ေနာ္ အိပ္မက္မက္ထားပါတယ္။ ဒါေပမယ့္ ရွက္တာအတြက္ပဲ အာရံုစိုက္ေနတယ္။ စာခ်ဳပ္မွာ ႏွစ္အနည္းငယ္လည္း က်န္ေနပါေသးတယ္။ အသင္းအတြက္ အစြမ္းကုန္ ၾကိဳးစားေပးသြားဦးမွာ ျဖစ္ပါတယ္ ” ဆိုျပီး ဘရာဇီး သတင္းဌာနကို ေျပာပါတယ္။

ဘရာဇီးကလပ္ ဂရီမီရိုအသင္းရဲ႕ ကြင္းလယ္လူေဟာင္းကေတာ့ ရွက္တာမွာ သူ႔ရဲ႕ တိုးတက္လာမႈကို လက္ေရြးစင္ဘက္က ျမင္ဖို႔လည္း ေမွ်ာ္လင့္ေနတယ္။ သူအေကာင္းဆံုး လုပ္ေနတာက လက္ေရြးစင္မွာ ေနရာရဖို႔နဲ႔ အနာဂတ္မွာ အဂၤလန္လိဂ္ကို ေျပာင္းခြင့္အတြက္ ေျခလွမ္းေတြ ျဖစ္လာေစဖို႔လည္း ဦးတည္ခ်က္ေတြ ရွိထားပါတယ္။

ျပိဳင္ဆုိင္မႈ ျပင္းထန္တဲ့ လီဗာပူးနဲ႔ ယူႏုိက္တက္ အသင္းေတြမွာ ကစားရဖို႔ ရည္ရြယ္တာက ႏွစ္သင္း ပရိသတ္ေတြအတြက္ ထူးျခားတဲ့ ကိစၥ ျဖစ္ႏုိင္ေပမယ့္ သူကေတာ့ မန္ေနဂ်ာေကာင္းေတြနဲ႔ ဆုဖလားေတြကို ေအာင္ျမင္မႈ ရယူႏုိင္မယ့္ အသင္းေကာင္းေတြျဖစ္လို႔ ေျပာင္းလိုတာလို႔ ေျပာပါတယ္။

Tete က ” ဥေရာပမွာ က်ေနာ္ ေျပာင္းကစားလိုတဲ့ ကလပ္ ၃ သင္းရွိပါတယ္။ လီဗာပူး၊ ဘာစီလိုနာနဲ႔ ယူႏုိက္တက္တို႔ ျဖစ္ပါတယ္။ ထူးခၽြန္တဲ့ မန္ေနဂ်ာေတြနဲ႔ အင္အားေတာင့္တင္းတဲ့ ကလပ္ေတြျဖစ္ျပီး ဆုဖလားေတြလည္း အမ်ားၾကီး ယူထားၾကတယ္။

ကစားသမား အေနနဲ႔ ဆုဖလားေတြကို အႏုိင္ရဖို႔ အိပ္မက္ ရွိထားပါတယ္။ ဒီကလပ္ေတြက ဆုဖလား ေအာင္ျမင္ဖို႔အတြက္ ေရြးခ်ယ္စရာေတြျဖစ္တယ္။ လီဗာပူးနဲ႔ ယူႏုိက္တက္က ျပိဳင္ဘက္ေတြဆိုတာ က်ေနာ္ သိပါတယ္။ ဒါေပမယ့္ ဒီအေျခအေနမွာ တစ္သင္းကို ေရြးရမယ္ဆိုရင္ က်ေနာ္ အျမင္ရွိရွိနဲ႔ ေရြးမွာပါ။

ပရီးမီးယားလိဂ္က သိပ္ေကာင္းတဲ့ ျပိဳင္ပြဲျဖစ္ပါတယ္။ သူတို႔ သိပ္ေကာင္းတဲ့ အရွိန္ေတြနဲ႔ ကစားၾကျပီး မန္ေနဂ်ာေကာင္းေတြနဲ႔ အသင္းေကာင္းေတြလည္း အမ်ားၾကီး ရွိပါတယ္။ ဖန္တီးမႈေတြလည္း ပိုလုပ္ၾကသလို အဲ့တာက ဥေရာပရဲ႕ အၾကီးက်ယ္ဆံုး လိဂ္ေတြနဲ႔ ျခားနားမႈပါပဲ။ ” လို႔ မွတ္ခ်က္ေပးသြားခဲ့ပါတယ္။